Latest News

Wednesday, February 8, 2017

တပ်မတော်မှ ပုဒ်​မ ၅၀၀ ဖြင့် တရားစွဲခံရတဲ့​ကျောင်းသား ၉ ဦး ပထမဆုံး ရုံးချိန်းတက်

တပ်မတော်မှ ပုဒ်​မ ၅၀၀ ဖြင့် တရားစွဲခံရတဲ့​ကျောင်းသား ၉ ဦး

ပထမဆုံး ရုံးချိန်းတက်


မောင်စစ်မှန်(ပုသိမ်)

ဖေ​ဖေါ်ဝါရီ(၈) ရက်။ ၂၀၁၇ ခုနှစ်။
   
ဧရာဝတီတိုင်း​ဒေသကြီး ပုသိမ်​မြို့ ပုသိမ်​​ဟိုတယ်​မှာ ဇန်နဝါရီလ ၉ ရက်နေ့က ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးပွဲမှာ စစ်ပွဲတွေ အလိုမရှိကြောင်း ပြဇာတ်ကပြလို့ တပ်မတော်က တရားစွဲထားတဲ့  ကျောင်းသား ၉ ဦးကို ဒီကနေ့မှာ ပုသိမ်မြို့နယ်တရားရုံးက ရုံးချိန်းခေါ်ယူစစ်ဆေးခဲ့ပါတယ်။

ကျောင်းသား ၉ ဦး ကပြ​ခဲ့တဲ့ ပျက်​လုံးတချို့တွင်​ တပ်​မ​တော်​မိသားစု များအား ဂုဏ်​သိက္ခာထိခိုက်​​စေသည်​ဟု ဆိုကာ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်​မှူးကြီး ​အောင်​မျိုးခိုင်​(စစ်ဦးစီးပထမတန်း)ကနေ  ပုဒ်​မ ၅၀၀/၃၄  တရားစွဲဆိုထားတဲ့အမှုကို ​ရုံးချိန်းခေါ်ယူ စစ်ဆေးခဲ့တာပါ။

ဒီကနေ့ရုံးချိန်းမှာတော့ ပုသိမ်မြို့နယ် တရားသူကြီး ဦးဝင်းအောင်က ကျောင်းသား ၉ ဦးကို ရာဇဝတ်ကျင့်ထုံး ၄၉၆ အရ ငွေကျပ် ၁၀ သိန်းတန် အာမခံပေးခဲ့ပြီး အမှုသွားအမှုလာကို ရှင်းပြကာ ဒုတိယအကြိမ် ရုံးချိန်းအဖြစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ကို ပြန်လည်ချိန်းဆိုခဲ့ပါတယ်။

The Ayeyarwaddy Times

No comments:

Post a Comment