Latest News

Tuesday, February 21, 2017

ဦးကိုနီကို သတ်သောတရားခံတွေ အမြန်ဖမ်းပေးပါ

ဦးကိုနီကို သတ်သောတရားခံတွေ အမြန်ဖမ်းပေးပါ


ကျပ်သိန်းငါးဆယ်မျှဖြင့် ၀ယ်ယူထားသော သေနတ်နှစ်လက်ဆောင်ကာ လေဆိပ်လိုနေရာမျိုး တွင် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးကို အနီးကပ်ပစ် သတ်ခြင်းသည် ပြည်သူများ၏ စိတ်လုံခြုံမှုကိုပါ ခြိမ်းခြောက်လိုက်ခြင်း လည်းဖြစ်သည်။

နိုင်ငံ၏ မျက်နှာစာဖြစ်သော အပြည်ပြည်ဆိုင်ရာ လေဆိပ်ကဲ့ သို့ နေရာမျိုးတွင် အကြမ်းဖက်မှု ကို ပြောင်ပြောင်တင်းတင်းကျူး လွန်ခဲ့ခြင်းက ပြည်သူများအတွက် စိတ်မလုံခြုံမှုကို ပေးခဲ့သည်။ သို့ အတွက် ပြည်သူများ၏ တူညီသောတောင်းဆိုမှုမှာ ကွင်းဆက်တရား ခံများ ဖမ်းမိရေးနှင့် အမှုမှန်ပေါ် ပေါက်ရေးသာဖြစ်သည်။

ပြည်သူများ စိတ်ဝင်စားမှု အမြင့်ဆုံးဖြစ်နေသည့် ဇန်န၀ါရီ ၂၉ ရက်တွင် ဖြစ်ပွားသော ဦးကိုနီလုပ်ကြံခံရမှုကို နိုင်ငံတော်သမ္မတ ရုံးက ၂၂ ရက်အတွင်း သုံးကြိမ် သာ သတင်းထုတ်ပြန်နိုင်ခဲ့သည်။

ဇန်န၀ါရီ ၃၀ ရက်တွင် ပထ မဆုံးအကြိမ်၊ ဖေဖော်ဝါရီ ၃ ရက် တွင် ဒုတိယအကြိမ်နှင့် ဖေဖော်ဝါ ရီ ၁၅ ရက်တွင် တတိယအကြိမ် တို့ဖြစ်သည်။ ပြည်သူများအား မေတ္တာရပ်ခံခဲ့သည့်တိုင် နောက် ကျသော သတင်းထုတ်ပြန်မှုများ သည် အမှုအပေါ် ပြည်သူများ၏ အချိန်နှင့် တစ်ပြေးညီပူးပေါင်းကူ ညီနိုင်မှုကို ချည့်နဲ့စေခဲ့သည်။

အမှုနှင့်ပတ်သက်၍ သတင်းအချက်အလက်များ သိရှိပါက အ သိပေးဆက်သွယ်ကြပါရန် တိုင်း ဒေသကြီးနှင့် ပြည်နယ်များမှ ရဲ တပ်ဖွဲ့ဝင်များ၏ ဖုန်းနံပါတ်များ နှင့်တကွ ပြည်သူများထံ မေတ္တာ ရပ်ခံထားသည်။ သို့သော်အမှု ဖြစ်ပြီး ၁၂ နာရီအတွင်း ဖမ်းမိ သည်ဆိုသော အောင်ဝင်းဇော် အကြောင်းကို ဖေဖော်ဝါရီ ၃ ရက် သမ္မတရုံး၏ ဒုတိယအကြိမ် ထုတ် ပြန်ချိန်မှပါဝင်လာသည်။

သို့သော်ကြည်လင်း၏ အမှု တွဲ အောင်ဝင်းဇော်ကို သမ္မတရုံး ထက်ဦးစွာ ဖော်ပြသည်မှာ မီဒီယာများသာဖြစ်သည်။ လုပ်ကြံမှုတစ်ခု ကျူးလွန်ရန် ၎င်းအား ကမ်းလှမ်းခဲ့ ဖူးပြီး ယခုလုပ်ကြံမှုသည် အောင် ၀င်းဇော်နှင့် ပတ်သက်နိုင်ကြောင်း အကျဉ်းသားဟောင်း ကိုအောင် စိုးက Myanmar Now သတင်း ဌာနအား ဖော်ထုတ်ပြောကြားမှု ကို ဖေဖော်ဝါရီ ၁ ရက်တွင် သ တင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

တတိယအကြိမ် သတင်း ထုတ်ပြန်မှုအဖြစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် ထုတ်ပြန်ရာ အမှု၏ ကွင်းဆက် တရားခံဖြစ်သော ကျပ် သိန်းတစ်ထောင်ပေးပြီး ဦးကိုနီအား လုပ်ကြံစေခဲ့သူသည် ၂၀၁၄ တွင် တပ်မတော်မှ ဆန္ဒအ လျောက် နုတ်ထွက်ခဲ့သော ဒုတိယ ဗိုလ်မှူးကြီးဟောင်း အောင်ဝင်း ခိုင်ဖြစ်သည်ဟု ကြေညာလိုက်သည်။

အောင်ဝင်းဇော်ကို စစ်ဆေး ဖော်ထုတ်ချက်များအရနှင့် လေ ဆိပ်စီစီတီဗီ  မှတ်တမ်းများအရ အသက် (၄၅)နှစ်အရွယ် ၎င်း၏ ညီအရင်း အောင်ဝင်းခိုင်က လုပ်ကြံမှုမတိုင်မီ စနစ်တကျအကွက် ချစီစဉ်ခဲ့ကာ လုပ်ကြံခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။

သို့သော်ထွက်ပြေးနေသော အောင်ဝင်းခိုင်နှင့် ပတ်သက်၍ သတင်းအချက်အလက်များ သိရှိ ပါက အသိပေးဆက်သွယ်ကြပါ ရန် ပြည်သူများကိုလည်း မေတ္တာ ရပ်ခံထားသည်။

အောင်ဝင်းဇော်ကို ဖမ်းမိပြီး ၁၆ ရက်အကြာတွင်မှ အဓိက တရားခံသည် အောင်ဝင်းခိုင်ဖြစ် ပြီး ၎င်းကိုသိရှိလျှင် ဆက်သွယ် ကြရန် ထုတ်ပြန်မှုသည် ထွက်ပြေး လွတ်မြောက်ပြီးအချိန်လွန်မှ ပြည် သူထံ အကူအညီတောင်းခံခြင်း ပင်ဖြစ်သည်။

ထိုသို့မဟုတ်ဘဲ အောင်ဝင်း ခိုင်ကို အလိုရှိကြောင်း စောစီးစွာ ကြေညာခဲ့ပါက ပြည်သူများထံမှ တန်ဖိုးရှိသော သတင်းအချက်များ စွာ ရရှိနိုင်သောကြောင့်ပင်ဖြစ် သည်။ အစိုးရ၏ သတင်းထုတ် ပြန်မှုများမှာ နောက်ကျပြီးရင်းကျနေသည်။

‘‘အမှုက ကြာလာလေ နည်း နည်း သွေးအေးသွားလေဖြစ်မှာ ကို စကားကို ယဉ်ယဉ်ကျေးကျေး ပြောချင်တာက အမြန်ဆုံးအမှုကို မြန်မြန်ဖော်ထုတ်ပါ။ ပတ်သက် တဲ့ လူတွေအားလုံးကို ဥပဒေရှေ့ မှောက်မှာ ပြတ်ပြတ်သားသား ထင်ထင်ရှားရှားဖြစ်အောင် အရေးယူပေးပါ’’ဟု ဒီချုပ် နာယက ဦးတင်ဦးက ပြောကြားသည်။

လုပ်ကြံမှုနောက်ဆက်တွဲ သတင်းများ အမြဲစောင့်ကြည့်နေ ပြီး လက်ရှိတွင် ဆက်စပ်တရားခံ များ ဖမ်းဆီးရေး လျင်မြန်မှုမဖြစ် ခြင်းအပေါ် အားမရကြောင်း ဒီချုပ်နာယကက ပြောကြားသည်။

မည်သူကမည်သည့်အတွက် လုပ်ကြံရသည်ကို နစ်နာသူ မိသား စုနှင့် တိုင်းပြည်အပေါ် ရှင်းပြရန် တာဝန်ရှိကြောင်း ဆက်လက်ပြောကြားသည်။

  အစိုးရသတိပြုချက်မည့် အချက်မှာ ဦးကိုနီလုပ်ကြံမှုသည် သာမန်မှုခင်းမျိုးမဟုတ်ပါ။ လေး လောင်းပြိုင်လူသတ်မှု၊ ရန်ကုန်မြို့လယ်မှ ငွေလဲကောင်တာ ဓားပြ တိုက်မှုတို့ကဲ့သို့ ကြာသွားသည် နှင့် မေ့မေ့ပျောက်ပျောက်ဖြစ် သွားပြီး တရားခံမဖမ်းနိုင်သော အခြေအနေမျိုးရောက်၍ လုံးဝ မဖြစ်ကြောင်း သုံးသပ်ပြောကြား နေကြသည်။ ပြည်သူ့အစိုးရလက် ထက်၌ မြန်မာနိုင်ငံ၏ မျက်နှာစာ ဖြစ်သော နိုင်ငံတကာလေဆိပ် တွင် လူပုံအလယ်၌ အတင့်ရဲစွာ ဦးကိုနီကို လုပ်ကြံခဲ့ခြင်းဖြစ်သောကြောင့် တရားဥပဒေစိုးမိုးမှုအပေါ်ကမ္ဘာက မေးခွန်းထုတ်စရာဖြစ်ခဲ့ ပြီး အစိုးရနှင့် နိုင်ငံတော်အတွက် အထူးမျက်နှာပျက်စရာဖြစ်ရပ် ဖြစ်ပါသည်။ ဘာသာရေးနှင့် ပတ်သက်၍ အကဲဆတ်လှသော နိုင်ငံတွင် အစ္စလာမ်ဘာသာဝင် တရားလွှတ်တော်ရှေ့နေကို လုပ်ကြံခဲ့ခြင်းဖြစ်၍ ဘာသာအချင်းချင်း ကြား ချစ်ကြည်ရင်းနှီးမှု ပျက်ပြားပြီး ပဋိပက္ခဖြစ်အောင် လုပ်ကြံသူများက ရည်ရွယ်ခဲ့သည့်ပုံလည်း ပေါ်သည်။ ထို့အပြင် နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးအတွက် အထူးပင် တက်ကြွလှပြီး အာဏာရဒီချုပ်ပါတီ၏ ဥပဒေအကြံပေးကို လုပ်ကြံခဲ့ခြင်းဖြစ်၍ လက်ရှိအစိုးရအ တွက်ရော နိုင်ငံတော်အတွက်ပါ အထူးပင်ဆုံးရှုံးမှုကြီးဖြစ်ခဲ့သည်။ ထို့ကြောင့် အကောက်ကြံသူများ က ခဲတစ်လုံးတည်းဖြင့် ငှက်ဆယ် ကောင်လောက်ကိုပင် ပစ်ခဲ့သည့် လုပ်ကြံမှုမျိုးဟုဆိုရပေမည်။ သို့ သော် ပြည်သူများ၏ ပါးနပ်မှု ကြောင့် လုပ်ကြံမှုတို့၏ အကွက် ထဲသို့ မ၀င်ခဲ့ဘဲ ပြည်သူများအ ကြားပိုမို၍ပင် စည်းလုံးလာခဲ့ သည်။ ထိုကဲ့သို့ကြီးမားသော ပြစ် မှုကြီးကို ကျူးလွန်ခဲ့သူများအား ထိရောက်စွာ အရေးယူနိုင်ရေး အလားတူ အဖြစ်မျိုးထပ်မံမကြုံရ စေရန်   ပြစ်မှုကျူးလွန်သူများ၊ ဆက်စပ်တရားခံများအားလုံးကို အမြန်ဖော်ထုတ်ပြီး ထိထိရောက် ရောက် အရေးယူရန်နယ်ပယ်စုံက တိုက်တွန်းလျက်ရှိသည်။

