ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏သမီး မင်္ဂလာပွဲတွင် လက်ဖွဲ့ခြင်း သည်းခံရန် မေတ္တာရပ်ခံ
Photo - FB
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၏သမီးနှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတို့၏ မင်္ဂလာဆောင်ဖိတ်စာတွင် ‘မေတ္တာဖြင့်လက်ဖွဲ့ခြင်းသည်းခံပါ’ ဟု ပန်ကြားထားသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်မိသားစုဝင်များ၏ မင်္ဂလာဆောင်များသည် အစဉ်အလာအားဖြင့် လက်ဖွဲ့အများ အပြားရလေ့ရှိရာ ယခုကဲ့သို့လက်ဖွဲ့ခြင်းသည်းခံရန် ပန်ကြားခြင်း သည် ထူးခြားမှုတစ်ခုဖြစ်သည်။
နှစ်ဖက်မိဘ အသိုင်းအ၀ိုင်း တိုင်ပင်ပြီး ယင်းသို့စီစဉ်ခြင်း ဖြစ် ကြောင်းသတို့သားလောင်း ဧရာ ၀တီတိုင်းဒေသကြီး အမှတ်(၁) အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးစိုးမိုးကပြောကြားသည်။
‘‘သာမန်ပါပဲဗျာ။ မိတ်ဆွေ များသွားတဲ့သဘောပါ’’ဟုဦးစိုးမိုး ကပြောသည်။
နေပြည်တော်ရှိ မြန်မာကွန် ဗင်းရှင်းစင်တာတွင် ဖေဖော်ဝါရီ ၁၁ ရက်၌ ပြုလုပ်မည့် မင်္ဂလာပွဲ ကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုပါ ဖိတ်ကြားထားကြောင်း ၎င်း ကပြောသည်။
ဓနုဖြူဇာတိ ဦးဝင်းမြင့်၏ တစ်ဦးတည်းသော သမီး မဖြူဖြူ သင်းသည် ဧရာဝတီဘဏ်တွင် လက်ထောက်မန်နေဂျာရာထူး တာဝန်ထမ်းဆောင်နေသူဖြစ် ကြောင်း မင်္ဂလာဖိတ်စာတွင် ဖော် ပြထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်း ထိန်၏သမီး မချစ်စုဝင်းထိန်မှာ လည်း ၂၀၁၆ ဒီဇင်ဘာ ၂၄ ရက် က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ် တွင် မင်္ဂလာပွဲ ကျင်းပခဲ့သေး သည်။
နိုင်ငံတော်အဆင့်အကြီးအ ကဲများ၏ သားသမီးများ မင်္ဂလာပွဲ နှင့်ပတ်သက်လျှင် ‘စိန်စီသောည’ ဟု နာမည်ကြီးသော တပ်မတော် အစိုးရလက်ထက်က ဗိုလ်ချုပ်မှူး ကြီး သန်းရွှေ၏သမီး မင်္ဂလာပွဲမှာ အထင်ရှားဆုံးဖြစ်သည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment