Latest News

Saturday, February 25, 2017

ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်ထားသည့် အလောင်းမှာ နောက်ပြောင်ရာမှ ရရှိဒဏ်ရာကြောင့် သေဆုံးကြောင်း ရဲတပ်ဖွဲ့ပြော

ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်ထားသည့် အလောင်းမှာ နောက်ပြောင်ရာမှ ရရှိဒဏ်ရာကြောင့် သေဆုံးကြောင်း ရဲတပ်ဖွဲ့ပြော


မန္တလေးမြို့ မဟာ အောင်မြေမြို့နယ် စိန်ပန်းရပ် ကွက် နေအိမ်တွင် တိပ်ပတ်ပြီး ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထား သည့် အလောင်းသည်သူငယ်ချင်း သုံးဦးစနောက်၍ ကြိုးဖြင့်တုပ်ပြီး အုတ်နံရံနှင့် ခေါင်းဆောင့်မိရာမှ သေဆုံးခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။

 စိန်ပန်းရပ်ကွက် တာရိန် လမ်းနှင့် သမ္မတ ကိတ်မုန့်တိုက် လမ်းကြားရှိ နေအိမ်တွင် တိပ်ဖြင့် ပတ်၍ ကြွပ်ကြွပ်အိတ်ဖြင့် ထုပ် ထားသည့် အမျိုးသားအလောင်း ကို ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ ရှိခဲ့ပြီး အသက်(၁၈)နှစ်အရွယ်လူငယ်နှစ်ဦးကို မန္တလေးနှင့် မကွေးမြို့တို့၌ ဖမ်းမိခဲ့သည်။

‘‘အဲဒီအခန်းမှာ ကောင်လေး နှစ်ယောက်နေတာ။ တစ်ယောက် က ရောက်လာပြီး သေသွားတဲ့ ကောင်လေးက ငါ့ကို ကြိုးတုပ် ငါရအောင် ဖြေပြမယ်ဆိုပြီး ဆော့ကြတာ။ ကောင်လေးက ရုန်းရင်းနဲ့ ဦးခေါင်းနဲ့ အုတ်နံရံဆောင့်မိပြီး သေသွားတယ်လို့ သိရတယ်။ ဆေးစာမှာလည်း ဦးခေါင်းဒဏ် ရာကိုတွေ့တယ်။ တစ်ယောက်ကို မကွေးမှာ မိတယ်။ သူတို့နှစ် ယောက်စလုံးရဲ့ ထွက်ဆိုချက်က တော့ အတူတူပါပဲ’’ဟု မန္တလေး ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင်မှူး ဒုရဲမှူးကြီး စိန်ထွန်းက ပြောသည်။

သူငယ်ချင်းသုံးယောက် စ နောက်ရာမှ တစ်ဦး သေဆုံးသွား သဖြင့် ကြောက်လန့်၍ အလောင်းကို တိပ်ဖြင့် ပတ်ကာကြွပ်ကြွပ်အိတ် ဖြင့်ထုပ်ခဲ့ကြောင်း၊ သေဆုံးသူ၏ မိသားစုဝင်များက ဆက်သွယ်၍ မရသဖြင့် လာရောက်ရှာဖွေရာမှ အလောင်း ကို တွေ့ရှိခဲ့ကြောင်း အ မှတ်(၇)နယ်မြေရဲတပ်ဖွဲ့စခန်းမှ သိရသည်။

 အဆိုပါ လူသေမှုနှင့် ပတ်သက်၍ အမှတ်(၇) နယ်မြေရဲတပ်ဖွဲ့စခန်းတွင် ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ရမန်ယူထားပြီး ဥပဒေ အကြံပြုချက်အရ သေဆုံး သူကို သတ်ရန် ရည်ရွယ်ခဲ့ခြင်းမရှိ ဘဲ မတော်တဆ သေဆုံးခဲ့သည့် ပြစ်မှုပုဒ်မ ၃၀၄(က) ဖြင့် ပြောင်း လဲတရားစွဲဆိုဖွယ်ရှိကြောင်း ဒုရဲမှူးကြီး စိန်ထွန်းက ပြောသည်။



7Day News Journal

No comments:

Post a Comment