ကိုယ့်ဘာသာရပ်တည်နိုင်တဲ့သူ
Photo - MBA - University of Thai Chamber of Commerce.
A strong man stands up for himself,
a stronger man stands up for others.
သန်မာတဲ့သူဟာ ကိုယ့်ဘာသာရပ်တည်နိုင်စွမ်းရှိသလို
သန်မာတဲ့သူဟာ သူတစ်ပါးအတွက်လည်း
ရပ်တည်နိုင်စွမ်းကို ပိုင်ဆိုင်ပါတယ်။
သင်ကတော့သန်မာတဲ့သူပါပဲ။ ဒါပေမယ့်--
သင့်ရဲ့စွမ်းရည်ကို သူတစ်ပါးအတွက်အမှန်တကယ်
အသုံးမချသရွေ့ သန်မာသူအစစ်တော့မဖြစ်နိုင်ပါဘူး။
ကျမတို့ ပညာတွေသင်ကြတယ်။
ကျမတို့နိုင်ငံရပ်ခြားခရီးတွေသွားကြတယ်။
ကျမတို့ ကမာ့အနှံကအတွေ့အကြုံတွေရယူခဲ့ကြတယ်။
ဒါတွေကို အမှန်တကယ်လိုအပ်နေတဲ့သူတွေဆီ
ထိရောက်တဲ့နည်းလမ်းနဲ့-မဖြန့်ဖြူးနိုင်ပဲ
မိမိနာမည်ဂုဏ်သတင်းအတွက်သာအသုံးချမယ်ဆိုရင်တော့
ကျမတို့ဟာ သန်မာသူအစစ်တွေဖြစ်လာမှာမဟုတ်ပါဘူး။
အလားတူပဲ- ကျမတို့ကိုယ်တိုင်က
သူများအတွက် ရပ်တည်ဖို့စိတ်ဆုံးဖြတ်ထားတယ်ဆိုရင်
ကိုယ့်ကိုကိုယ်သန်မာအောင်အရင် ရပ်တည်ကြပါ။
မိခင်တစ်ယောက်ဟာ မိမိရင်သွေးအတွက်
စိုးရိမ်ပူပန်နေရုံနဲ့အနာဂတ်ကို ရင်မဆိုင်နိုင်ပါဘူး။
မိမိကိုယ်တိုင်သန်မာသူဖြစ်လာအောင်အရင်ကြိုးစားမှ
မိမိရင်သွေးအနာဂတ်ကို မြှင့်တင်ပေးနိုင်မယ့်
ခွန်အားတွေပိုင်ဆိုင်လာမှာပါ။
အမျိုးသမီးတစ်ယောက်ဟာ ကိုယ့်အနာဂတ်ကို
သူတပါးအားကိုးမပါပဲ ရပ်တည်မယ်လို့
စိတ်ဆုံးဖြတ်လိုက်တယ်ဆိုရင်လည်း
ကိုယ့်ရဲ့သန်မာမှုအတွက် ၀င်ငွေရှိဖို့လိုအပ်ပါတယ်။
အချိန်တွေမရှိတော့ပါဘူး။ မနက်ဖြန်တိုင်းဟာ
ကြောက်စရာပါပဲလို့အရှုံးပေးလိုက်တော့မှာလား။
အသက်ရှင်နေသမျှ မှာ အခွင့်အလမ်းဆိုတာ
အမြဲရှိနေတယ်ဆိုတာမမေ့လိုက်ပါနဲ့။
ငါတို့ကအမျိုးသမီးတွေပဲ။
ဒီထက်လည်းမဖြစ်နိုင်တော့ပါဘူးလို့ စိတ်ထဲက
လက်ခံထားမယ့်အစား-
ငါလည်းသူလို့လိုက်လုပ်ကြည့်ဦးမယ်၊
ငါတွေ့ရတဲ့အခက်အခဲတွေ သူလည်းတွေ့ခဲ့မှာပဲလို့
ပြောင်းလဲစဉ်းစားသင့်ပါတယ်။
အို- ငါကဖြင့်ကံဆိုးသူပါ၊ သူက သိပ်ကံကောင်းတာပဲဆိုတဲ့
အတွေးမျိုးဟာ ပျင်းတဲ့သူတွေရဲ့အတွေးအခေါ်ဖြစ်ပါတယ်။
ပျင်းတဲ့အတွက်အလိုလိုဖျင်းသွားတယ်ဆိုတာကိုတော့
အထူးရှင်းပြစရာလိုမယ်မထင်ပါဘူး။
ဒါမှမဟုတ်- နတ်ရေကန်ထဲပစ်ချလိုက်သလို
ဘွားကနဲထွက်ပေါ်လာမယ့် အခွင့်အရေးမျိုးကို
ထိုင်စောင့်နေရင်းနဲ့လည်းအချိန်တွေဟာ
ကုန်သထက်ကုန်လာကြမှာပါ။
ကျမပတ်ဝန်းကျင်မှာလူဘယ်နှစ်ယောက်ရှိမလဲ။
ကျမစာမျက်နှာကိုလူဘယ်နှစ်ယောက်ဖတ်နေမလဲ။
မိမိကိုယ်တိုင်သန်မာတဲ့သူတွေဖြစ်လာနိုင်အောင်
ကျမအတွေ့အကြုံတွေအစွမ်းကုန် ဝေငှနေမှာပါ။
ကျမရဲ့စာတွေကိုဘယ်လောက်ပဲ see first လုပ်ပြီးဖတ်နေပါစေ၊
ကိုယ်တိုင်ကမပြောင်းလဲသရွေ့လောကကြီးဟာ
ဘယ်တော့မှမပြောင်းလဲနိုင်ပါဘူးဆိုတာမမေ့ပါနဲ့နော်။
Writer - Kyi Kyi - ကြည်ကြည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment