Latest News

Sunday, February 19, 2017

အစိုးရသစ်လက်ထက်တွင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကမီဒီယာအချို့က ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာပိုင်များ၏သတင်းကို အဓိကထားဖော်ပြနေဟုဆို

အစိုးရသစ်လက်ထက်တွင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကမီဒီယာအချို့က ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာပိုင်များ၏သတင်းကို အဓိကထားဖော်ပြနေဟုဆို


အစိုးရသစ်လက်ထက်၌ သတင်းမီဒီယာ ၁၁ ခုက ဒေါ် အောင်ဆန်းစုကြည်နှင့် အစိုးရ အာဏာပိုင်များ၏သတင်းများကို အဓိကရေးသားဖော်ပြနေခြင်းကို တွေ့ရကြောင်း မီဒီယာလေ့လာစောင့်ကြည့်ရေးအဖွဲ့ Myanmar Institute for Democracy (MID)က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

MID က နိုင်ငံပိုင်သတင်းမီဒီယာလေးခုနှင့် ပုဂ္ဂလိကပိုင်သ တင်းမီဒီယာခုနစ်ခုတို့ကို ၂၀၁၆ မေလ၊ သြဂုတ်နှင့် စက်တင်ဘာ တို့တွင် လေ့လာစောင့်ကြည့်၍ ယခုအစီရင်ခံစာကို ဖေဖော်ဝါရီ ၁၇ ရက်၌ ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။

သတင်းမီဒီယာများတွင် အ စိုးရသတင်းဖော်ပြရာ၌ အဓိက အားဖြင့် နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ပိုမိုအာရုံစူးစိုက်ကာ ရေးသား ဖော်ပြခြင်းကို တွေ့ရကြောင်း MID စီမံကိန်းညှိနှိုင်းရေးမှူး ဦးမျိုးမင်းဇော်က ပြောသည်။

‘‘လေ့လာတွေ့ရှိချက်အရ အစိုးရ၊ ဝန်ကြီးဌာနနဲ့ပတ်သက်တဲ့ သတင်းတွေဆိုရင် အစိုးရမီဒီယာ တွေမှာ အကောင်းဖော်ပြမှုများ တယ်။ ဝေဖန်ပြောဆိုတဲ့သတင်း တွေ နည်းတယ်။ အခုနောက်ပိုင်း အသင့်အတင့် ဖော်ပြလာတာ တွေ့ရတယ်။ မြဝတီမှာတော့ ဝေ ဖန်တဲ့သတင်းမပါဘူး။ အကောင်း သတင်းတွေချည်းပဲ။ ပုဂ္ဂလိက မီဒီယာတွေမှာတော့ အစိုးရနဲ့ပတ် သက်ပြီး ဝေဖန်တာတွေ၊ ထောက်ပြပြောဆိုတာတွေ ရှိလာတယ်’’ ဟု ၎င်းက ဆက်ပြောသည်။

အစိုးရပိုင် ရုပ်သံလိုင်းများဖြစ်သော မြန်မာ့ရုပ်မြင် သံကြားနှင့်တပ်မတော်ပိုင် မြဝတီတို့တွင် ထောက်ပြဝေဖန်မှုမျိုး မရှိဘဲ အစိုးရ(သို့မဟုတ်)တပ်မတော်ကို ထောက်ခံအားပေး တင်ပြသည်ကို တွေ့ရကြောင်း ယင်းအစီရင်ခံစာ၌ ဖော်ပြထားသည်။

ပုဂ္ဂလိကပိုင် မီဒီယာများ တွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သတင်းများကို အကောင်း ပုံစံဖြင့် မကြာခဏဖော်ပြသည်ကို တွေ့ရပြီး စောင့်ကြည့်လေ့လာခဲ့ သည့် ပုဂ္ဂလိကမီဒီယာခုနစ်ခုအ နက် လေးခု၌လည်း ရာခိုင်နှုန်း တော်တော်များများ ဖော်ပြထား သည်ကို တွေ့ရကြောင်း ဦးမျိုး မင်းဇော်က ပြောကြားသည်။

မြန်မာ့ရုပ်မြင်သံကြားတွင် နိုင်ငံရေးဆိုင်ရာ သတင်းဖော်ပြ ရာ၌ အစိုးရကို ၃၈ ဒသမ ၅ ရာ ခိုင်နှုန်းဖော်ပြပြီး နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်ကို ၁၄ ဒသမ ၆ ရာခိုင်နှုန်းဖော်ပြထား၍ မြဝတီ တွင် သတင်းထုတ်လွှင့်ချိန်၏ ၆၅ ရာခိုင်နှုန်းက တပ်မတော်ကို ဖော်ပြထားကာ အစိုးရကို ၁၀ ရာခိုင်နှုန်းနှင့် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်ကို ၅ ရာခိုင်နှုန်းဖော်ပြထားကြောင်း MID ၏အစီရင်ခံစာမှ သိရသည်။

ထို့ပြင် Sky Net (Up to Date)ရုပ်သံလိုင်းတွင် အစိုးရကို ၄၁ ရာခိုင်နှုန်းကျော်၊ နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်ကို ၁၉ ရာခိုင်နှုန်း နှင့် အခြားအစိုးရအာဏာပိုင်များ ကို ၁၃ ဒသမ ၆ ရာခိုင်နှုန်း၊ DVB ရုပ်သံတွင် နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်ကို ၃၄ ရာခိုင် နှုန်းနှင့် အခြားအစိုးရအာဏာပိုင် များကို ၂၀ ဒသမ ၆ ရာခိုင်နှုန်း၊ မြန်မာ့အသံရေဒီယိုတွင် အစိုးရ ကို ၃၅ ရာခိုင်နှုန်းနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို ၁၀ ရာခိုင်နှုန်း၊ BBC ရုပ်သံတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ၁၃ ရာခိုင်နှုန်းကျော်နှင့် အခြားအစိုးရအာ ဏာပိုင်များကို ၂၇ ရာခိုင်နှုန်း ကျော် စသည်ဖြင့် ရေးသားဖော် ပြထားသည်။

မြန်မာ့အလင်းသတင်းစာ တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ၂၁ ရာခိုင်နှုန်းကျော်နှင့် အခြားအစိုးရအာဏာပိုင်ကို ၃၇ ဒသမ ၇ ရာခိုင်နှုန်း၊ The Voice သတင်းစာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို ၂၆ ရာခိုင်နှုန်း ကျော်နှင့် အစိုးရအာဏာပိုင်များ ကို ၁၇ ရာခိုင်နှုန်း၊ Eleven သတင်းစာတွင် အစိုးရကို ၅၀ ရာခိုင်နှုန်း ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ၂၀ ရာခိုင်နှုန်းနှင့် အခြားအစိုးရအာဏာပိုင်များကို ၃၁ ရာ ခိုင်နှုန်းကျော် ရေးသားဖော်ပြထားကြောင်း သိရသည်။

‘‘မီဒီယာတွေမှာ ပြောင်းလဲမှု တွေကို တွေ့ရပေမယ့် အဓိကကျ တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မ တွေ့ရသေးပါဘူး။ အမြင်မတူကွဲ ပြားခြားနားတဲ့ သတင်းတင်ပြမှု တွေ ရှိစေချင်ပါတယ်’’ဟု MeMo 98 အဖွဲ့မှ မီဒီယာလေ့လာစောင့် ကြည့်မှုဆိုင်ရာ ကျွမ်းကျင်သူမစ္စ တာ Ivan Godarsky က သုံးသပ် ပြောကြားသည်။

အင်တာနက်မီဒီယာများဖြစ် သည့် ဧရာဝတီတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို ၃၁ ရာခိုင်နှုန်းကျော်နှင့် အခြားအစိုးရအာ ဏာပိုင်များကို ၁၀ ဒသမ ၅ ရာ ခိုင်နှုန်း၊ မဇ္ဈိမတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ၃၈ ဒသမ ၅ ရာခိုင်နှုန်းနှင့်အခြားအစိုးရအာ ဏာပိုင်များကို ၁၆ ရာခိုင်နှုန်း ကျော်ဖော်ပြထားကြောင်း MID မှ သိရသည်။

MID အဖွဲ့သည် ၂၀၁၅ ရွေး ကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံး ရေးကာလတွင် နိုင်ငံရေးပါတီများ ၏သတင်းဖော်ပြမှု၌ ဘက်လိုက် ဖော်ပြမှုရှိ၊ မရှိ ရုပ်မြင်သံကြား ငါးလိုင်း၊ ရေဒီယိုလိုင်း ရှစ်လိုင်း၊ သတင်းစာ ၁၀ စောင်နှင့် အင်တာ နက် သတင်းမီဒီယာသုံးခုတို့ကို လေ့လာစောင့်ကြည့်ကာ အစီရင် ခံစာထုတ်ပြန်ခဲ့သည်။ ထိုစဉ်ကနိုင်ငံပိုင်မီဒီယာများတွင် အစိုးရ သတင်းများကို ဦးစားပေးဖော်ပြ ပြီး အတိုက်အခံသတင်းကို ၀ ဒသမ ၁ ရာခိုင်နှုန်းသာ ဖော်ပြထား ကာ ပုဂ္ဂလိကသတင်းမီဒီယာများ က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီသတင်းကို ၅၀ ရာ ခိုင်နှုန်းကျော် ရေးသားဖော်ပြခဲ့ ကြောင်း ထုတ်ပြန်ခဲ့သည်။

  ပြီးခဲ့သည့် ၂၀၁၅ ရွေး ကောက်ပွဲတွင် သတင်းမီဒီယာ များကို လေ့လာစောင့်ကြည့်ပြီး အစီရင်ခံထုတ်ပြန်ရာ၌ 7Day Daily သတင်းစာပါဝင်ခဲ့ပြီး ယခု ထုတ်ပြန်သည့် အစီရင်ခံစာတွင် လေ့လာစောင့်ကြည့်မည့် လူအင် အားအခက်အခဲနှင့် ရန်ပုံငွေ ငွေကြေးအခက်အခဲများကြောင့် မပါ ဝင်ခဲ့ကြောင်း ဦးမျိုးမင်းဇော်က ပြောသည်။

7Day News Journal

No comments:

Post a Comment