၂၀၁၇ မော်တော်ယာဉ် တင်သွင်းခွင့် စည်းကြပ်တန်ဖိုး ထုတ်ပြန်
၂၀၁၇ မော်တော်ယာဉ် တင်သွင်းခွင့်အတွက် လိုအပ် သည့် စည်းကြပ်တန်ဖိုး (AV Value) ကို ဖေဖော်ဝါရီ ၁ ရက်က ထုတ်ပြန်ရာ လူကြိုက်များသည့် ကားအမျိုးအစားအများစု ဈေး တက်လာနိုင်ကြောင်း သတင်းရရှိ သည်။
နှစ်စဉ် ဆိပ်ကမ်းရောက် တန်ဖိုး (CIF) ကိုသာ ထုတ်ပြန် လေ့ရှိရာ ၂၀၁၆ က စတင်၍စည်းကြပ်တန်ဖိုး (AV Value) ကို ပြောင်းလဲထုတ်ပြန်ခဲ့သည်။
ယခု ထုတ်ပြန်သည့် AV Value တွင် ၂၀၁၅ မော်ဒယ် ၁,၃၀၀ စီစီ အင်ဂျင်ပါဝါကားများ တင်သွင်းရမည့် စုစုပေါင်း ကုန် ကျစရိတ်သည် အမေရိကန်ဒေါ် လာ ၅,၀၀၀ ကျော် သတ်မှတ်၍ ဈေးအနည်းငယ်တက်နိုင်ကြောင်း မော်တော်ယာဉ်တင်သွင်းရောင်း ချသူများက ပြောကြားသည်။
ဈေးအလယ် အလတ်တန်း စားကားများဖြစ်သည့် Crown, Mark II, Fielder Premio ကဲ့သို့ ကားများမှာ ထုတ်ပြန်သည့် AV Value တန်ဖိုးများအရ ကျပ်သိန်း ၂၀ မှ သိန်း ၃၀ ခန့်အထိ ဈေး တက်နိုင်ကြောင်း MMM ကားအ ရောင်းစင်တာ မန်နေဂျင်းဒါရိုက် တာ ကိုမင်းမင်းမောင်က ပြော သည်။ ယခု ရေးဆွဲထုတ်ပြန်သည့် AV Value တန်ဖိုးသည် Brand New ကားများ၏ အခြေခံစံနှုန်းကို သတ်မှတ် တွက်ချက်ထား ကြောင်း မော်တော်ယာဉ် တင် သွင်းရောင်းချသူများက သုံးသပ် သည်။
၂၀၁၇ တွင် တစ်ဦးချင်းမော် တော်ယာဉ် တင်သွင်းခွင့်နှင့် စလစ်ကပ် မော်တော်ယာဉ် တင် သွင်းခွင့်နှစ်ခုစလုံးတွင် ၂၀၁၀ နှင့် အထက် မော်ဒယ်များသာတင် သွင်းရမည်ဆိုသော သတ်မှတ် ချက်ကြောင့် စည်းကြပ်တန်ဖိုးများ မြင့်တက်လာခြင်းဖြစ်သည်။
‘‘လင့်ခရူဇာတို့၊ Crown တို့ လို ကားမျိုးဆိုရင်တော့ ဈေးမကျ နိုင်ဘူး။ အခုထုတ်တဲ့ AV Value က နှုန်းထားတွေက မြှင့်ထား တယ်’’ဟု ကိုမင်းမင်းမောင်က ပြောသည်။
၂၀၁၇ တွင် တင်သွင်းရမည့် AV Value သည် ထုတ်ပြန်ချိန် နောက်ကျသဖြင့် မော်တော်ယာဉ် တင်သွင်းရောင်းချသူများ မည် သည့်ကားအမျိုးအစား တင်သွင်း ရန် ခန့်မှန်းတွက်ချက်ရမည့် အ ချိန်နောက်ကျနေပြီဟုဆိုသည်။
မူဝါဒသစ်အရ ၂၀၁၇ အ တွက် ဖရီးပါမစ်ဖြင့် တင်သွင်း မည့် မော်တော်ယာဉ်များအားလုံး ဘယ်မောင်းတစ်မျိုးတည်းသာ တင်သွင်းခွင့်ပြုမည်ဖြစ်ပြီး ဇန်န ၀ါရီ ၁ ရက်က စတင်သွင်းမည့် ယာဉ်များမှ လူစီးယာဉ်၊ ခရီးသည် တင်ယာဉ်နှင့် ကုန်တင်ယာဉ်များ ကို ၂၀၁၅ မှ ၂၀၁၇ မော်ဒယ်အ တွင်း တင်သွင်းလျှင် ဘယ်မောင်း တစ်မျိုးတည်းသာ ခွင့်ပြုနေပြီဖြစ် သည်။ယာဉ်အိုယာဉ်ဟောင်း အ စားထိုးစီမံချက်အရ တင်သွင်းခွင့် ပြုမည့် မော်ဒယ်များသည် လူစီးယာဉ်များအတွက် ၂၀၁၁ မှ ၂၀၁၄ အတွင်း၊ ၁၃၅၀ စီစီ အောက် လူစီးယာဉ်များအတွက် ၂၀၁၁ မှ ၂၀၁၇ အတွင်း တင် သွင်းရမည်ဟု သတ်မှတ်ထား သည်။
Sources : 7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment