Latest News

Thursday, February 9, 2017

မသင်္ကာဖွယ် ဘင်္ဂါလီ ၂ ဦး ဖမ်းဆီးရမိ

မသင်္ကာဖွယ် ဘင်္ဂါလီ ၂ ဦး ဖမ်းဆီးရမိ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၉

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင် ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၇ ရက် ည ၉ နာရီခွဲခန့်တွင် အမ်း-ကဇူးကိုင်း-စစ်တွေသွားကားလမ်း မိုင်တိုင် အမှတ် ၂၀/၁ နှင့် ၂၀/၂ ကြား၌ မသင်္ကာဖွယ်ဘင်္ဂါလီ ၂ ဦးအားတွေ့ရှိသဖြင့် စစ်ဆေးခဲ့သည်။

စစ်ဆေးမှုများအရ ၎င်းတို့သည် ကျောက်တော်မြို့နယ်၊ ပေါက်တော
ပလောင် ကျေးရွာနေ ဇက်တူး(ဘ)ဂူလာဘူရှူး နှင့် ဘော်ရှီရာမွတ်
(ဘ)အသွင်ဟာမွတ် တို့ဖြစ်ကြောင်း၊ တစ်ရွာတည်းနေ ကော်မော်
(ဘ)ဆော်လာမတ်က အခကြေးငွေဖြင့် ရန်ကုန်သို့ ပို့ဆောင်ပေးမည်ဟုဆိုကာ ဖေဖော်ဝါရီ ၃ ရက် ညနေ ၄ နာရီခန့်တွင် ၎င်းတို့ရွာမှ ဆိုင်ကယ်ဖြင့် စတင်ထွက်ခွာခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက်နံနက် ၈ နာရီခန့်တွင်ကဇူးကိုင်း ကျေးရွာအနီးရှိ တောစပ်တစ်နေရာသို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါနေရာတွင် ၎င်းတို့ ၂ ဦးကို ထားခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက်အထိ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် ကားလမ်းအတိုင်း
လမ်းလျှောက်လာစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသူများအား အမ်းမြို့နယ်ရဲစခန်းတွင် တရားဥပဒေအရ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Source - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:

Post a Comment