Latest News

Thursday, February 16, 2017

တောင်ဒဂုံပစ်ခတ်မှုတရာခံရဲ့ကားတွေ့ပြီ

တောင်ဒဂုံပစ်ခတ်မှုတရာခံရဲ့ကားတွေ့ပြီ



တောင်​ဒဂုံမြို့နယ်​မှာ ထွက်​​ပြေးလွတ်​​မြောက်​​နေတဲ့တရားခံပြေး ​အောင်​နိုင်​မြင့်​(ခ့)နဂါး​လေးဆိုသူ ​မောင်းနှင်​ထွက်​​ပြေးတဲ့ ​မော်​​တော်​ယာဉ်​ကို ဒဂုံဆိပ်​ကမ်းမြို့နယ်​၊ကျီစုသုဿန် လယ်​ကွင်းပြင်​​တွေ အနီးမှာ ​တွေ့ရှိထားတယ်​လို့ ရန်​ကုန်​တိုင်း​ဒေသကြီး ရဲတပ်​ဖွဲ့မှုးရုံးက သိရပါတယ်​။

“တရားခံ​ပြေးရဲ့ကားကို ကျွန်​​တော်​တို့ရထားပါပြီ၊ ‘တရားခံ​ပြေးထွက်​​ပြေးတဲ့​နောက်​ကို ကျွန်​​တော်​တို့အဖွဲ့​တွေ လိုက်​​နေပါတယ်​ ‘ လို့ ရန်​ကုန်​တိုင်း​ဒေသကြီး ရဲတပ်​ဖွဲမှုးရုံးက တာဝန်​ရှိသူ တစ်​ဦး က ​ပြောပါတယ်​။

တရားခံ​ပြေးကို ဖမ်းဆီးရမိ​ရေး အတွက်​ရန်​ကုန်​တိုင်း​ဒေသကြီး ရဲတပ်​ဖွဲ့မှုးရုံးက အရာရှိကြီး​တွေကိုယ်​တိုင်​ကွင်းဆင်​ ကြီးကြပ်​​ဆောင်​ရွက်​​နေတယ်​လို့သိရပါတယ်


မေသော်တာမောင်

Kumudra

No comments:

Post a Comment