Latest News

Friday, February 10, 2017

တရားရုံးက ဆင့်ခေါ်လာပါက သက်သေထွက်ဆိုမည်ဟု ဦးအောင်စိုးပြော

တရားရုံးက ဆင့်ခေါ်လာပါက သက်သေထွက်ဆိုမည်ဟု ဦးအောင်စိုးပြော



အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် (NLD)ပါတီဥပဒေအကြံ ပေးတရားလွှတ်တော်ရှေ့နေဦး ကိုနီလုပ်ကြံသတ်ဖြတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ တရားရုံးက သက်သေအဖြစ်   ထွက်ဆိုရန် ဆင့်ခေါ်လာပါက သက်သေထွက် ဆိုမည်ဖြစ်ကြောင်း ဦးအောင်စိုးက ဆိုသည်။

‘‘တရားရုံးမှာလည်း သက် သေထွက်ဆိုဖို့လိုမယ်ဆို ထွက်ဆို မှာပါ။ ကျွန်တော်ရှောင်နေမှာမ ဟုတ်ဘူး။ ရွှေည၀ါဆရာတော်က လည်းသူ့ကျောင်းမှာလာနေဖို့ ပြောတယ်။ လုံခြုံရေးအတွက်တာ ၀န်ယူမယ်ပေါ့။ လူဝတ်နဲ့ပဲဖြစ်ဖြစ် သင်္ကန်းစည်းပြီးပဲဖြစ်ဖြစ် လာနေ ဖို့ပြောတော့ ကျွန်တော် ငြင်းလိုက် တယ်။ ကျွန်တော် အဲဒီလိုရှောင် နေမှ တစ်မျိုးထင်နေကြမှာ’’ဟု ၎င်းက ဆိုသည်။

ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ် သက်၍ ပူးပေါင်းတရားခံသည် အောင်ဝင်းဇော်ဖြစ်ကြောင်းထုတ် ဖော်ပြောဆိုခဲ့သူ ဦးအောင်စိုးကို ဖေဖော်ဝါရီ ၈ရက် နံနက်ကစတင်၍ စီအိုင်ဒီက ခေါ်ယူမေးမြန်းခဲ့ပြီး ပြစ်မှုကျူးလွန်သူကြည်လင်းနှင့်အောင်ဝင်းဇော်တို့၏ အကြောင်းအရာများကိုလည်း မေးမြန်းခဲ့ကြောင်း ၎င်းက ဆိုသည်။

‘‘မနက် ၉နာရီခွဲလောက်က တည်းက ညနေ ၄နာရီလောက်အ ထိမေးမြန်းခဲ့တယ်။ ကျွန်တော် ဘယ်တုန်းက မွေးလဲ၊ ဘယ်မှာ စာသင်ခဲ့လဲ၊ ထောင်ဘယ်နှကြိမ် ကျဖူးလဲ၊ ကြည်လင်းနဲ့အောင်ဝင်း ဇော်တို့နဲ့ ဘယ်မှာဆုံတာလဲ၊ ဘယ်တုန်းက လာကမ်းလှမ်းတာ လဲ အဲဒါတွေမေးတာပါ’’ဟု ဦး အောင်စိုးကဆိုသည်။

အကျဉ်းသားဟောင်းဦး အောင်စိုးကို ရန်ကုန်တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှ ရဲမှူးချုပ်ဝင်းနိုင် ကလည်း ဖေဖော်ဝါရီ ၂ရက် မွန်း လွဲတွင်  ခေါ်ယူမေးမြန်းခဲ့ဖူးပြီး ယခုစီအိုင်ဒီက ထပ်မံခေါ်ယူမေး မြန်းခြင်းဖြစ်သည်။

ဦးကိုနီလုပ်ကြံမှု၏အရေး ကြီးကွင်းဆက်ဖြစ်သော အောင်ဝင်းဇော်ကို ဖော်ထုတ်ပေးခဲ့သည့် ဦးအောင်စိုး၏ ဆံပင်ညှပ်ဆိုင် တွင်လည်း အမည်မဖော်လိုသည့် အလှူရှင်တစ်ဦးက ဖေဖော်ဝါရီ ၆ရက်၌ လုံခြုံရေးကင်မရာများ တပ်ဆင်ပေးကြောင်း ဦးအောင်စိုးက ပြောသည်။

‘‘ကင်မရာကတော့ လေးလုံး တပ်ပေးသွားတယ်။ ဒီကိစ္စကို ဖော်ထုတ်ပြီးတဲ့နောက်ပိုင်းမှာ တော့ ရပ်ကွက်ထဲက လူတွေ ဆံ ပင်လာညှပ်တာတော့ နည်းသွား တယ်။ ဒါပေမဲ့ တချို့နယ်ဝေးက လူတွေက သီးသန့်ကျွန်တော့်ဆိုင် ကို လာညှပ်တဲ့သူတွေလည်းရှိ တယ်။ ဖားကန့်တို့၊ မန္တလေးတို့က လူတွေရော၊ ရန်ကုန်ထဲက တခြား မြို့နယ်တွေမှာနေတဲ့သူတွေရော ကျွန်တော့်ဆိုင်မို့လို့ လာညှပ်တာ တွေတော့ရှိတယ်’’ဟု ၎င်းကဆို သည်။


Sources : 7Day News Journal

No comments:

Post a Comment