Latest News

Tuesday, February 21, 2017

၇၅ နှစ်ကြာမှ စာအုပ်လာအပ်လို့ စာကြည့်တိုက်က ဒေါ်လာ ၅၅၀ ဒဏ်ရိုက်

၇၅ နှစ်ကြာမှ စာအုပ်လာအပ်လို့ စာကြည့်တိုက်က ဒေါ်လာ ၅၅၀ ဒဏ်ရိုက်


အမေရိကန်ပြည်ထောင်စု ပင်ဆယ်ဗေးနီးယားပြည်နယ်က စာကြည့်တိုက် တစ်တိုက်မှာ လာအပ်တဲ့ စာအုပ်ကို စစ်ဆေးကြည့်တော့ ၇၅ နှစ်လောက် နောက်ကျနေပါသတဲ့။

ဒါနဲ့ စာကြည့်တိုက်အာဏာပိုင်က ရက်ကျော်ခတွေကို တွက်ကြည့်လိုက်ပြီး ၇၅ နှစ်စာ အမေရိကန်ဒေါ်လာ ၅၅၀ ဒဏ်ရိုက်လိုက်ပါသတဲ့။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှာ အဲဒီစာအုပ်ကို ငှားသွားခဲ့တာဖြစ်ပါတယ်။ စာအုပ်ငှားသွားပြီး ၅ ရက်အကြာမှာပဲ အမေရိကန် ပုလဲဆိပ်ကမ်းကို ဂျပန်က တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီစာအုပ်ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကမှ သွားရောက်အပ်နှံခဲ့တာ ဖြစ်ပါသတဲ့။ အိမ်က မြေအောက်ခန်းထဲမှာ အဲဒီစာအုပ်ကို တွေ့ခဲ့တာပါလို့ မစ္စတာ ရောဘတ်လော့ခ်မန်း ဂျူနီယာက ပြောပါတယ်။ သူ့ဖခင် အသက် ၉ နှစ်သားအရွယ်က ငှားခဲ့တာပါ။ ဖခင်ဟာ ၂၀၁၃ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပြီးတော့ သူသာ ဒီစာအုပ်ကိုတွေ့ရင် ပြန်အပ်ချင်လောက်တယ် ဆိုပြီးတော့ သွားအပ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါသတဲ့။                                    

The Voice

No comments:

Post a Comment