Latest News

Tuesday, February 7, 2017

ဦးကိုနီ၏မြေးငယ် ဒဏ်ရာမရသော်လည်း စိတ်ရောဂါကုဆရာဝန်၏ ကုသစောင့်ရှောက်မှုကို ခံယူမည်

ဦးကိုနီ၏မြေးငယ် ဒဏ်ရာမရသော်လည်း စိတ်ရောဂါကုဆရာဝန်၏

ကုသစောင့်ရှောက်မှုကို ခံယူမည်

တရားလွှတ်တော်ရှေ့ နေ ဦးကိုနီလုပ်ကြံခံရချိန်တွင် ချီပိုးထားသော ဦးကိုနီ၏ (၂)နှစ် နှစ်လအရွယ် မြေးငယ်သည် ပြင်ပထိခိုက်မှုမရှိသော်လည်း စိတ် ရောဂါကုဆရာဝန်နှင့် စောင့် ရှောက်မှု ခံယူမည်ဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

ဇန်န၀ါရီ ၂၉ ရက်က တရားလွှတ်တော်ရှေ့နေ   ဦးကိုနီသည် ရန်ကုန်လေဆိပ်တွင် မြေးငယ်ယောက်ျားလေးကို ချီလျက်ကားစောင့်နေစဉ် သေနတ်ဖြင့် အနီးကပ်လုပ်ကြံခံရပြီး ချီပိုးထားသော အဆိုပါကလေးငယ်ပြုတ်ကျခဲ့သည်။ သို့သော်ကလေးငယ်၌  ပြင်ပထိခိုက်မှုမရှိသော်လည်း စိတ်ရောဂါဆရာဝန်နှင့် ပြသ၍ စောင့်ရှောက်မှုခံယူရန်လိုအပ်ကြောင်း ဦးကိုနီ၏သမီး ကလေး၏အဒေါ် ဒေါက်တာရီနွယ်ခိုင်ကပြောသည်။

‘‘ပွန်းတာ၊ ပဲ့တာတော့ မရှိ ပေမယ့် စိတ်ပိုင်းဆိုင်ရာတော့ တော်တော်ကြီးကြီး လန့်သွား တယ်ထင်တယ်။ အခုအဆင်ပြေ နေလိုက်၊ သူ့ဟာသူငိုင်ပြီးတော့ ချက်ချင်းမျက်ရည်ပေါက်တွေကျ ပြီး အော်ငိုလိုက်ဖြစ်နေတယ်’’ဟု ၎င်းကပြောသည်။ ‘‘သိပ်နုသေးတယ်။ သူ့စိတ် ထဲမှာ ဘာဖြစ်သွားလဲ အစ်မတို့ မသိဘူး။ အနီးကပ်ဆုံးရှိနေတာ သူဆိုတော့လေ။ အတတ်နိုင်ဆုံး တော့ အဲဒီအချိန်တွေ မမေးမိ အောင် ထား ထားတယ်’’ဟု ၎င်း က ပြောသည်။

အဆိုပါကလေးငယ်သည် ဦးကိုနီလုပ်ကြံခံရစဉ်တွင် အနီး ကပ်ဆုံးရှိနေပြီး ၎င်းလဲကျချိန် မြေကြီးပေါ်တဖြည်းဖြည်း ပြုတ်ကျသွားခဲ့ခြင်းကြောင့် ပြင်ပဒဏ်ရာမရခဲ့ကြောင်း မျက်မြင်သက်သေ အငှားယာဉ်မောင်း ကိုသီဟကပြောသည်။

‘‘သေနတ်သံက သိပ်ကျယ် တော့ နားစည်ဒဏ်ရာရတာဖြစ် နိုင်သလို မျက်လုံးထဲ ယမ်းမှုန့် စဉ်တာတွေလည်း ဖြစ်နိုင်ပါ တယ်။ အဲဒီလိုတွေမဖြစ်တော့ တော်သေးပေမယ့် ငယ်လည်း ငယ်သေးတော့ စိတ်ထဲမှာ ဒဏ် ရာဖြစ်နိုင်တာမို့ သေချာစောင့် ရှောက်ပြီး ဒီအကြောင်းအရာတွေ ကို သူ့ရှေ့မှာ မပြောမိဖို့ လိုပါ တယ်’’ဟု စိတ်ရောဂါဆရာဝန် ဒေါက်တာ ကျော်မင်းက ပြော သည်။

Sources : 7Day News Journal

No comments:

Post a Comment