Latest News

Friday, February 10, 2017

ကြက်သားဝယ်ရင် ကြားသားပေါ်က အဖြူရောင်စင်းကြောင်းတွေကို အထူးသတိထားဖို့လို

ကြက်သားဝယ်ရင် ကြားသားပေါ်က အဖြူရောင်စင်းကြောင်းတွေကို

အထူးသတိထားဖို့လို

သက်သက်လွတ်စားတဲ့သူတွေကလွဲရင် အသားစားတဲ့သူတိုင်း ကြက်သားနဲ့ ကင်းနိုင်မှာ မဟုတ်ပါဘူး။ ပြည်သူလူထုကြားထဲကို ကောက်ယူခဲ့တဲ့ စစ်တမ်းအရ 90%ခန့်သော သူတွေဟာ ကြက်သားကို ကျန်းမာရေးအတွက် အလွန်အထောက်အကူပြုတယ်လို့ နားလည်နေကြပါတယ်။

ဗြိတိန်တစ်ခုတည်းမှာပင် နေ့စဉ် ကြက်သားစားတဲ့သူ ဦးရေ 2.2 သန်းအထိ ရှိပြီး၊ အများအားဖြင့်တော့ ကင်ခြင်း၊ ကြော်
ခြင်း၊ ဟင်းအမယ်အမျိုးမျိုး ပြုလုပ်စားသုံးကြခြင်း ဖြစ်ပါတယ်။ တော်တော်များများကလည်း လူတစ်ယောက် နေမကောင်း
ဖြစ်ရင် ကြက်စွပ်ပြုတ်လေး လုပ်တိုက်လိုက်ပါလား-လို့ တိုက်တွန်းတတ်ကြပါတယ်။

တကယ်တော့ မည်သည့် သက်ရှိသတ္တ၀ါမဆို ၎င်းတို့ နေထိုင်ရာပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုကိုတော့ ခံရစမြဲပါ။ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်မှာနေရင် သန့်ရှင်းမယ်၊ မသန့်ရှင်းတဲ့ပတ်ဝန်းကျင်မှာ နေရင် မသန့်ရှင်းဘူးဆိုတဲ့ သဘောပေါ့။ ကြက်တွေကလည်း ဒီလိုပါဘဲ၊ သူတို့ရှင်သန်ရာ ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုကို ခံရတဲ့ သတ္တ၀ါတွေ ဖြစ်ပါတယ်။

ကြက်မွေးတဲ့ခြံတစ်ခုလောက် ရောက်ဖူးတာနဲ့ ကြက်ခြံကို နောက်တစ်ကြိမ် အကြောင်းပြချက်မရှိဘဲ သွားလိုတဲ့သူ အတော်ရှားပါလိမ့်မယ်။ ကြက်မွေးတဲ့ခြံရဲ့ နှစ်ဖာလုံပတ်လည်လောက်ဟာ အတော်လေး ဆိုးဝါးတဲ့ အနံ့အသက်ကို ခံကြရပါတယ်။

ကြက်ချေးနဲ့ ကြက်ဆီကနေ ထွက်တဲ့ အနံ့အသက်တွေဟာ ကျန်းမာရေးကို ဆိုးဝါးစေပါတယ်။ ဒါ့အပြင် ဘက်တီးရီးယားတွေနဲ့ အမြဲတမ်းထိစပ်နေတဲ့ သတ္တ၀ါကို ပြပါဆိုရင် ကြက်ကိုသာ ပြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် နောက်ပိုင်းလေ့လာတဲ့ စစ်တမ်းအရတော့ ကြက်သားဟာ ကျန်းမာရေးအတွက် အလွန်သင့်တော်တဲ့ အသားမဟုတ်ပါဘူး။
ကြက်ရဲ့အသားထဲက အဖြူရောင်အရစ်များ

ကြက်သားဟာ သာမာန်အားဖြင့်တော့ အဆီနည်းပါတယ်။ ဒါပေမယ့် နောက်ပိုင်း မွေးမြူရေးကြက်တွေဟာ အသားတိုးလေ ဈေးကောင်းရလေမို့လို့ သဘာဝနဲ့ဆန့်ကျင်တဲ့နည်းတွေကို မွေးမြူရေးသမားတွေက သုံးလာကြပါတယ်။ ဒါကြောင့် အသားတွေထဲမှာ အဖြူရောင်အရစ်တွေ၊ မျဉ်းတွေပါလာတာကို တွေ့ရမှာပါ။ အဒီအဖြူရောင်အရစ်တွေက အဆီတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အရည်အသွေးမပြည့်မီတဲ့ အသားဖြစ်ကြောင်းရဲ့ သက်သေပါ။
ကြက်သားရဲ့ဓာတ်သဘာဝ

Good Housekeeping Institute ရဲ့ Nutrition Director အဖြစ် ဆောင်ရွက်နေတဲ့ Jaclyn London, R.D. က ” ကြက်သားဟာ တကယ်တော့ အာဟာရပြည့်ဝပါတယ် … ဒါပေမယ့် အခုခေတ်မှာ မြင်နေရတဲ့အတိုင်း ကြက်သားကို ကြော်စားလိုက်တာတို့ဟာ သူ့မှာပါတဲ့ ပရိုတိန်းဓာတ်ကို ဆုံးရှုံးစေပြီး၊ ပြင်ပဆီနဲ့တွေ့ကာ ဓာတ်ပြောင်းမှုတွေ ဖြစ်သွားပါတယ် … ဒါဟာ ကြက်သားမှာပါတဲ့ အခြား ဗီတာမင် B,B12 နဲ့ သတ္တုဓာတ်တွေကိုပါ လျှော်ပစ်လိုက်သလို ဖြစ်သွားစေပါတယ် “လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် ကြက်သားကို မနပ်တနပ်ကလေး ပြုပြင်ပြီးစားမယ်ဆိုရင်လည်း ဘက်တီးရီးယားနဲ့ ဗိုင်းရပ်တွေကို သေစေမှာမဟုတ်လို့ ကြက်သားဟာ လုံးလုံးလျားလျား လူတွေနဲ့ သင့်တော်တဲ့အသားမဟုတ်ဖူးလို့ သတ်မှတ်ရမှာဖြစ်ကြောင်း Jaclyn က ဆိုပါတယ်။

National Chicken Council မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကလည်း ” ကြက်တွေဟာ ညစ်ပတ်တဲ့ပတ်ဝန်းကျင်မှာ ရှင်သန်ရလို့ သူတို့အသားတွေက လက်ဆက်ပါတယ်လို့ အာမမခံနိုင်ပါဘူး … နောက်ပြီး အတင်းအဓမ္မဖန်တီးထားတဲ့ အသားဖြစ်လို့ ကျန်းမာရေးနဲ့ ညီညွှတယ်လို့ ဆိုလိုလို့ မရပါဘူး … အနည်းငယ်သော %လောက်ကတော့ သန့်ရှင်းကောင်း သန့်ရှင်းနိုင်ပါတယ် “လို့ ပြောကြားခဲ့ပါတယ်။

လင်းဇော်ကို (Shwemom)

Source : mirror.co.uk

No comments:

Post a Comment