Latest News

Saturday, February 11, 2017

ချစ်သူများနေ့၌ ဇနီးမောင်နှံမဟုတ်သော စုံတွဲများကို လက်ခံသည့် ဧရာဝတီတိုင်းရှိ ဟိုတယ်နှင့် တည်းခိုခန်းများကို အရေးယူမည်ဟုဆို

ချစ်သူများနေ့၌ ဇနီးမောင်နှံမဟုတ်သော စုံတွဲများကို လက်ခံသည့်

ဧရာဝတီတိုင်းရှိ ဟိုတယ်နှင့် တည်းခိုခန်းများကို အရေးယူမည်ဟုဆို

ချစ်သူများနေ့၌ အကြင် လင်မယားအဖြစ် ခိုင်လုံစွာအ ကြောင်းမပြနိုင်သော စုံတွဲများကို လက်ခံသည့် ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ တည်းခိုခန်း၊ ဟိုတယ် နှင့် မိုတယ်များကို စစ်ဆေးအရေး ယူမည်ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ သတင်းရရှိ သည်။

ဖေဖော်ဝါရီ ၁၀ ရက်ကပြုလုပ် သော ဒုတိယအကြိမ် ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ၀ါးခယ်မမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းက ဖေဖော်ဝါရီ ၁၄ ရက်(ချစ်သူများနေ့)တွင် ခရီးသွားဧည့်သည့်မဟုတ်ဘဲ အချိန်ပိုင်းတည်းခိုသူများကို လက်ခံထားသည့် တည်းခိုခန်း၊ ဟိုတယ်နှင့် မိုတယ်တို့ကို ထိထိရောက်ရောက်စစ်ဆေး အရေးယူပေးသင့်ကြောင်းနှင့် တိုင်းဒေသကြီး အစိုးရအနေဖြင့် ဆောင်ရွက်ပေးမည့်အခြေအနေကို သိလိုကြောင်းကြယ်ပွင့်ပြမေးခွန်းမေးမြန်းခဲ့သည်။

မေးခွန်းအပေါ် ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က တည်းခိုခန်း၊ ဟိုတယ်နှင့် မိုတယ်များတွင် အကြင်လင်မယားအဖြစ် ခိုင်လုံစွာအကြောင်းမပြနိုင်သော စုံတွဲများကို ချစ်သူများနေ့၌ လက်ခံပါက ဌာနဆိုင်ရာတာဝန်ရှိသူများက ရှောင်တစ်ခင်ဝင်ရောက်စစ်ဆေး၍ အရေးယူမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

‘‘ဖေဖော်ဝါရီ ၁၄ရက်နေ့မှာ အထူးသဖြင့် တည်းခိုခန်းတွေမှာ က မြို့ပေါ်မှာနေထိုင်တဲ့သူက ဒီ မြို့က တည်းခိုခန်းမှာ လာတည်း ရင်ခွင့်မပြုရဘူးဆိုတဲ့ သတ်မှတ် ချက်ရှိပါတယ်။ အဲဒီသတ်မှတ် ချက်တွေနဲ့အညီ စိစစ်ပြီးကြပ်မတ် သွားဖို့၊ အထူးသဖြင့် ဖေဖော်ဝါရီ ၁၄ ရက်မှာ တာဝန်ရှိတဲ့ဌာနများ ဖြစ်တဲ့ စည်ပင်သာယာအဖွဲ့နဲ့၊ ဟိုတယ်နဲ့ ခရီးသွားလာရေးညွှန် ကြားမှုဦးစီးဌာနနဲ့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့တို့ ပူးပေါင်းပြီးတော့ ဖေ ဖော်ဝါရီ ၁၄ရက်မှာ တည်းခိုခန်း တွေ၊ ဟိုတယ်တွေကို လင်မယား မဟုတ်တဲ့ စုံတွဲတွေလာရောက် တည်းခိုခြင်းရှိ၊မရှိ စိစစ်ပေးပါ။ ဌာနတွေအနေနဲ့လည်း အဲဒီလို နေ့ရက်မျိုး(ချစ်သူများနေ့)တွေမှာ အဲဒီလိုမျိုးလာရောက် တည်းခိုခြင်းကို ခွင့်မပြုဖို့ဆိုတဲ့ သတိပေးချက်တွေလည်း ထုတ်ပေးပါလို့ လမ်းညွှန်ထားပါတယ်’’ ဟု ဦးကျော်မြင့်က 7Day Daily သို့ပြောကြားသည်။

READ  နေပြည်တော်တွင် ပြည်ခိုင်ဖြိုးကို မဲပေးပါက မီတာဘောက်စ်ပေးမည်ဟုဆိုကာ မဲဆွယ်နေဟု ဒီချုပ်အမတ်နှင့် ဒေသခံများပြော
ထိုကဲ့သို့ စစ်ဆေးအရေးယူ မည့် အစီအစဉ်သည် ဧရာဝတီတိုင်းဒေသကြီး မြို့နယ်အားလုံးရှိ တည်းခိုခန်း၊ ဟိုတယ်နှင့် မိုတယ် များအားလုံး အကျုံးဝင် ကြောင်း ၎င်းကပြောဆိုသည်။

လပွတ္တာမြို့နယ်ရှိ ရွှေကျွန်းပင် အဆင့်မြင့်ဧည့်ရိပ်သာမှ တာဝန်ရှိသူတစ်ဦးက ‘‘ကျွန်တော်တို့က မှတ်ပုံတင်နှစ်ခုပါရင် လက်ခံ မယ်။ မှတ်ပုံတင်မပါရင် လက်မခံ ဘူး။ သူတို့အကြင်လင်မယားဖြစ် ခြင်း၊မဖြစ်ခြင်းက ကျွန်တော်တို့ကို သူတို့က ထောက်ခံစာတွေ၊ ဘာ တွေပေးစရာမှမလိုတာ။ ကျွန် တော်တို့ကလည်း မေးခွန်းမေးခွင့် မရှိဘူးလေ။ မင်းတို့က မောင်နှမ တွေလား၊ အကြင်လင်မယားတွေ လား၊ ကျွန်တော်တို့အခန်းတွေက နှစ်ယောက်ခန်းဖြစ်တဲ့အတွက် မှတ်ပုံတင်နှစ်ခု ပါတယ်ဆိုရင် Record လုပ်ပြီး အခန်းသော့ပေး လိုက်မယ်။ ဧည့်စာရင်းသွင်းလိုက်မယ်။ ဒါနဲ့ပတ်သက်ပြီး(ချစ်သူများနေ့တွင် တည်းခိုခန်း၊ ဟိုတယ် နှင့် မိုတယ်များတွင် အကြင်လင် မယားမဟုတ်သူများ မတည်းရဆိုခြင်းအပေါ်) ဘယ်လိုမှ ဝေဖန်တာ၊ မဝေဖန်တာမရှိဘူးပေါ့နော်။ လက်မခံပါဘူးလည်း မငြင်းဘူး။ ပြည့်စုံတဲ့နိုင်ငံသား စိစစ်ရေးကတ်ရရင် ကျွန်တော့်မှာ အခန်းရှိရင် လက်ခံမယ်။ အခန်းမရှိရင် လက်မခံဘူးပေါ့။ အဲဒီလိုသဘောပေါ့’’ဟုပြောသည်။

ချစ်သူများနေ့နှင့်ပတ်သက် သော ဟိုတယ်နှင့် တည်းခိုခန်း လုပ်ငန်းရှင်များလိုက်နာရန် စည်း ကမ်းထုတ်ပြန်သည့် တိုင်းဒေသ ကြီးအစိုးရ၏ ညွှန်ကြားချက်သည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးများသို့ ဖေဖော်ဝါရီ ၁၀ ရက်ည အထိ မရောက်သေးသော်လည်း ယင်းအကြောင်းအရာကို သိရှိ ထားကြောင်း ဧရာဝတီတိုင်းရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး မှူးရုံးများမှ သတင်းရရှိသည်။ အ ဆိုပါ ညွှန်ကြားချက်များ ယခုရက် ပိုင်းအတွင်း ရောက်ရှိလာမည်ဟု သိရှိထားကြောင်း မြို့နယ်အုပ် ချုပ်ရေးမှူးအချို့က ပြောသည်။

READ  ပါတီဝင်တွေ ညီညွတ်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
‘‘ဒီလိုနေ့မှာ အများဆုံးဖြစ် တတ်တဲ့အတွက် ဒါကို တားတဲ့ သဘောလို့ထင်တယ်။ ရည်ရွယ် ချက်က ကောင်းပါတယ်။ ဥပဒေ ကို ထုတ်လို့ ဥပဒေကိုအလေး ထား စစ်ဆေးကွပ်ကဲတာမျိုးက ကောင်းတာပေါ့။ ဗြုန်းစားကြီး လုပ်လိုက်လို့ အမြင်စောင်းရင် စောင်းနိုင်ပေမယ့် ဒီလိုနေ့မျိုးမှာ လူငယ်တွေအမှားတွေလုပ်နိုင်လို့ မဖြစ်အောင် ထိန်းတာကောင်းပါ တယ်’’ ဟု ဧရာဝတီတိုင်းဒေသ ကြီး ပုသိမ်မြို့နေ အသက်(၃၀) ကျော်အရွယ် အမျိုးသမီးတစ်ဦး က ပြောသည်။

ထို့အပြင် ဧရာဝတီတိုင်းဒေသကြီးမှ အသက်(၂၉)နှစ်အရွယ် ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးက ‘‘အမှန်အတိုင်းပြောရရင်၊ ညီမအမြင်ပြောရရင် အဲဒီကိစ္စကို အရေးယူ ဖို့ကိစ္စ သိပ်သဘောမကျဘူး။ လူငယ်တစ်ယောက်က မြန်မာနိုင်ငံအနေနဲ့ဆို အသက်(၁၈)နှစ်ပြည့်ပြီးရင် သူ့မှာ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လေ။ ပြီးတော့ဒီကိစ္စကို လိုက်ပြီးအရေးယူလို့ ရတဲ့ကိစ္စမှ မဟုတ်ပဲ။ အဲဒီနေ့ မဟုတ်လည်း ကျန်တဲ့နေ့တွေဖြစ်နေတာပဲလေ။ အဓိကက အသိဉာဏ်ကို ပြုပြင်ပေးရမယ်။ ကျန်းမာရေး အသိလိုမျိုးပဲဖြစ်ဖြစ်။ လိုက်ပြီး အရေးယူလို့ ပပျောက် သွားမယ့်ကိစ္စလည်းမဟုတ်ဘူး’’ ဟု ပြောသည်။

Sources : 7Day

No comments:

Post a Comment