ဦးကိုနီလုပ်ကြံခံရမှုအတွက် အမှန်တရားကို ဖော်ထုတ်ပေးရန် တောင်းဆိုနေခြင်းမှာ လုပ်ကြံ သတ်ဖြတ်ရခြင်း ရည်ရွယ်ချက်၊ လေဆိပ်ကဲ့သို့ လုံခြုံရေးအထပ် ထပ်ချထားသည့်နေရာကို ရွေးချယ် လုပ်ကြံမှုနှင့် တိုင်းပြည်ပုံရိပ်ကို ထိခိုက်ပျက်စီးစေသည့် လုပ်ရပ် ဖြစ်၍ တောင်းဆိုနေရခြင်းဖြစ် ကြောင်း ၈၈ မျိုးဆက်ခေါင်း ဆောင် ဦးမြအေးကပြောသည်။

‘‘ဒါတွေကို မရှင်းလင်းနိုင်ရင် တော့ နောက်ထပ်နောက်ထပ် ဦး ကိုနီလိုဖြစ်ရပ်မျိုးတွေ ပေါ်ပေါက် မလာနိုင်ဘူးလို့ ဘယ်သူမှ အာမခံ ပြောဆိုနိုင်မှာမဟုတ်ဘူး။ တိုင်း ပြည်ပျက်ကိန်းဆိုက်မှာကြောက် လို့ တိုင်းပြည်ချစ်စိတ်နဲ့ ပြောနေ တာဖြစ်တယ်။ တည့်တည့်ပြောရ ရင် တိုင်းပြည်ဖျက်တဲ့အထဲမှာ ကျုပ်တို့မပါဘူး။ ကောက်ရိုးမီး မဟုတ်သလို အအေးမိနှာစေးနေ မှာ မဟုတ်ဘူး’’ဟု ဦးမြအေးက ၎င်း၏ ကွန်မှုကွန်ရက်စာမျက်နှာ တွင်ရေးသားသည်။

ထို့အပြင် လက်ရှိဖမ်းဆီး ထားသော တရားခံသုံးဦးအနက် နှစ်ဦးသည် တပ်မတော်အရာရှိ ဟောင်းများဖြစ်၍ တပ်မတော်အ ပေါ် အများပြည်သူအထင်အမြင် လွဲမှားမှုများပပျောက်အောင် လုပ် ဆောင်ရန် အထူးလိုအပ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရော ဘတ်စန်းအောင်က အကြံပြုပြော ကြားသည်။

  ‘‘တဖြည်းဖြည်းသွေးအေး သွားပြီးနောက်ဆုံး ကွင်းဆက်အ ကုန်လုံးကို  မဖော်ထုတ်နိုင်ဘဲနဲ့ ရသလောက်လေးနဲ့ အမှုစွဲတင် သွားမှာကို ကျွန်တော်တို့က စိုးရိမ် တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါ က တပ်မတော်အဆင့်မြင့်အရာရှိ တစ်ဦးပါဝင်တဲ့ ကိစ္စဆိုတော့ အ ထူးသတိပြုပြီး လုပ်ရလိမ့်မယ်။ မဟုတ်လို့ရှိရင် တပ်မတော်ရဲ့ သိက္ခာကိုလည်း ထိခိုက်စေတယ်’’ ဟု၎င်းကပြောသည်။

ရွှေဝါရောင်လှုပ်ရှားမှု ဦး ဆောင်ဆရာတော် ဦးအဂ္ဂရာဇာ ကလည်း အမှုနှင့်ပတ်သက်၍ အ ရေးယူဆောင်ရွက်မှုသည် နှေးကွေး နေကြောင်း၊ အမှန်တရားကိုလို လျင်လျင်မြန်မြန် ဖော်ထုတ်ပေးမှ အကြမ်းဖက်မှုကို လိုလားသူများ ကြောက်ရွံ့မည်ဖြစ်ပြီးစစ်ဆေးမှု နှေးကွေးခြင်းက အကြမ်းဖက်မှုကို အားပေးအားမြှောက်လုပ်သည့်ပုံ စံဖြစ်ကြောင်းမိန့်ကြားသည်။

‘‘သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတွေရဲ့ လိုအပ်ချက် လို့ပြောရမှာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ အခုဟာက အချိန်နဲ့တစ် ပြေးညီ လုပ်ဆောင်ရမယ့်ဟာဖြစ် တယ်။ နိုင်ငံတကာလေဆိပ်ကြီး မှာ လူအများမြင်ကွင်းမှာ လုပ်ကြံ ခံရတာဖြစ်တယ်။ သိပ်အရေး ကြီးတဲ့အရာ၊ ပြည်သူတွေကို ကြောက်လန့်စေအောင် ခြောက် လှန့်စေမှုဖြစ်စေတယ်။ ဦးပဉ္စင်းတို့ ဘုရားသားတော်တွေအနေနဲ့ ဒီ အခုလုပ်ရပ် အကြမ်းဖက်မှုကို လုံး ၀ရှုတ်ချပါတယ်’’ဟု ရွှေဝါရောင် လှုပ်ရှားမှု ဦးဆောင်ဆရာတော် ဦးအဂ္ဂရာဇာက မိန့်ကြားသည်။

အမှုမှန်မပေါ်သေးအချိန်တွင် မှတ်ချက်ကြီးကြီးမားမား မပေးလို သေးကြောင်း၊ နိုင်ငံတော်ဘက်မှ စိစစ်စုံစမ်းသူများထံတွင်လည်းအ ခက်အခဲရှိနိုင်ကြောင်း ဦးမြအေး ကပြောသည်။

 ‘‘ဦးကိုနီကိုလုပ်ကြံတဲ့ သူ ပျောက်ပျက်သွားမှုကိုတော့ ကျွန်တော်တို့လည်း စိုးရိမ်စိတ်ရှိပါတယ်’’ဟု ၎င်း၏ ပူပန်သောကကိုပြောသည်။

 သေနတ်သမားကြည်လင်း ကို ဖမ်းမိပြီးနောက် အောင်ဝင်း ဇော်ကို ဖော်ထုတ်နိုင်ကာ အောင် ၀င်းခိုင် ထပ်ပေါ်လာသည်။ အောင်ဝင်းခိုင်၌ပင် ဂိတ်ဆုံးမလား သို့မဟုတ် ၎င်း၏နောက်ကွယ်တွင် ဘယ်သူတွေ ထပ်ရှိနေဦးမလဲဆို သည်ကို ပြည်သူများက စိတ်ဝင် စားလျက်ရှိသည်။

  ပြည်သူများအထူးစိတ်ဝင် စားလျက်ရှိသော ဦးကိုနီသတင်း  ကို မျက်နှာဖုံးတွင်မဖော်ပြဘဲနိုင်ငံ တော်၏ အတိုင်ပင်ခုံပုဂ္ဂိုလ် ချယ်ရီပင်စိုက်ပျိုးသည့်သတင်းကို ဖော်ပြခဲ့ခြင်းကို ရခိုင်အမျိုးသား ပါတီအမတ်ဦးဖေသန်းက လွှတ် တော်အတွင်း၌ပင် လူသိရှင်ကြား ဝေဖန်ခဲ့သည်။

မျက်စိရှေ့တွင်ဖခင်ဖြစ်သူ သေနတ်ပစ်ခံရပြီး သေဆုံးခဲ့မှု အတွက် သမီးဖြစ်သူ၏ တောင်းဆို မှုမှာ အမှုမှန်ပေါ်ပေါက်ရေးသာ ဖြစ်ပါသည်။

‘‘ဒါက သာမန်ပြဿနာမ ဟုတ်ဘူးဗျ။ လေဆိပ်လိုနေရာမှာ လုပ်တယ်ဆိုတာ အစိုးရအဖွဲ့ကို အရှက်ခွဲတာ။ တပ်မတော်ပိုင်း ဆိုင်ရာ ထောက်လှမ်းရေးတွေ ရယ်၊ ရဲတပ်ဖွဲ့ပိုင်းဆိုင်ရာထောက် လှမ်းရေးတွေရယ်၊ ပြည်ထဲရေး ၀န်ကြီးဌာနရယ်။ ကာကွယ်ရေး ၀န်ကြီးဌာနရယ် ဂုဏ်သိက္ခာပါ ကျအောင် လုပ်တာ။ တရားခံတွေ အမြန်ဖမ်းမိမှဖြစ်မယ်’’ဟု ဦးရော ဘတ်စန်းအောင်ကပြောသည်။



7Day News Journal

No comments:

Post a Comment