Latest News

Tuesday, February 21, 2017

ရန်ကုန်မြို့ မှာ ဆေးလိပ်နဲ့အရက် ထိန်းချုပ်သွားမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြော

ရန်ကုန်မြို့ မှာ ဆေးလိပ်နဲ့အရက် ထိန်းချုပ်သွားမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြော

ပညာရှင်တွေ ထိန်းချုပ်ခိုင်းတဲ့ ကဏ္ဍလေးခုက ဆေးလိပ်၊ အရက်၊ ကင်ဆာနဲ့ ဆီးချိုရောဂါတွေ ဖြစ်ပါတယ်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ - ရန်ကုန်မြို့မှာ ဆေး လိပ်နဲ့ အရက်သောက်သုံးတာတွေကို စနစ်တကျဖြစ်အောင် ထိန်းချုပ်တာတွေ ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

သည်နေ့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှာ ကျင်းပတဲ့ နိုင်ငံတော် ဒုတိယသမ္မတ ဦးဆောင်တဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ (တတိယအကြိမ်) မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြည် သူ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ လက်ရှိ ဖွံ့ဖြိုးတိုးတက် နေတဲ့ အခြေအနေမှာ လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့ အခြေအနေက အင်မတန် အရေးကြီးပါတယ်။ လူတွေအကုန်လုံး ကျန်းမာရေးချို့တဲ့ရင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ လူသားအရင်းမြစ်တွေ လိုအပ်နေတာ ဖြစ်ပါတယ်။ လူသားအရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ပညာရှင်တွေက ကဏ္ဍလေးခုကို ထိန်းချုပ်တာလုပ်ဖို့ အကြံပြုထားတာ ဖြစ်ပါတယ်။

ပညာရှင်တွေ ထိန်းချုပ်ခိုင်းတဲ့ ကဏ္ဍလေးခုက ဆေးလိပ်၊ အရက်၊ ကင်ဆာနဲ့ ဆီးချိုရောဂါတွေ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက “ရန်ကုန်ရဲ့ လက်ရှိ ဖွံ့ဖြိုး တိုးတက်နေတဲ့အခြေအနေမှာ လူသားအရင်းမြစ် ဖွံ့ဖြိုးတိုးတက်ဖို့ အခြေအနေက အင်မတန် အရေးကြီးပါတယ်၊ လူတွေအား လုံးချည့်နဲ့သွားမယ်ဆိုရင် ကျွန်တော်တို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေဟာ ဘယ်လိုမှ ဆောင်ရွက်လို့ရတော့မှာ မဟုတ်ပါဘူး။ ဒီအတွက် ပညာရှင်တွေက ထောက်ပြတယ်၊ ကဏ္ဍလေးခုကို (control) လုပ်ဖို့ အတွက် ဆေးလိပ်ဖြစ်ပါတယ်၊ ဆေးလိပ် ကို (ငုနတရုလ)လုပ်ဖို့လိုအပ်မယ်လို့ထောက် ပြပါတယ်၊ နောက်တစ်ခုက အရက် ဖြစ်ပါတယ်။ အရက်သေစာသောက်စားမှုနဲ့ ပတ်သက်ပြီး စနစ်တကျ သောက်တတ်အောင် လည်းကောင်း၊ အရက်ရောင်းဝယ်တဲ့ ပုံစံ အရက်ရဲ့အဆင့်အတန်းကိုလည်းကောင်း၊ ထိန်းချုပ်နိုင်တဲ့ ပုံစံတွေ လုပ်ဖို့ ထောက်ပြ ပါတယ်”လို့ ပြောပါတယ်။

အရက်သောက်တဲ့ ပုံစံ စနစ်တကျသောက်တတ်ဖို့နဲ့ အရက်ရောင်းဝယ်တဲ့ ပုံစံတွေနဲ့ အရက်အဆင့်အတန်းတွေကိုပါ ထိန်းချုပ်မှာ ဖြစ်ပါတယ်။ ဆေးလိပ်နဲ့ ပတ် သက်ပြီး အသိပေးမှု အားနည်းနေပြီး တ ခြားနိုင်ငံတွေက ဆေးလိပ်ဘူးပေါ်မှာကိုပဲ သတိပေးနှိုးဆော်မှုတွေ တော်တော်များများ ရှိနေတာ ဖြစ်ပါတယ်။

ကင်ဆာနဲ့ ဆီးချိုရောဂါ

ကင်ဆာနဲ့ ဆီးချိုရောဂါ ဖြစ်ပွားတာနဲ့ ပတ်သက်ပြီးလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က နိုင်ငံတကာ အဝန်းအဝိုင်းနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး (City) စီးတီးကင်ဆာ စီမံကိန်း ကို ရန်ကုန်မှာ ဆောင်ရွက်ဖို့ ရှိပါတယ်။ ကင်ဆာရောဂါနဲ့ ပတ်သက်ပြီး အသိပညာ ပေး မြှင့်တင်တာတွေ ဆောင်ရွက်မှာ ဖြစ် ပါတယ်။ ဆီးချိုရောဂါနဲ့ ပတ်သက်ပြီးလည်း ရန်ကုန်တိုင်းဒေသကြီးမှာ အသိပညာပေးကို မြှင့်တင်ဖို့ ဆောင်ရွက်ဖို့ ရှိပါ တယ်။

လက်ရှိ ရန်ကုန်တိုင်းအတွင်းမှာ ဆီးချိုရောဂါ ဖြစ်မှုနှုန်း တအား မြင့်တက်နေ တယ်။ ဆီးချိုနဲ့ ကင်ဆာရောဂါကို ကာကွယ်နိုင်ဖို့အတွက် အစားအသောက် လုံ ခြုံစိတ်ချထိန်းချုပ်နိုင်မှု လိုအပ်နေတာ ဖြစ်ပါတယ်။

‘နောက်တစ်ခုက လေ့ကျင့်ခန်းလဲလိုတယ်၊ လမ်းလျှောက်ဖို့ရယ် တော်တော် လိုအပ်ပါတယ်၊ ရန်ကုန်မြို့မှာ လမ်းလျှောက်နိုင်တဲ့ ပလက်ဖောင်းတွေက အစ နည်းလာတဲ့ အခြေကို ပြန်ပြီး ဆောင်ရွက်နိုင်ဖို့ ၊ ကားပါကင်တွေ စနစ်တကျ ဖြစ်နိုင် ဖို့ ၊ အားကစားဆောင်ရွက်နိုင်မယ့် ပန်းခြံတွေ အဆင့်မြင့်နိုင်ဖို့ အတွက် တိုင်းဒေသကြီးအစိုးရ ကြိုးပမ်းဆောင်ရွက်နေမယ်” လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဒေသကြီးရဲ့ ပြည်သူ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး သုံးသပ်ပြောကြားပါတယ်။



ပို့ပို့မြင့်မွန်

ဓာတ်ပုံ - အေပီ


Kumudra

No comments:

Post a Comment