Latest News

Friday, February 17, 2017

ရုပ်ရှင်သရုပ်ဆောင် နောင်နောင်ကို မူးယစ်ဆေးများဖြင့် ဖမ်းမိ

ရုပ်ရှင်သရုပ်ဆောင် နောင်နောင်ကို မူးယစ်ဆေးများဖြင့် ဖမ်းမိ

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဆုရ မင်းသား နောင်နောင် ကို စိတ်ကြွမူးယစ်ဆေးဝါးတွေနဲ့အတူ မူးယစ်ရဲက ဖမ်းမိလို့ မန္တလေးမြို့၊ အမှတ် ၆ နယ်မြေရဲစခန်းမှာ အမှုဖွင့် အရေးယူလိုက်ပါတယ်။

ဒီနေ့မနက် ၁0 နာရီခွဲလောက်မှာ မူးယစ်တပ်ဖွဲ့က ဖမ်းမိတာဖြစ်ပြီး အမှတ် ၆ စခန်းမှာ အမှုဖွင့်ဖို့ လုပ်နေတယ်လို့ အမှတ်၆ နယ်မြေရဲစခန်းမှူးက ဖုန်းကတဆင့် ပြောပါတယ်။

“လောလောဆယ် ကျနော်တို့ စခန်းကို ရောက်တော့ ရောက်နေတယ်၊ အမှု မဖွင့်ရသေးဘူး၊ ဖွင့်ဖို့ အဆင်သင့် ပြင်နေပါတယ်၊ မူးယစ် မိတာ။”

နောင်နောင် ခေါ် ဇော်မျိုးနောင် ရဲ့ အိပ်ခန်းခြေရင်းရှိ အစိမ်းရောင်သံသေတ္တာအတွင်းကနေ အိုက်စ် ၀.၈ ဂရမ်ခန့်ပါ ၁ ဘူး၊ ပန်းရောင်စိတ်ကြွဆေးပြား ၁၄၀၊ ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူဝါရောင်အမှုန့် ၂ဂ ရမ်ပါ ၁ ဘူး တို့နဲ့အတူ ဖမ်းမိတာ ဖြစ်ပါတယ်။

16806814_1101640463297536_6470661858971260027_nနောင်နောင်ဟာ မန္တလေးက ရုပ်ရှင်ထုတ်လုပ်သူ ဦးဇော်မြင့်ရဲ့ သားဖြစ်ပြီး သူ ပထမဆုံးရိုက်တဲ့ ဇာတ်ကား ထာဝရအလင်းတန်းနဲ့ အကယ်ဒမီ ဆွတ်ခူးထားသူ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment