သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ပဋိပက္ခမဖြစ်စေရေး ထိန်းသိမ်းပေးဖို့ သာသနာရေးဦးစီးဌာန လျှောက်ထား
ဆရာတော်ကြီးတွေက ထိန်းသိမ်းဆောင်ရွက်ပေးဖို့ လျောက်ထားချက် ထုတ်ပြန်ခဲ့တာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအထောက်အကူပြုအဖွဲ့ဝင် ရှေ့နေဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး သွေးထိုးလှုံ့ဆော်မှုဖြစ်စေတဲ့ မဟုတ်မမှန် ရေးသားဖော်ပြချက်တွေကြောင့် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခ မဖြစ်ပွားစေဖို့ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ဆရာတော်ကြီးများက ထိန်းသိမ်းဆောင်ရွက်ပေးဖို့ သာသနာရေးဦးစီးဌာနက မေတ္တာရပ်ခံလျှောက်ထားချက်တစ်ခု ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ မသမာသူတချို့က ရဟန်းပုဂ္ဂိုလ်ဘွဲ့အမည်အတု၊ အကောင့်အတုတွေနဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေဖို့ ရည်ရွယ်ဖန်တီးတဲ့ သွေးထိုးလှုံ့ဆော်မှုတွေ ဖြစ်ပေါ်စေနိုင်တဲ့ စကားလုံးတွေသုံးစွဲပြီး ရေးသားနေတာက ဘာသာရေးပဋိပက္ခအသွင် ကူးပြောင်းစေနိုင်တာကို တွေ့ရှိရတယ်လို့ သာသနာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လူမှုကွန်ရက် အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြမှုတွေကြောင့် ဘာသာရေး၊ လူမျိုးရေးအမုန်းပွားမှု၊ ပဋိပက္ခတွေမဖြစ်ပွားစေဖို့ တိုင်းဒေသကြီး၊ ပြည်နယ်သံဃာ့နာယကအဖွဲ့ တွေနဲ့ သံဃာအဖွဲ့အစည်းအဆင့်ဆင့်မှ ဆရာတော်ကြီးတွေက လိုအပ်တဲ့ သြ၀ါဒတွေပေးပြီး ထိန်းသိမ်းဆောင်ရွက်ပေးဖို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက မေတ္တာရပ်ခံလျှောက် ထားခဲ့တာလို့ ဇန်န၀ါရီ ၃၁ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဇန်န၀ါရီ ၂၉ ရက်မှာ အင်ဒိုနီးရှားနိုင်ငံကနေပြန်လာတဲ့အချိန်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်သမားတစ်ဦးက အနီးကပ်ပစ်ခတ်လုပ်ကြံခံခဲ့ရပြီး သူ့ကိုလုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ကြည်လင်းကို ဖမ်းဆီးရမိထားပါတယ်။
Source & Photos : 7DayDaily : Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment