Latest News

Saturday, February 11, 2017

မလိဆန်ပန်ကို သတ်သူ ဖော်ထုတ်နိုင်ရန် အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်း

မလိဆန်ပန်ကို သတ်သူ ဖော်ထုတ်နိုင်ရန် အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်း

မြစ်ကြီးနားမြို့တွင် ဓား ဒဏ်ရာ ၁၉ ချက်ဖြင့် သေဆုံးခဲ့ သော ကချင်တိုင်းရင်းသူ မလိ ဆန်ပန်၏အမှုကို ဖော်ထုတ်နိုင် ရန် ပြည်နယ်နှင့် ခရိုင်အဆင့် ရဲ တပ်ဖွဲ့ဝင်များပါဝင်သော အထူး အမှုစစ်အဖွဲ့ကို ဖွဲ့စည်းကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ သ တင်းရရှိသည်။

မြစ်ကြီးနားမြို့ ကြက်ပေါင် ခြံရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် အသက် (၂၄)နှစ်အရွယ် ကချင် တိုင်းရင်းသူ မလိဆန်ပန်သည် ဓားဒဏ်ရာ ၁၉ ချက်ဖြင့် သေဆုံး နေသည်ကို ဖေဖော်ဝါရီ ၉ ရက် နေ့လယ်က တွေ့ရှိခဲ့သည်။ မလိ ဆန်ပန်ကိုသတ်သော တရားခံအား ဖမ်းဆီးနိုင်ရန် ရဲတပ်ဖွဲ့က ကြိုးစားနေကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦးက ဆိုသည်။

‘‘ကျွန်တော်တို့ ပြည်နယ်ရဲ တပ်ဖွဲ့ကလည်း အဖွဲ့တစ်ဖွဲ့၊ ခရိုင်ကလည်း တစ်ဖွဲ့ နောက်ပြီး နယ်မြေခံရဲက တစ်ဖွဲ့ အားလုံး ပေါင်းပြီး စုံစမ်းဖော်ထုတ်ဖို့ အ ထူးအမှုစစ်အဖွဲ့ခေါ်တာပေါ့။ ပုံ မှန်အားဖြင့်တော့ အမှုစစ်တစ် ယောက်ပဲ စစ်ဆေးဖော်ထုတ်တာ ဖြစ်ပေမယ့် အခုအမှုကတော့ အားလုံးပေါင်းပြီး စုံစမ်းဖော်ထုတ် မယ်’’ဟု ရဲမှူးကြီးထွန်းဦးက ပြော ကြားသည်။

သေဆုံးသူ အမျိုးသမီး၏ နာရေးကိုမြစ်ကြီးနားမြို့ နောင် လန်းဂျော်ဘွန် သုသာန်တွင် ဖေ ဖော်ဝါရီ ၁၁ ရက်နေ့လယ်က ပြုလုပ်ခဲ့ကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်မှ သတင်းရရှိ သည်။ အမှုမှန်ပေါ်ပေါက်စေရေးအထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းသည့်အပေါ်ကြိုဆိုကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆွန်ဆွန်ကပြောသည်။

သေဆုံးသူအမျိုးသမီးသည် သူနာပြုဆရာမတစ်ဦးဟု လူသိ များပြီး မြို့ပေါ်ရပ်ကွက်၌ပင် ဓား ဖြင့် အချက်ပေါင်းများစွာ ထိုး သတ်ခံရခြင်းဖြစ်၍ ဒေသတွင်းလုံ ခြုံရေးအခြေအနေအပေါ် ဒေသခံ များက စိုးရိမ်နေသည်။ ယင်း အမျိုးသမီးနှင့် သိကျွမ်းသော အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၉ ရက်တွင် ခေါ်ယူ စစ်ဆေးပြီး အမှုနှင့်မသက်ဆိုင်ဟု သုံးသပ်ကာ ပြန်လွှတ်ခဲ့သည်။ ယင်းအမှုနှင့်ပတ်သက်၍ မျက် မြင်သက်သေခံများ၏ အကူအညီ ကို ရယူနိုင်ရန် ကြိုးစားနေပြီး ဖေဖော်ဝါရီ ၁၁ ရက်အထိ တစ်ဦး တစ်ယောက်မျှ ထိန်းသိမ်းထား ခြင်းမရှိသေးကြောင်း မြစ်ကြီးနား မြို့ နယ်မြေရဲစခန်းမှူး ဒုတိယရဲ မှူး သန်းဦးက ပြောသည်။ အဆို ပါအမှုကို လူသတ်မှု ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်၍ ရဲတပ်ဖွဲ့က စစ်ဆေးနေသည်။



Sources : 7Day News Journal

No comments:

Post a Comment