Latest News

Wednesday, February 15, 2017

နှုတ်ခမ်းအကြောင်း သိကောင်းစရာ (၇) ချက်

နှုတ်ခမ်းအကြောင်း သိကောင်းစရာ (၇) ချက်

မိမိတို့ခန္ဓာကိုယ်အကြောင်း စိတ်ဝင်စားစရာနဲ့ မပြောတဲ့ အချက်များစွာရှိတာ သိပါသလား။ နှုတ်ခမ်းအကြောင်း သိကောင်းစရာအချက်တချို့ ဝေမျှသွားပါမယ်။

နှုတ်ခမ်းဟာ မိမိတို့ရဲ့ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ထမင်းစားဖို့၊ စကားပြောဆိုဖို့နဲ့ အနမ်းပေးဖို့ အသုံးပြုကြပါတယ်။ ဒါတွေအပြင် လူ့နှုတ်ခမ်းနဲ့ပတ်သက်လို့ တခြားသိကောင်းစရာအချက်က အခြားသတ္တဝါတွေနဲ့ယှဉ်ရင် ထင်ရှားတဲ့ အနားသတ်ရှိခြင်းပဲ ဖြစ်ပါတယ်။

ဒီအရမ်းစိတ်ဝင်စားစရာကောင်းတဲ့ အချက်အလက်တွေအကြောင်း လေ့လာကြည့်ကြရအောင်။

၁။ နှုတ်ခမ်းဟာ လူ့ခန္ဓာကိုယ်ရှိ sensitive အဖြစ်ဆုံး အင်္ဂါရပ်တွေထဲက တစ်ခုဖြစ်ပါတယ်။ သူ့မှာ အာရုံကြောအဆုံးသတ် မီလျံမကရှိပေမယ့် ဒီအာရုံကြောဆဲလ်တွေမှာ ဘယ်အကာအကွယ်ပြုအမြှေးပါးမျိုးမှ မရှိပါဘူး။

၂။ ချွေးဂလင်းတွေမရှိတာကြောင့် နှုတ်ခမ်းမှာ ချွေးမထွက်ပါဘူး။ နှုတ်ခမ်းတွေမှာ ချွေးဂလင်းတွေမရှိတော့ တခြားခန္ဓာကိုယ်အစိတ်အပိုင်းများထက် ခြောက်သွေ့မြန်ပါတယ်။

၃။ နှုတ်ခမ်းက လက်ဗွေကဲ့သို့ တမူထူးခြားတာ သိပါသလား။ လူတစ်ယောက်ဟာ နှုတ်ခမ်းတစ်စုံနဲ့ ဘယ်တော့မှ ခံစားချက်နှစ်မျိုးမရနိုင်ပါဘူး။

၎။ နှုတ်ခမ်းဟာ အတွင်းနဲ့ အပြင် ပြောင်းပြန် တည်ရှိတဲ့ တစ်ခုတည်းသော ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်ပါတယ်။ ဆိုလိုတာက ပါးစပ်ရဲ့အတွင်းခံလိုင်နင်အနားကွပ် ဖွဲ့စည်းထားတဲ့ ချွဲ၊ သလိပ်၊ နှပ်၊ နှာရည်ထွက် အမြှေးပါးက အပြင်ဘက်နဲ့ တစ်ပုံစံတည်းဖြစ်တာကို ပြောချင်တာပါ။

၅။ အသက်ကြီးလာတဲ့အခါ နှုတ်ခမ်း ပိုပါးလေ့ရှိတာ သိပါသလား။ အိုမင်းရဲ့ရော်မှုကြောင့်နဲ့ ခန္ဓာကိုယ်အတွင်း collagen ထုတ်လုပ်မှု လျော့နည်းမှုကြောင့် ဖြစ်ပွားပါတယ်။ Collagen ထုတ်လုပ်မှု လျော့နည်းမှုက နှုတ်ခမ်းပြည့်ဖြူးမှု စတင်လျော့နည်းလာကြောင်း သွယ်ဝိုက်ညွှန်းဆိုပါတယ်။

၆။ နှုတ်ခမ်းက လိင်ကိစ္စကို ဖော်ညွှန်ပြပါသေးတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ နှုတ်ခမ်းပုံစံကနေ သူမရဲ့ လိင်ရမ္မက်ကို သိနိုင်ပါတယ်။

၇။ နှုတ်ခမ်းက လေဖြတ်သွားနိုင်ပါတယ်။ ဒီလို မျက်နှာအကြောသေတာကို Bell's palsy လို့လည်း သိရပါတယ်။ ဒီရောဂါအခြေအနေဟာ မျက်နှာအာရုံကြောဆဲလ်ပျက်စီးမှုကြောင့် ဖြစ်ပွားပါတယ်။

Ref: Boldsky
Trend Myanmar

No comments:

Post a Comment