Latest News

Thursday, February 16, 2017

ရပ်ကွက်နေပြည်သူများပြောတဲ့ဒုဗိုလ်မှူးဟောင်းအောင်ဝင်းခိုင်မိသားစုနဲ့ မောင်နှမများစီးပွားရေး

ရပ်ကွက်နေပြည်သူများပြောတဲ့ဒုဗိုလ်မှူးဟောင်းအောင်ဝင်းခိုင်မိသားစုနဲ့ မောင်နှမများစီးပွားရေး


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေဦးကိုနီကို လုပ်ကြံဖို့ ငွေပေးခိုင်းစေသူ ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်တို့မိသားစုက အိမ်ဂရမ်အပေါင်ခံ ငွေတိုးချေးစားတဲ့လုပ်ငန်းကို လုပ်ကိုင်တယ်လို့ သိရပါတယ်။

တရားလွှတ်တော်ရှေ့နေဦးကိုနီကို လုပ်ကြံဖို့ငွေပေးခိုင်းစေသူဟာ ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံးက မနေ့က ထုတ်ပြန်ထားပါတယ်။

ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ဟာ ဒေါပုံမြို့နယ် ဝါဆိုရပ်ကွက်မှာ နေထိုင်တယ်လို့ သိရပါတယ်။

ဦးအောင်ဝင်းခိုင်တို့ မိသားစုက ငွေတိုးချေးစားတဲ့ လုပ်ငန်းကိုလုပ်ကိုင်တာဖြစ်တယ်လို့ အဆိုပါရပ်ကွက်မှာနေထိုင်သူ တစ်ဦးက ပြောပါတယ်။

“သူတို့ပြောင်းလာတာမကြာသေးဘူး  အဲ့ဒီဗိုလ်ချုပ်ကတော့ ဘာမှမလုပ်ဘူး သူတို့မိသားစုတစ်ခါတစ်လေရပ်ကွက်ထဲလမ်းထွက်လျှောက်တယ်သူ့မိန်းမကတော့ ငွေတိုးပေးစားတယ်”လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကိုလုပ်ကြံမသတ်ဖြတ်ခင် ဇန်နဝါရ်ီလ ၂၇ ရက်နေ့ကတည်းက ဦးအောင်ဝင်းခိုင်ဟာနေအိမ်မှာ မရှိတော့ဘူးလို့ သိရပါတယ်။

“ဦးကိုနီအသတ်ခံရပြီးတဲ့နောက်မှာ သူတို့အိမ်ကို ရဲတွေရော ထောက်လှမ်းရေးတွေရော လာတယ် သူ့မိသားစုကတော့ မနေ့ညကထိတောင်ရှိသေးတယ်။

ဦးအောင်ဝင်းခိုင်ကတော့ မဖြစ်ခင် နှစ်ရက်လောက်ထဲက ပျောက်သွားတာ အရင်ဆိုရင်တော့ ဒီဖက်ကမ်းနားမှာ လမ်းထွက်ထွက်လျှောက်တယ် တရားခွေဖွင့်ပြီး သူတို့မိသားစုတွေက ဒီကရပ်ကွက်တွေထဲမှာ အိမ်ဝိုင်းတွေဝယ်တယ် အပေါင်ခံတယ် ။ဝယ်တယ်ရောင်းတယ်ဆိုပေမယ့် ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်းမခေါ်ဘူး ။

သူတို့ဖာသာလုပ်ကြတာပဲ။

ရပ်ကွက်ထဲမှာ ဘယ်သူနဲ့မှစကားမပြောဘူး သူတို့မောင်နှမတွေပေါင်းပြီး တက္ကစီ အစီး ၇၀ လောက်ကိုလပေးနဲ့ငှားစားကြတယ်။

မိသားစုပိုင်ပိတ်ထားတဲ့ဝပ်ရှော့

ဝပ်ရှော့လဲ ဖွင့်တယ်။ အိမ်တန်းတွေငှားစားတယ် ။သူ့ညီမမငြိမ်းဆိုရင် ဘိလပ်မြေစက်ရုံတွေထောင်ထားတယ်လို့ကြားတယ် “လို့ သူကဆက်လက်ပြောပါတယ်။



ဖေဖော်ဝါရီလ ၁၅ ရက်နေ့ညက ဦးအောင်ဝင်းခိုင်ရဲ့နေအိမ်ကို ရဲဌာနက ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ဦးအောင်ဝင်းခိုင်တို့မှာ မောင်နှမ ခြောက်ယောက်ရှိပါတယ်။

သူတို့က အောင်ဝင်းဦး၊မအေး၊အောင်ဝင်းထွန်း၊အောင်ဝင်းဇော်၊အောင်ဝင်းခိုင်နဲ့မအေးငြိမ်း ခေါ် မိငြိမ်းတို့ဖြစ်ပါတယ်။

ဦးအောင်ဝင်းခိုင်ရဲ့ အမနဲ့ ညီမတွေဖြစ်တဲ့ မငြိမ်းနဲ့မအေးတို့ အဆိုပါရပ်ကွက်တွေမှာ အိမ်ဝိုင်းတွေ အများပြား ဝယ်ယူထားတဲ့သူများဖြစ်တယ်လို့ သိရပါတယ်။

“သူတို့တွေက ဒီမှာ အိမ်ဝိုင်းတွေက မရှိဘူးဆို နှစ်ဆယ်ကျော်တယ် တခြားရပ်ကွက်တွေမပါသေးဘူး “လို့ မငြိမ်း၊မအေးတို့နဲ့ မိသားစုလိုနေထိုင်တဲ့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

ဝင်းနန္ဒာ၊နှင်းနှင်း(ကုမုဒြာ)


No comments:

Post a Comment