ဓာတ်ပုံ - ဇော်ထက် / Myanmar Now
လူသတ်ပေးရန် လာ ကမ်းလှမ်းသည့် အောင်ဝင်းဇော် နှင့် ရဲကလိုက်နေသည့် မြင့်ဆွေ သည် တစ်ယောက်တည်းပင်ဖြစ် ကြောင်း ဦးအောင်စိုးက 7Day Daily သတင်းစာအားပြောကြား သည်။
ရန်ကုန်တိုင်းရဲမှူးချုပ် ၀င်း နိုင်နှင့် ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ပိုင်းကတွေ့ဆုံစဉ် အောင်ဝင်း ဇော်ပုံပြသ၍ မြင့်ဆွေနှင့် တစ် ယောက်တည်းဖြစ်ကြောင်း ပြော ခဲ့သည်ဟု ဆိုသည်။
‘‘လိုင်းပေါ်မှာ တက်နေတဲ့ မြင့်ဆွေပုံဆိုတာ အောင်ဝင်းဇော် ပဲ။ တစ်ယောက်တည်းပဲ။ ရဲကို ကျွန်တော်ပြောလိုက်ပြီ’’ဟု ဦး အောင်စိုးက ပြောသည်။
ကြည်လင်း၏ ထွက်ဆိုချက် ကြောင့် ဦးကိုနီကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သေနတ်ဖြင့်ပစ်သတ်ရန် ညွှန် ကြားခဲ့သူဟု သံသယရှိသော မြင့်ဆွေကို ဖမ်းဆီးနိုင်ရန် မြ၀တီ နှင့် ဘားအံမြို့များ၌ မြင့်ဆွေ အမည်တူ သံသယရှိသူများကိုရဲ တပ်ဖွဲ့က စစ်ဆေးလျက်ရှိသည်။ဦးအောင်စိုးသည် ဦးကိုနီကို သေနတ်ဖြင့် ပစ်ခဲ့သူကြည်လင်း နှင့် မြင့်ဆွေ (အောင်ဝင်းဇော်) တို့နှင့် မန္တလေး အိုးဘိုထောင်တွင် အတူနေခဲ့ဖူးသူဖြစ်သည်။
‘‘ဦးကိုနီ အသတ်ခံရမှုမှာ ကြည်လင်းကိုမိတော့ ဒါအောင် ၀င်းဇော် လက်ချက်ပဲလို့ ကျွန် တော် တန်းသိလိုက်တယ်’’ ဟု ဦးအောင်စိုးကပြောသည်။
ရန်ကုန်မြို့လယ်ကောင်တွင် နိုင်ငံခြားသံတမန်တစ်ဦးကို သတ် ပေးရန် အောင်ဝင်းဇော်က ၎င်းကို ၂၀၁၆ ဇွန်လ၌ လာရောက်ကမ်း လှမ်းခဲ့ကြောင်း ဦးအောင်စိုးက ပြောသည်။
‘‘တကယ်တော့ ကြည်လင်း က ပွန်းအဆင့်ပဲ’’ ဟု ၎င်းကပြော သည်။အောင်ဝင်းဇော်၏ နောက် ကွယ်တွင် တောင့်တင်းသည့်အဖွဲ့ အစည်းရှိကြောင်း ဦးအောင်စိုး က ခန့်မှန်းပြောသည်။ ၎င်းကိုလာကမ်းလှမ်းစဉ်က ကျပ်သိန်းတစ်ထောင်အထိ ပေးခဲ့ခြင်းကိုထောက်ပြသည်။ ‘‘သူ့မှာ အဲဒီလောက်ပေးနိုင်တဲ့အနေအထားမှမရှိတာ။ နောက်ပြီး သူ့နောက်မှာ အဖွဲ့ တောင့်တယ်ဆိုတာ သူ့ပါးစပ်ကိုကထုတ်ပြောတာ’’ဟု ၎င်းကပြောသည်။
Myanmar Now သတင်း ဌာနက ဦးအောင်စိုးနှင့် တွေ့ဆုံ ပြီး ဖော်ပြခဲ့သော သတင်းကြောင့် ရဲတပ်ဖွဲ့က သိလိုသည့် အချက်များကို ဦးအောင်စိုးအား ယမန်နေ့က ခေါ်ယူမေးမြန်းခြင်း ဖြစ်သည်။
Myanmar Now သတင်း ဌာနက ဓာတ်ပုံနှစ်ပုံကို ဦးအောင်စိုးထံ ပြသခဲ့ရာ အောင်ဝင်းဇော်နှင့် မြင့်ဆွေသည် တစ်ဦးတည်းဖြစ်ကြောင်း ၎င်းက အတည်ပြုပေးခဲ့သည်။
‘‘ရဲက အဲဒီပုံကို ဓာတ်ပုံရိုက် ယူထားလိုက်တယ်’’ ဟု ၎င်းက ပြောသည်။
ထောင်ထဲတွင် နေထိုင်စဉ် က အောင်ဝင်းဇော်နှင့်ကြည်လင်း တို့၏ စရိုက်၊ အနေအထိုင်နှင့် စိတ်နေ သဘောသဘာဝတို့ကို လည်းကောင်း၊ ဦးအောင်စိုးအား လူသတ်ပေးရန် လာရောက်ကမ်း လှမ်းခဲ့မှုများကိုလည်းကောင်း၊လူ သတ်မှုဖြစ်စဉ်ကို အထောက်အ ကူဖြစ်စေမည့် အချက်အလက် များကိုလည်းကောင်း ရဲမှူးချုပ်က နှစ်ဦးတည်း တွေ့ဆုံမေးမြန်းခဲ့ ကြောင်း ဦးအောင်စိုးက ပြော ကြားသည်။
‘‘ကျွန်တော့်ကို ကမ်းလှမ်း တုန်းက နိုင်ငံခြားသံတမန်တစ်ဦး ကို သတ်ပေးရမယ်။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဘာသာ အ တွက် အကျိုးရှိမယ်။ ထောင်ကျ ရင်တောင် ဂုဏ်ရှိမယ်လို့ ပြော တယ်’’ဟု ၎င်းကိုကမ်းလှမ်းခဲ့စဉ် က အခြေအနေကို ကိုအောင်စိုး ကပြောသည်။
‘‘ဒီကောင်တွေက စကားကို လှအောင်ပြောမယ်။ ပြီးရင်မိုးထဲ ရေထဲရောက်ရင် ပစ်ထားခဲ့မယ်။ ကြည်လင်း အဲဒီလိုခံရတာလို့ သုံး သပ်တယ်’’ဟု ၎င်းကပြောကြားသည်။
အလုပ်လက်ခံခဲ့မိလျှင် ၎င်း ကိုလည်း ကြည်လင်းကဲ့သို့ပင် ထားခဲ့မည်မှာ သေချာကြောင်း ဦးအောင်စိုးကပြောသည်။
‘‘ဘုရားတောင် ခေါင်းဖြတ် ပြီး ရောင်းစားနေတဲ့ ကောင်မျိုး တွေဗျာ။ကျန်တာ မကောင်းတာ လုပ်ဖို့ ၀န်လေးမှာမဟုတ်ဘူး’’ ဟု ဦးအောင်စိုးကပြောသည်။
ဦးကိုနီကိုသေနတ်ဖြင့် အနီး ကပ်လုပ်ကြံခဲ့သူနှင့် ပတ်သက် သည့် အွန်လိုင်း သတင်းများကို အတည်မယူရန်နှင့် တရားဝင် သတင်းများ ထုတ်ပြန်မည်ဖြစ် ကြောင်း ရဲချုပ်ဇော်ဝင်းက အခင်း ဖြစ်ပြီးလေးရက်အကြာတွင်လွှတ် တော်၌ ပြောကြားသည်။
သို့သော် ငါးရက်ကြာသည် အထိ ရဲတပ်ဖွဲ့က ထုတ်ပြန်ချက် တစ်စုံတစ်ရာမရှိခဲ့ချေ။
ထို့အပြင် ကြည်လင်း၏ ထွက်ဆိုချက်မှတ်တမ်းများလည်း အွန်လိုင်းတွင် ပျံ့နှံ့ခဲ့သည်။
Sources : 7Day News Journal
No comments:
Post a Comment