Latest News

Wednesday, February 8, 2017

ရှေးဟောင်း ငွေဘုရားဆင်းတုတော်များ ညောင်လေးပင်မြို့နယ်တွင် တွေ့ရှိ

ရှေးဟောင်း ငွေဘုရားဆင်းတုတော်များ ညောင်လေးပင်မြို့နယ်တွင် တွေ့ရှိ
 
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် အလယ်ရွာကျေးရွာ ဝေဠုဝန်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ပြိုကျနေတဲ့စေတီတော်ကို ပြန်လည်ပြုပြင်တည်ဆောက်ရာမှ မွန်းလွဲပိုင်းက ရှေးဟောင်းဘုရား ဆင်းတုတော်တွေကို ထပ်မံတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ကျောင်းဝင်းထဲမှာရှိတဲ့ စေတီဟောင်းတဆူကို ပြန်လည်ပြုပြင်နေရာကနေ ပန်းတင်ခုံအထက် ဒုတိယပစ္စယံနားအရောက်မှာ ငွေသားအတိ ဉာဏ်တော် ၄ လက်မ အရွယ်ရှိတဲ့ဆင်းတုတော် ၈ ဆူ၊ ငွေသားအတိဉာဏ်တော် ၅ လက်မအရွယ်ရှိတဲ့ဆင်းတုတော် ၆ ဆူ၊ ငွေသားအတိ ဉာဏ်တော် ၆ လက်မအရွယ်ရှိတဲ့ဆင်းတုတော် ၃ ဆူ၊ စုစုပေါင်း ၁၇ ဆူနှင့် သတ္တဌာန ရုပ်ပွားတော်တွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ပဲခူးမြို့ဟောင်းသုတေသနဌာန အငြိမ်းစားအရာရှိတဦး လာကြည့်ပြီး ခန့်မှန်းသွားတာကတော့ ဒီဆင်းတုတော်တွေရဲ့ လက်ရာပုံစံဟာ အင်းဝခေတ်လက်ရာတွေဆိုပြီး ဆရာတော်ကို ပြောဆိုသွားတယ်လို့ ကျောင်းထိုင်ဆရာတော် ဦးခေမာစာရက ဒီဗွီဘီကို ပြောပါတယ်။

မနှစ်က စက်တင်ဘာလတုန်းကလည်း ကျောင်းရှေ့ကစေတီဟောင်းပေါ်မှာ ပေါက်နေတဲ့ နပဲပင်ကို ခုတ်ထွင်ရှင်းလင်းရာကနေ ဆင်းတုတော် ၇၆ ဆူကို တွေ့ရှိဖူးတယ်လို့ သိရှိရပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်(DVB TV News)


No comments:

Post a Comment