Latest News

Monday, February 6, 2017

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ရာထူးအတွက် ပြန်အရွေးခံတော့မှာ မဟုတ်ဘူးဆိုတဲ့ လူမင်း

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ရာထူးအတွက် ပြန်အရွေးခံတော့မှာ

မဟုတ်ဘူးဆိုတဲ့ လူမင်း


ရန်ကုန်၊ ဖေဖော်ဝါရီ ၅

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ လက်ရှိ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ သရုပ်ဆောင်လူမင်းက ယခုနှစ်အတွင်း ကျင်းပမယ့် ရွေးကောက်ပွဲသစ်မှာတော့ ဥက္ကဋ္ဌ ရာထူးအတွက် ပြန်အရွေးခံတော့မှာ မဟုတ်ကြောင်း The Voice ကို ပြောကြားပါတယ်။

“ကျွန်တော်တို့ လက်ရှိအမှုဆောင်အဖွဲ့ရဲ့ သက်တမ်းက ၂၀၁၇ နှစ်ကုန်အထိ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ရွေးကောက်ပွဲကို လပိုင်းလောက် စောလုပ်ဖို့ တိုင်ပင်ထားပါတယ်။ အကယ်ဒမီပွဲကို နှစ်တိုင်း ဖေဖော်ဝါရီ (သို့) မတ်မှာ ကျင်းပဖို့ သေချာသလောက် ဖြစ်သွားပြီလေ။ အသစ်တက်လာမယ့်အဖွဲ့က နောက်နှစ် အကယ်ဒမီပွဲကို စီစဉ်ကျင်းပဖို့ လုံလောက်တဲ့ အချိန်ရအောင် ရွေးကောက်ပွဲကို စောလုပ်မှာပါ” လို့ ၎င်းက ထပ်လောင်းပြောဆိုပါတယ်။

ရုပ်ရှင်အစည်းအရုံးရဲ့ ရွေးကောက်ပွဲသစ်မှာ ဥက္ကဋ္ဌရာထူးအတွက် ပြန်လည်အရွေးချယ်မခံတော့ဖို့ ဆုံးဖြတ်ထားပြီး ဖြစ်တာကြောင့် ယခုနှစ်မှာ ကျင်းပမယ့် အကယ်ဒမီဆုပေးပွဲက မိမိအတွက် နှုတ်ဆက်ပွဲ သဘောမျိုး ဖြစ်နေပြီး၊ အနုပညာလောကသားတွေ အားလုံးနဲ့ ရုပ်ရှင်ချစ်သူ ပရိသတ်တွေ အားလုံးအတွက် စိတ်ကျေနပ်မှု ရစေမယ့် ပွဲတစ်ပွဲဖြစ်အောင် ကြိုးစားသွားမှာ ဖြစ်ကြောင်း လူမင်းက ပြောကြားပါတယ်။

“တစ်လောတုန်းက ဒါရိုက်တာ ကျော်ဇောလင်းနဲ့ အောင်တိုင်းကျော် ထုတ်လုပ်ရေးအတွက် တစ္ဆေခြောက်ဆိုတဲ့ သရဲဟာသကား ရိုက်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဒါရိုက်တာ ပြည်ဟိန်းသီဟနဲ့ ဖေ့စ်ဘွတ်ခ်ဘုရင်မ ရုပ်ရှင်ရိုက်နေပါတယ်။ သရုပ်ဆောင်တွေကတော့ ကျွန်တော်၊ ကျော်ကျော်ဗိုနဲ့ ရွှေမှုံရတီတို့ ပါပါတယ်။ ဇာတ်လမ်းကတော့ ဖေ့စ်ဘွတ်ခ်ကို အခြေခံပြီး ဖြစ်လာတဲ့ Plotလေးတွေကို ဟာသအမြင်နဲ့ ရိုက်ပြမှာပါ” လို့ ၎င်းက ဆိုပါတယ်။
The Voice

No comments:

Post a Comment