Latest News

Monday, February 13, 2017

ငရုတ်ကောင်းဒေသ အနောက်ဘက်ကမ်းခြေ၌ ယခုနှစ်တွင် မျှင်ငါးပိ အထွက်များသော်လည်း ဈေးနှုန်းထက်ဝက်ခန့် လျော့ကျသောကြောင့် ဒေသခံများအခက်ကြုံ

ငရုတ်ကောင်းဒေသ အနောက်ဘက်ကမ်းခြေ၌ ယခုနှစ်တွင် မျှင်ငါးပိ အထွက်များသော်လည်း ဈေးနှုန်းထက်ဝက်ခန့် လျော့ကျသောကြောင့် ဒေသခံများအခက်ကြုံ



ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်းဒေသ အနောက်ဘက်ကမ်းခြေဒေသတွင် ယခုနှစ်တွင် မျှင်ရရှိမှုများ ပြားသဖြင့် မျှင်ငါးပိအတွက် များသော်လည်း ဈေးနှုန်းများ ထက်ဝက်ခန့် လျော့နည်းနေ သောကြောင့် အခက်ကြုံနေရကြောင်း ဒေသခံ လုပ်ငန်းရှင်များထံမှ သိရသည်။

ယခင်နှစ်တွင် အနောက်မျှင်ငါးပိ ဈေးနှုန်းမှာ မျှင်ငါးပိအချော တစ်ပိဿာလျှင် ကျပ် ၁၀၀၀၀ ရှိခဲ့ပြီး ယခုနှစ်တွင် ကျပ် ၅၀၀၀ ခန့်သာရရှိပြီး မျှင်ငါးပိ အကြမ်းဈေးမှာ ကျပ် ၂၅၀၀ ဖြစ်ကြောင်း၊ လက်ရှိတွင် မျှင်ရရှိမှု ရပ်တန်သည့်မှာ နှစ်လခန့်ကြာပြီး ၀ယ်ယူသူ ရှားပါးမှုကြောင့် လုပ်ငန်းရှင်များ အနေဖြင့် လုပ်ငန်းအခြေအနေ စောင့်ကြည့်နေရကြောင်း သိရသည်။

“အရင်နှစ်တွေက မျှင်ကောင်ရေ သိပ်ဖမ်းမရတဲ့အတွက် မျှင်ငါးပိရှားပါးပြီး ဈေးကောင်းရခဲ့တယ်။ ဒီနှစ်က မျှင်များများ ပြန်မိတယ်။ ဒီဒေသက မျှင်ငါးပိကို ရခိုင်ကမ်းရိုးတန်းဘက်က ပိုပြီးစားသုံးတာ ဖြစ်တဲ့အတွက် ဒီနှစ်က အဲဒီဘက်တွေမှာလည်း သူ့ဒေသနဲ့သူ မျှင်ပေးနေတော့ အ၀ယ်မရှိသေးဘဲ လုပ်ငန်းတွေ အေးနေတယ်” ဟု  ဒေသခံတစ်ဦးဖြစ်သူ ဦးဝင်းစိုးက ပြောကြားသည်။

ယခင် နှစ်နှစ်၊ သုံးနှစ်ခန့်က မျှင်များ ဖမ်းဆီးရှိမှု နည်းပါးခဲ့သော်လည်း ယခုနှစ်တွင် မျှင်များဖမ်းဆီးရရှိမှု များပြားပြီး ဒေသအခေါ် (မျှင်ပါး) ခဲ့ကြောင်း၊ အိမ်တွင်းဝမ်းစာအတွက် ဖမ်းမိခဲ့သော မျှင်များအား ဆားဖြင့်ထောင်းပြီး တစ်နေလှန်း နောက်တစ်ကြိမ် ထပ်မံထောင်းကာ နေလှန်းခြင်း သုံးကြိမ်၊ လေးကြိမ် နေလှန်းပြီထောင်းကာ မျှင်ငါးပိအချော အိုးသိပ်အနေအထားသို့ ရောက်ကြောင်း၊ လုပ်ငန်းရှင်များက ၎င်းအဆင့်ဆင့်အား စက်ဖြင့်ကြိတ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ  အနောက်ဘက်ကမ်းခြေ ငရုတ်ကောင်းဒေသမှ ထွက်ရှိသော မျှင်ငါးပိမှာ ပင်ကိုအရောင် ပင်အနီရောင်သမ်းလျက်ရှိပြီး ဒေသခံများနှင့် ရခိုင်ကမ်းရိုးတန်းမှ စားသုံကြောင်း၊ ရှေ့ဘက် ကမ်းခြေမကျည်းချိုင်၊ အဆင်းချိုင်တို့မှထွက်ရှိသော မျှင်ငါးပိများအား ဒေသခံများ၊ ပုသိမ်မြို့နှင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း သိရသည်။


Writer:
နီလာစိုး (ပုသိမ်)

=============

Eleven Media Group

No comments:

Post a Comment