မြန်မာပြည်မှာ တိုက်လေယာဉ် ထုတ်တော့မည်
ပါကစ္စတန်နိုင်ငံက ထုတ်လုပ်တဲ့ JF ၁၇ ဘက်စုံတိုက်လေယာဉ်မျိုး မြန်မာပြည်တွင်းမှာ ထုတ်လုပ်ခွင့်နဲ့ ပတ်သက်ပြီးနဲ့ ပတ်သက်ပြီး ညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ Jane’s ကာကွယ်ရေး အပတ်စဉ်ဂျာနယ်ကို မြန်မာလေတပ်နဲ့ နီးစပ်တဦးက ဇန်န၀ါရီလလယ်လောက်က ပြောဆိုတယ်လို့ မဂ္ဂဇင်းမှာ ရေးသားထားပါတယ်။
အခုတိုက်လေယာဉ်တွေဟာ ပါကစ္စတန်မှာ တရုတ်ကုမ္ပဏီနဲ့ ပူးတွဲထုတ်လုပ်တာဖြစ်ပါတယ်။ မြန်မာလေတပ်အနေနဲ့ တရုပ်လုပ် F-7M Air guard လေယာဉ်အမျိုးအစားနဲ့ A-5C Fantan တိုက်လေယာဉ်တွေကို ၁၉၉ဝ နှစ်များအချိန်က ၀ယ်ယူသုံးစွဲနေတာဖြစ်ပြီး အခု ပထမဆုံးအကြိမ် ကိုယ်ပိုင်ထုတ်လုပ်ဖို့ ကြိုးစားနေတာပါ။ အဲဒီ JF-17 အမျိုးအစား တိုက်လေယာဉ်တွေဟာ လာမယ့် ဆယ်စုနှစ်တွေအတွင်း မြန်မာလေတပ်ရဲ့ အဓိက အင်အားဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။
( ဓါတ်ပုံ - ပါကစ္စတန်နိုင်ငံထုတ် JF ၁၇ တိုက်လေယာဉ်ကို တွေ့ရစဉ် )
RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment