Latest News

Friday, February 10, 2017

ရှမ်းပြည်နယ် ဒီချုပ်အလုပ်အမှုဆောင်အဖွဲ့များ ပြန်လည်ဖွဲ့စည်း

ရှမ်းပြည်နယ် ဒီချုပ်အလုပ်အမှုဆောင်အဖွဲ့များ ပြန်လည်ဖွဲ့စည်း


ရှမ်းပြည်နယ် တစ်ခုလုံးရှိ အလုပ်အမှုဆောင်အဖွဲ့လေးဖွဲ့ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက် ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။

ရှမ်းပြည်နယ် အလုပ်အမှု ဆောင်အဖွဲ့၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အလုပ်အမှုဆောင် အဖွဲ့၊ ရှမ်းပြည်နယ်တောင်ပိုင်း အလုပ်အမှုဆောင်အဖွဲ့နှင့် ရှမ်း ပြည်နယ်မြောက်ပိုင်း အလုပ်အမှု ဆောင်အဖွဲ့တို့ကို ဖေဖော်ဝါရီ ၅ ရက်တွင်ပြုလုပ်သည့် ဒီချုပ်ဗဟို အလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ပြန်လည်ဖွဲ့ စည်းခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ် အလုပ်အမှု ဆောင်အဖွဲ့တွင် ကလောမြို့နယ် မှ ဦးဇော်မင်းလတ်ကဥက္ကဋ္ဌဖြစ် လာပြီး မကြာသေးမီက အရေးယူ ခံရသော ဒေါ်ခင်မိုးမိုး၏နေရာ သို့ အစားဝင်လာခြင်းဖြစ်သည်။ အတွင်းရေးမှူးသည် ရပ်စောက် မြို့မှ ဦးမောင်မောင်စိန်ဖြစ်သည်။

ရှမ်းပြည်နယ်အလုပ်အမှု ဆောင်အဖွဲ့ကို ကျန်အလုပ်အမှု ဆောင်အဖွဲ့သုံးခုမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများဖြင့် ပြန်လည် ဖွဲ့စည်းထားပြီး အဖွဲ့ဝင်အချို့ လည်း ပြန်လည်ပါဝင်လာသည်။

ရှမ်းပြည်နယ်တောင်ပိုင်း အလုပ်အမှုဆောင်အဖွဲ့ကို ကလောမြို့နယ်မှ ဦးဇော်မင်း လတ်ကပင် ဥက္ကဋ္ဌအဖြစ် တာဝန် ယူမည်ဖြစ်သည်။ ရှမ်းပြည်နယ် အရှေ့ပိုင်းအလုပ်အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌရာထူးကို တာချီလိတ် မှ ဦးစိုင်းစံတွီက တာဝန်ယူမည် ဖြစ်သည်။ ရှမ်းပြည်နယ် မြောက်ပိုင်း အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌသည် လားရှိုးမှ ဦးစိုင်းမြင့် မောင်ဖြစ်လာသည်။

ပါတီထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်၏ ရှမ်းပြည်နယ်ခရီး စဉ်အတွင်း အရေးယူခံခဲ့ရသော ဒေါ်မီးမီးနှင့် ဒေါ်ယူမီဇော်တို့သည်ရှမ်းပြည်နယ်တောင်ပိုင်း အလုပ် အမှုဆောင်အဖွဲ့ဝင်များအဖြစ် ပြန်လည်ပါဝင်လာသည်။

ပါတီထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်သည် ပြီးခဲ့သည့် စက် တင်ဘာလဆန်းက ရှမ်းပြည်နယ် သို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းပေးရန် သွားရောက်ပြီး ခရီးစဉ်အတွင်း တောင်ကြီးခရိုင် ဥက္ကဋ္ဌ ဦးတင်မောင်တိုးအား နှုတ် မိန့်ဖြင့် ထုတ်ပယ်ခြင်း၊ ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုး၊ ဒေါ်မီးမီးနှင့် ဒေါ်ယူမီဇော်တို့အား ရာထူး လျှော့ချခြင်းတို့ ပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ် ဒီချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်နယ်အောင်နိုင်ရေးအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်မှု မရှိခြင်း ကြောင့်အရေးယူခဲ့ကာ တောင်ကြီးခရိုင် ပါတီဥက္ကဋ္ဌဦးတင်မောင်တိုး သည် ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ ကို ပုတ်ခတ်စော်ကားသည့် စာ သားများ ဖေ့စ်ဘွတ်ခ်၌ ရေး သားခဲ့ခြင်းကြောင့် အရေးယူမည် ဖြစ်ကြောင်း ဦးဝင်းထိန်က ပြော ကြားခဲ့သည်။

အဆိုပါ အရေးယူခံရသည့် ကာယကံရှင်များက ပါတီဗဟိုသို့ အယူခံဝင်သဖြင့် ယင်းကိစ္စကို စုံစမ်းကြားနာမှုများ ပြုလုပ်ရန် အယူခံအဖွဲ့ကို ဖွဲ့စည်းပြီး ကြား နာစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ဒေါ်မီးမီးနှင့် ဒေါ်ယူမီဇော်တို့ နှစ်ဦးသာ အယူခံအောင်ခဲ့သည်။

ရှမ်းပြည်နယ်ဒီချုပ်အလုပ် အမှုဆောင်အဖွဲ့များ ပြန်လည်ဖွဲ့ စည်းခြင်းနှင့်ပတ်သက်၍ ရှမ်း ပြည်နယ် အလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းမြင့်မောင်အားမေးမြန်းခဲ့ရာ ‘‘ကျွန်တော်တောင် ခင်ဗျားပြောမှသိတာ’’ဟု ပြန် လည်ဖြေကြားသည်။

ယခုနှစ် ဇန်နဝါရီ ၁၄ ရက် က ‘အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ရှေ့ရေးအတွက် စိုးရိမ် ဖွယ်ရာ အနေအထား’အမည်ဖြင့် ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ဥက္ကဋ္ဌရာထူးမှ ဖယ်ရှား ခံရသည့် ဒေါ်ခင်မိုးမိုး၊ တောင် ကြီးခရိုင်ဥက္ကဋ္ဌရာထူးမှ ဦးဝင်း ထိန် နှုတ်မိန့်ဖြင့် ထုတ်ပယ်ခံရ သည့် ဦးတင်မောင်တိုး၊ ရှမ်းပြည် နယ် ဒီချုပ်အလုပ်အမှုဆောင်အဖွဲ့ ဝင် ဒေါ်မီးမီးနှင့် ဒေါ်ယူမီဇော်တို့ ဦးဆောင်ပြီး သတင်းစာရှင်းလင်း ပွဲ ပြုလုပ်ခဲ့သေးသည်။

ရှမ်းပြည်နယ်တွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ပြန်လည်တည့်မတ်အောင် ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ် ကြောင်း ရှမ်းပြည်နယ် ဒီချုပ်ပါ တီချစ်သူများက တောင်ကြီးမြို့ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း ခန်းမ၌ပြုလုပ်သော ယင်းသတင်း စာရှင်းလင်းပွဲတွင် တိုက်တွန်း ပြောကြားခဲ့သည်။

၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် တစ်နိုင်ငံလုံး၌ တောင်ပြိုကမ်းပြို အနိုင်ရခဲ့သောအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ်အချို့တွင် အရေးနိမ့်ခဲ့သည်။ ရှမ်းပြည်နယ်လွှတ်တော်တွင်မူ ဒီချုပ် အမတ် ထိုင်ခုံအရေအတွက်သည် ပြည်ခိုင်ဖြိုးနှင့် ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ်တို့ နောက်တွင်သာရှိသည်။

Sources : 7Day News Journal

No comments:

Post a Comment