Latest News

Sunday, February 19, 2017

တစ်နှစ်အတွင်း ဆောင်ရွက်ချက်တွေကို အစိုးရအဖွဲ့တာဝန်ရှိသူတွေ အစိုးရရုပ်သံကနေ ရှင်းလင်းပြောကြားရမည်

တစ်နှစ်အတွင်း ဆောင်ရွက်ချက်တွေကို အစိုးရအဖွဲ့တာဝန်ရှိသူတွေ အစိုးရရုပ်သံကနေ ရှင်းလင်းပြောကြားရမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသက်တမ်း တစ်နှစ်အတွင်း ဆောင်ရွက်ခဲ့တာတွေကို လာမယ့် မတ်လဆန်းမှာ ပြည်ထောင်စုဝန်ကြီးတွေနဲ့ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်တွေဟာ မြန်မာရုပ်မြင်သံကြား MRTV ကနေ အသိပေးပြောကြားဖို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။

တစ်နှစ်အတွင်းဆောင်ရွက်ချက်တွေကို စုစည်းခိုင်းထားပြီး တစ်နိုင်ငံလုံးက ပြည်သူတွေကို ရုပ်မြင်သံကြားကနေ တိုက်ရိုက်အသိပေးပြောခိုင်းထားတယ်လို့ မနေ့က မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှာ မဲဆွယ်စည်းရုံးရေးအတွက် ရောက်ရှိနေတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အစိုးရဖွဲ့စည်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီတစ်နှစ်အတွင်း ပြည်ထောင်စုဝန်ကြီးတွေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေရဲ့ ဆောင်ရွက်ချက်တွေ၊ အပြောင်းအလဲတွေကို ပြည်သူကို အသိပေးတာလည်းဖြစ်ပါတယ်။

ဒီတစ်နှစ်အတွင်း လုပ်ဆောင်မှုအားနည်းတဲ့ ပြည်ထောင်စုအဆင့်နဲ့ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကို လာမယ့် ဧပြီလ မဟာသင်္ကြန်ပိတ်ရက် မတိုင်ခင် အပြောင်းအလဲလုပ်ဖို့ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

Photo: Kyaw Lwin Oo/RFA


No comments:

Post a Comment