ဦးကိုနီ လုပ်ကြံသတ်ဖြတ် ခံရမှုအပေါ် အငြိမ်းစား တပ်မတော်အရာရှိ တစ်ဦး၏ သုံးသပ်ချက်
အမှုကွင်းဆက် သဲလွန်စများ
—————————————
လူသတ်သမားက ဦးကိုနီကို ဘယ်လို ရည်ရွယ်ချက်နဲ့ သတ်တာလဲ ။
ဖြစ်နိုင်ချေရှိတာ (၂) ချက် ရှိတယ် ။
(၁) အငြိုးအတေး ရန်ညှိုးရန်စကြောင့်လား ။
(၂) အခြားသူက အခကြေးငွေပေးပြီး ခိုင်းစေသလား ။
နံပါတ် (၁)ကတော့ ဦးကိုနီရဲ့ ကိုယ်ရေးကိုယ်တာပြဿနာဆိုရင်တော့
သိပ်မပြောလိုဘူး ။
နံပါတ်(၂)ဆိုရင်တော့ ပြဿနာအများကြီးရှိတယ် ။
ဘာကြောင့်လဲ ။ ဘာအတွက်လဲ ။ ဘာဖြစ်ချင်တာလဲ စတဲ့အချက်တွေက သိပ်
စိတ်ဝင်စားစရာကောင်းနေတယ် ။
နောက် အင်ဒိုကို သွားတဲ့အစည်းအဝေးကိစ္စက တရားဝင်သတင်း ဖော်ပြ
မထားဘူး ။
အဲဒီလို မဖော်ပြထားတဲ့ကိစ္စကို ပြန်လာမယ့်ရက် ၊ လေယာဉ်ဖလိုက်တွေကို
လူသတ်သမားတရားခံက ဘာကြောင့် သိနေရသလဲ ။ သူ သိနေသလိုပဲ ။
အဲဒီလိုသာ သိနေရင်တော့ နံပါတ်တစ် အငြိုးအတေး ရန်ညှိုးရန်စကြောင့်
ဆိုတာ မဖြစ်နိုင်တော့ဘူးနော် ။
နောက် တရားခံလူသတ်သမားက ဦးကိုနီအနေနဲ့ Public ပေါက်က ထွက်လာ
မယ်ဆိုတာ ကြိုတင် သိရှိနေသလား ။ သူ့ကို စေခိုင်းသူ ၊ လေ့ကျင့်ပေးသူ
ရှိနေသလား ။လာကြိုတဲ့ ဦးကိုနီရဲ့ မိသားစုအခြေအနေ ၊ အသွားအလာကို
နောက်ယောင်ခံလိုက်ပြီး တရားခံက သိတာလား ။
ကြေးစားခိုင်း သတ်မယ်ဆိုရင် ဦးကိုနီမှန်း သူသိအောင် ဘယ်လို ကြိုးစား
ထားသလဲ ။
ဦးကိုနီ Taxi Stand Area မှာ သူ့မြေးကို ပွေ့ချီထားတုန်း လူသတ်တရားခံက
နောက်ကနေ သေနတ်နဲ့ ချိန်ထားတဲ့ ဓာတ်ပုံကို ဘယ်သူ ရိုက်သလဲ ။လက်ရှိ
ဓာတ်ပုံဟာ CCTV က ပုံ ဘယ်လိုမှ မဖြစ်နိုင်ဘူး ။ လူတစ်ဦးတစ်ယောက်က
ဒဲ့ ရိုက်ထားတဲ့ ဓာတ်ပုံပါ ။အဲဒီလူကိုလည်း CCTVကနေ ဖော်ထုတ်သင့်တယ်။
ဒါကြောင့် တရားခံနောက်မှာ ရှဲဒိုး တူ ရှဲဒိုးရှိနေသလားဆိုတာ စဉ်းစားရမယ် ။
လူသတ်သမားမှာ သေနတ်(၂)လက်ပါတယ် ။ ဘာကြောင့် ပါရတာလဲ ။
တရားခံဟာ ၀တ်စားထားကို ကြည့်ရင် စုတ်တီးစုတ်ပြတ်ပုံ ဖြစ်နေတယ် ။
သူ့မှာ လူသတ်ဘူးတဲ့ လက်စလက်န ရှိပုံ မရဘူ ။ ဒါကြောင့် သေနတ် (၂)
လက် ပါလာသလား ။
တရားခံဟာ ဦးကိုနီကို သတ်ပြီးရင် သူလွတ်မြောက်ရေးအတွက် ကြိုတင်
ပြင်ဆင် စီမံထားပုံ မရှိဘူး ။ ဒါကြောင့် တစ်ယောက်တည်းလား ၊ အုပ်စုနဲ့
လားဆိုတဲ့ အဖြေက ရှင်းနေတယ် ။ ဒါမှမဟုတ် သူ့ကို ကူမယ့်သူတွေက
ကမန်းကတန်းကြောင့် (ကြောင်ပြီး) ပစ်ထားခဲ့လေသလား ။ ဖြစ်တော့ မဖြစ်
နိုင်ဘူး ။
ဦးကိုနီကို ပစ်သတ်ပြီး ထွက်အပြေးမှာ ၀ိုင်းလိုက်တဲ့ Taxi သမားတွေကို
သေနတ်နဲ့ ဘာကြောင့် မပစ်ခတ်သလဲ ။ သူ လွတ်မြောက်ရေးအတွက်
ပါရှိတဲ့ သေနတ် (၂)လက်နဲ့ ပစ်ခတ်နိုင်တဲ့အခွင့်အရေး သူ့မှာရှိတယ် ။
သူသာ သေနတ်နဲ့ ပြန်ပစ်ခတ်မယ်ဆိုရင် ကိုနေ၀င်းလိုလူတွေ အများကြီး
ထွက်ပေါ်လာနိုင်တယ် ။
(Taxi သမား ကိုနေ၀င်းကိုတော့ ခဲနဲ့ပေါက်လို့ လူသတ်တရားခံက သေနတ်နဲ့
ပြန်ပစ်လို့ သေဆုံးသွားတာကို ထားတော့)
ဦးကိုနီ သေဆုံးပြီး (၂)နာရီအတွင်းမှာ ရဲစစ်ဆေးချက် ကနဦး အစီရင်ခံစာတွေ
လျှို့ဝှက်ဖြစ်ပါလျက် ဘာကြောင့် ထွက်ပေါ်လာသလဲ ။
တရားခံဟာ မန္တလေးမှာ နေသလိုလို ၊ မုံရွာမှာနေသလိုလို စတဲ့ သတင်း
အမှားတွေ ဘာကြောင့် ထွက်ပေါ်လာသလဲ ။
တရားခံဟာ ဘုတလင်မှာ ဘုရားခိုးမှုနဲ့ ရန်ကုန်မှာ ဖမ်းမိပြီး ထောင်ဒဏ်
(၂၇)နှစ် ပြစ်ဒဏ် ကျခံခဲ့တယ် ။ ပြီးတော့ ၂၀၁၃ မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့
လွတ်မြောက်ခဲ့တယ် ။ ထောင်အတွင်းကျခံစဉ်မှာ သူ့မှတ်တမ်းမှတ်ရာတွေကို
မသိရှိဘူးလား ။
ဘုရားခိုးမှုဟာ အဲဒီလောက် ပြစ်ဒဏ် ကျခံရသလား ။ စဉ်းစားစရာနော် ။
တရားခံပုံစံကို ကြည့်ရတာ ထက်မြက်တဲ့ပုံ မပေါက်ဘူး ။ ထုံထိုင်းထိုင်းရှိပုံ
ရတယ် ။ ဒါကို ဘာကြောင့် သတင်းကွင်းဆက်တွေ ပျောက်နေတာလဲ ။
ထူးဆန်းနေတယ် ။
ဘယ်လိုဖြစ်ဖြစ် အမှုက လူသတ်မှုရိုးရိုးရှင်းရှင်းလေး ဖြစ်နေပါလျက် ဘာကြောင့် ရှုပ်ထွေးနေတာလဲ ထူးခြားတယ်ဗျ ။
နောက်ဆုံးတော့ လူသတ်တရားခံနဲ့ အမှုစစ်တွေအပေါ်မှာသာ အမှုမှန်ပေါ်
ပေါက်ရေးဟာ မူတည်နေတယ် ။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ စွမ်းရည်ကို ပြည်သူအားလုံး စောင့်ကြည့်နေကြမှာပါ ။
ငွေစိုး
(ဦး) Ngwe Soe's Facebook မှကူးယူဖော်ပြပါသည်။
BurmaDemocracy
Subscribe to:
Post Comments (Atom)
No comments:
Post a Comment