ကင်မ်ဂျုံနမ် လုပ်ကြံမှုတွင် သုံးခဲ့သည့်ဓာတုပစ္စည်းနှင့်ပတ်သက်ပြီး
တိုက်ခန်းတခုကို မလေးရှားရဲ ၀င်စီး
မလေးရှား ရဲတွေဟာ မြောက်ကိုရီးယား လူသတ်မှုမှာ သုံးခဲ့တဲ့ ဓာတုပစ္စည်းကို ရှာဖို့ မြို့တော် ကွာလာလမ်ပူရဲ့ ဆင်ခြေဖုံးက တိုက်ခန်းတခုကို ဖေဖော်ဝါရီ ၂၂ ရက်နေ့က စီးနင်းခဲ့တယ်လို့ အရာရှိ တယောက်က ပြောပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ အဖေတူအမေကွဲ အစ်ကို ကင်မ်ဂျုံနမ်ကို သတ်မှုမှာ သုံးတဲ့ အဆိပ်ဟာ VX အမျိုးအစား အာရုံကြော ထိခိုက်စေတဲ့ အဆိပ်ဖြစ်တယ်ဆိုတာ မလေးရှားရဲက ဖော်ထုတ်ခဲ့ပါတယ်။
အရင်အပတ်က လူသတ်မှုမှာ ဒီအဆိပ်နဲ့ ကင်မ်ဂျုံနမ်ရဲ့ မျက်နှာကို သုတ်လိမ်းခဲ့တာပါ။ အဲဒီအဆိပ်ဟာ လူတွေ အစုလိုက် အပြုံလိုက် သေကျေ နာမကျန်းဖြစ်စေတဲ့ ဓာတုလက်နက်အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားပါတယ်။
တိုက်ခန်းရှိရာ နယ်မြေကို ဒီအပတ် အစောပိုင်းတည်းက ရဲအရာရှိတွေ လာကြည့်နေတာ မြင်တယ်လို့ တိုက်ခန်းကို လာရောက် လည်ပတ်သူတယောက်က အဆောက်အဦ အပြင်မှာ ရပ်ရင်း ပြောပါတယ်။
အဆိပ်နဲ့ လူသတ်မှုအတွင်း သတ်သူလို့ သံသယရှိသူဟာလည်း အဆိပ်ရဲ့ဒဏ်ကို ခံစားနေရတယ်လို့ မလေးရှားရဲချုပ်က ပြောပါတယ်။
လုပ်ကြံမှု ဖြစ်ပွားရာ လေဆိပ်ကိုလည်း အဆိပ်ဓာတ် ဘေးကင်းရေး လုပ်ငန်းတွေ လုပ်ခဲ့ပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားနဲ့ ဗီယက်နမ် အမျိုးသမီး ၂ ဦးကို သံသယရှိသူအစြဖ် မလေးရှား ရဲတွေက ဖမ်းထားပါတယ်။ ကွင်းဆက် သံသယရှိသူ အနည်းဆုံး ၅ ဦးကတော့ လွတ်မြောက် နေဆဲပါ။
DVB
Saturday, February 25, 2017
ကင်မ်ဂျုံနမ် လုပ်ကြံမှုတွင် သုံးခဲ့သည့်ဓာတုပစ္စည်းနှင့်ပတ်သက်ပြီး တိုက်ခန်းတခုကို မလေးရှားရဲ ၀င်စီး
ကင်မ်ဂျုံနမ် လုပ်ကြံမှုတွင် သုံးခဲ့သည့်ဓာတုပစ္စည်းနှင့်ပတ်သက်ပြီး တိုက်ခန်းတခုကို မလေးရှားရဲ ၀င်စီး
Reviewed by Ar Ti
on
10:04 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment