ရီးရဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုဟာ သူ့ရဲ့ အသက် ၃၂ နှစ်ပြည့်မွေးနေ့ကို သူ့မိခင်၊ သားဖြစ်သူတို့နဲ့အတူ သီးသန့်ကျင်းပခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်က မုန်တိုင်းရှိနေတာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ ဆဲလ်တာဗီဂိုအသင်းနဲ့ ကစားမယ့်ပွဲ ရွှေ့ဆိုင်းခဲ့ရပါတယ်။
ပွဲရွှေ့ခဲ့လို့ အားလပ်နေခဲ့တဲ့ ရော်နယ်ဒိုဟာ မိသားစုနဲ့အတူ တိတ်ဆိတ်တဲ့ မွေးနေ့ပွဲလေး လုပ်ခဲ့တာပါ။
ပြီးတော့ သူ့ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်မှာ ဇိမ်ခံပစ္စည်းတွေနဲ့ ရိုက်ထားတဲ့ပုံကိုလည်း အင်စတာဂရမ်မှာ တင်ခဲ့ပါသေးတယ်။
လက်ရှိအချိန်မှာ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ အဓိကပြိုင်ဘက် ဘာစီလိုနာအသင်းထက် ၂ ပွဲ လျော့ကစား တမှတ်အသာ၊ တတိယနေရာက ဆီဗီလာအသင်းနဲ့ ၃ မှတ်အကွာ အနေအထားနဲ့ အမှတ်ပေးဇယားထိပ်က ဦးဆောင်နေပါတယ်။
DVB TV News
No comments:
Post a Comment