Latest News

Thursday, February 16, 2017

မိုးပျံရထားလမ်း အစီအစဉ်

မိုးပျံရထားလမ်း အစီအစဉ်

ရန်ကုန်မြို့မှာ မိုးပျံရထားလမ်းဆောက်လုပ်ဖို့ အစီအစဉ်ရှိကြောင်း ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ၀န်ကြီး ဦးသန့်စင်မောင်က ပြောပါတယ်။

ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးမှာ မြေအောက်ရထာလမ်းတွေ ဖောက်လုပ်ဖို့ ရှိ မရှိ သတင်းထောက်တွေက မေးမြန်းရာမှာ ရန်ကုန်မြို့တွင်း တောင်နဲ့မြောက် မင်္ဂလာဒုံ လေဆိပ်အထိ မိုးပျံရထား လမ်းဖောက်လုပ်ဖို့ အစီအစဉ်ကို ဂျပန်နိုင်ငံက တာဝန်ရှိသူတွေနဲ့ မတ်လမှာ ဆွေးနွေးသွားဖို့ရှိကြောင်း ၀န်ကြီး ဦးသန့်စင်မောင်က ပြောဆိုသွားတာပါ။

ဒါ့အပြင် မြန်မာနိုင်ငံမှာ မြေအောက်ရထားလမ်း ဖောက်လုပ်ဖို့ဆိုတာ တိုင်းပြည်နဲ့ ဘတ်ဂျက်နဲ့ မဖြစ်နိုင်သေးကြောင်းနဲ့ ရန်ကုန်-မန္တလေးမီးရထားလမ်း၊ မန္တလေး-မြစ်ကြီးနားမီးရထားလမ်း၊ ရန်ကုန်-ပြည် မီးရထားလမ်း၊ ရန်ကုန်-မော်လမြိုင် မီးရထားလမ်းကို ၅ နှစ်သက်တမ်းအတွင်း အဆင့်မြှင့် ပြင်ဆင်သွားမှာဖြစ်ကြောင်းလည်း ဦးသန့်စင်မောင်က ပြောဆိုသွားပါတယ်။

Photo: Win Ko Ko Latt

RFA

No comments:

Post a Comment