Latest News

Wednesday, February 22, 2017

နှစ်သုံးဆယ်ကျော်ကြာမှ တွေ့ရှိခဲ့တဲ့ ငွေထုပ်ကြီး

နှစ်သုံးဆယ်ကျော်ကြာမှ တွေ့ရှိခဲ့တဲ့ ငွေထုပ်ကြီး

ကနေဒါ နိုင်ငံ၊ အွန်တားရီးယိုး ပြည်နယ်က တီဗီစက်ပစ္စည်းအဟောင်းအစိတ်အပိုင်းတွေကို ဖြုတ်လဲပြီး တီဗီအသစ်ပြန်ဆင်တဲ့ လုပ်ငန်းတစ်ခုဟာ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုကြုံခဲ့ရပါတယ်။ အဲဒါက တစ်နေ့မှာ တီဗီဟောင်းတစ်လုံးကို ပစ္စည်းတွေ ဖြုတ်နေတုန်း တီဗီ အတွင်းပိုင်း ကွန်ဆိုးလ် ထဲမှာ အမေရိကန် ဒေါ်လာ (၅၀) တန်တွေ အထပ်လိုက် ၊ အထုပ်ကြီးနဲ့ (၄) ထုပ် တိတိကို တွေ့ရှိခဲ့ပါတယ်။ ပိုက်ဆံ စုစုပေါင်း ဟာ ဒေါ်လာ တစ်သိန်းတိတိ ဖြစ်နေခဲ့ပါသတဲ့။ ကံကောင်းတာကတော့ ပိုက်ဆံတွေအားလုံး မပျက်မစီး ရှိနေတာပါပဲ။

ဒါကို မြင်တဲ့ တီဗီပြင်လုပ်သားဟာ မူလပိုင်ရှင်ကို ရှာဖွေစုံစမ်းပြီး ပိုက်ဆံတွေ ပြန်လည်ပေးနိုင်ခဲ့ပါတယ်။ ပိုက်ဆံရဲ့ မူလပိုင်ရှင်ဟာ အခုအခါမှာ အသက် (၆၈) နှစ် ရှိနေပြီ ဖြစ်တဲ့ အဘိုးအို တစ်ဦးဖြစ်နေခဲ့ပါတယ်။ အဲဒီ အဘိုးအိုရဲ့ အပြောအရ သူဟာ ဒီ ပိုက်ဆံတွေကို လွန်ခဲ့တဲ့ အနှစ် (၃၀) ကျော်က ပျောက်ဆုံးခဲ့တာ ဖြစ်ပြီး ဘယ်မှာ ထားလို့ ထားမှန်းမသိ ဖြစ်ခဲ့ရပါတယ်၊ အဲဒီ ပိုက်ဆံထည့်ထားတဲ့ တီဗီကြီးကိုတော့ သူငယ်ချင်းတစ်ယောက်ကို ပေးလိုက်မိပြီး အခုအခါ အဲဒီ သူငယ်ချင်းက တီဗီအဟောင်းကို ထုတ်ရောင်းလိုက်တော့မှ ခုလို ဖြစ်ခဲ့ပြီး ပိုက်ဆံတွေ ပြန်တွေ့ရတာလို့ ဆိုပါတယ်။

ပိုက်ဆံတွေ ပြန်လည် ပေးအပ်ပြီးတဲ့အခါမှာတော့ အဲဒီ ကိစ္စမှာ ပါဝင်ကူညီခဲ့တဲ့ ရဲ အရာရှိ နစ်ကိုးလ် ရော်ဂျာ က ပိုက်ဆံကို ဘဏ်မှာ သိမ်းသင့်တဲ့အကြောင်း အဘိုးအိုကို အကြံပေးခဲ့ပါတယ်။

Ref: CNN ; “ Trash to $100,000 treasure: Cash found in old TV set

ကျော်သန့် (ရိုးရာလေး)

No comments:

Post a Comment