Latest News

Friday, February 17, 2017

မိသားစု ဒီအင်န်အေ နမူနာ မရပါက ကင်ဂျုံနန်အလောင်းအား လွှဲပေး မည်မဟုတ်ဟု မလေးရှား ပြောကြား

မိသားစု ဒီအင်န်အေ နမူနာ မရပါက ကင်ဂျုံနန်အလောင်းအား လွှဲပေး

မည်မဟုတ်ဟု မလေးရှား ပြောကြား




မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ အဖေတူ အမေကွဲ အစ်ကိုဖြစ်သူ ကင်ဂျုံနန်၏ မိသားစုဝင်များထံမှ ဒီအင်န်အေ နမူနာများ မရပါက ၎င်း၏အလောင်းအား လွှဲပေးမည် မဟုတ်ဟု မလေးရှားက ဖေဖော်ဝါရီ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယခုသီတင်းပတ်အတွင်း လေယာဉ်ပေါ်တက်ရန် ပြင်ဆင်နေစဉ် လုပ်ကြံခံခဲ့ရသော ကင်ဂျုံနန်၏ မျက်နှာပေါ် ပက်ဖြန်းခဲ့သည်ဟုယူ ဆရသော အဆိပ်ကို ဖော်ထုတ်နိုင်ရန် မှုခင်းဆေးပညာ ကျွမ်းကျင်ပညာရှင်များက ဖေဖော်ဝါရီ ၁၇ ရက်တွင် ကင်ဂျုံနန်၏အလောင်းမှ နမူနာများအား စစ်ဆေးခဲ့သည်။

ကင်ဂျုံနန်အလောင်းအား ခွဲစိတ်စစ်ဆေးမှုကို မြောက်ကိုရီးယား သံတမန်များက ကန့်ကွက်ခဲ့သော်လည်း မလေးရှားက လုပ်ထုံးလုပ်နည်းများ မပြီးစီးသေးပါက အလောင်း ပြန်လွှဲပေးရန် ပြုံယမ်း၏ မေတ္တာရပ်ခံမှုရှိ နေသော်လည်း လွှဲပေးမည်မဟုတ်ဟု မလေးရှား တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယခုအချိန်အထိ မိသားစုဝင် သို့မဟုတ် အနီးဆုံး ဆွေမျိုးတစ်ဦးကမျှ ယင်းအလောင်းကို လာရောက်ဖော်ထုတ်ခြင်း သို့မဟုတ် ရွေးယူခြင်း မပြုလုပ်လာသေးကြောင်း၊ ယင်းသေဆုံးသူ  မည်သူမည်ဝါဖြစ်သည်ဟု မှန်ကန်ကြောင်း တိုက်ဆိုင်စစ်ဆေးရန် မိသားစုဝင်တစ်ဦးဦး၏ ဒီအင်န်အေ လိုအပ်နေကြောင်း ဆီလန်ဂေါ ပြည်နယ် ရဲချုပ် အဗ္ဗဒူဆာမာမတ်က ပြောကြားခဲ့သည်။

ကလေး၊ မွေးချင်း သို့မဟုတ် ၀မ်းကွဲတော်သူ တစ်ဦးဦး၏ ဒီအင်န်အေရရှိလျှင်ပင် သွေးသားတော်စပ်မှု ကိုက်ညီကြောင်း ပြသရန် လုံလောက်ပြီး မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်မည်ဖြစ်ကြောင်း မလေးရှား မှုခင်းဆေးပညာ စုံစမ်းစစ်ဆေးရေးတာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ သေဆုံးရသည့်အကြောင်းရင်းအား ဖော်ထုတ်နိုင်ရန်အတွက် အလောင်း ခွဲစိတ်စစ်ဆေးမှုမှ သွေး နှင့် တစ်သျှူး နမူနာများအား စမ်းသပ်စစ်ဆေးမှုများကို ဓာတ်ခွဲခန်းပညာရှင်များက မြန်နိုင်သမျှ မြန်မြန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိပံ္ပ၀န်ကြီးဌာန၏ ဓာတုဗေဒဌာနမှ ဒေါက်တာ ကော်နီလီယာချာရီတိုဆီရီကော့ဒ်က ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မလေးရှားရဲတပ်ဖွဲ့က ဗီယက်နမ်နိုင်ငံကူး လက်မှတ်ကိုင်ထားသည့် အမျိုးသမီးတစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံကူး လက်မှတ်ကိုင်ထားသည့် အမျိုးသမီးတစ်ဦးနှင့် အသက် ၂၆ နှစ်ရှိ မလေးရှားအမျိုးသား မူဟာမက်ဖာရစ်ဒ်ဘင်ဂျလာလူဒင်တို့ကို စစ်မေးနေသည်။ အင်ဒိုနီးရှားက အသက် ၂၅ နှစ်အရွယ် ဆီတီအီရှာသည် အင်ဒိုနီးရှားနိုင်ငံသားဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၆ ရက်နှောင်းပိုင်းတွင် အတည်ပြုခဲ့သည်။

အသက် ၄၅ နှစ်ရှိ ကင်ဂျုံနန်သည် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ မကာအိုသို့ပျံသန်းမည့် လေယာဉ်ပေါ်တက်ရန် ပြင်ဆင်နေစဉ် အမျိုးသမီးနှစ်ဦးက နောက်မှခုန်၍ ၎င်း၏ မျက်နှာကို အရည်တစ်မျိုးဖြင့် ပက်ဖျန်းခဲ့ကြောင်း မလေးရှားက ထုတ်ပြန်ခဲ့သည်။


Ref: AFP

Eleven Media Group

No comments:

Post a Comment