လူမသိ သူမသိသေးတဲ့ ဦးကိုနီအကြောင်း
(Dr Melissa Crouch ဒေါက်တာ မယ်လစ်ဆာ ခရော့ခ်ျ ပြောပြသည်)
ဒီအပတ် တနင်္ဂနွေနေ့က ထင်ရှားတဲ့ မွတ်စလင်
ရှေ့နေတစ်ယောက်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ထံပါးမှာ အနီးကပ် ဥပဒေအတိုင်ပင်ခံ လုပ်နေတဲ့ ဦးကိုနီဟာ အကြမ်းဖက်သမားတစ်ဦးလက်ချက်နဲ့ အနီးကပ် ပစ်သတ်ခံခဲ့ရပါတယ်။
မယ်လီဆာ ခရော့ခ်ျဟာ သူ့ဘ၀ရဲ့ ဇာတ်ကြောင်းနဲ့ သူပြောပြခဲ့တဲ့ ဥပဒေဆိုင်ရာ စကားများကို အနှစ်ကြီးပဲ ပြန်ပြောင်း သုံးသပ်ပြခဲ့ပါတယ်။
ဦးကိုနီဟာ ၁၉၅၃ ခုနစ်မှာ ကသာမြို့နားက တောရွာလေးတစ်ရွာမှာ မွေးဖွားခဲ့သူ တစ်ယောက်ဖြစ်ပြီး ဖခင်ဖြစ်သူမှာ အိန္ဒိယနွယ်ဖွား ကပြားတစ်ဦးနှင့် မိခင်ဖြစ်သူမှာ ဗမာဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်ပါတယ် ။ မြန်မာနိုင်ငံဟာ ဗြိတိသျှ အိန္ဒိယ ကိုလိုနီလက်အောက်ကို ကျရောက်ခဲ့ဖူးတဲ့ အဲဒီအချိန်အခါမှာ ၁၉၀၀ ခုနှစ်ကာလ အစောပိုင်းလက်ထက်လောက်တုန်းက သူရဲ့ဖခင်ဟာ ဗြိတိသျှ- အိန္ဒိယ စစ်တပ်နဲ့ အတူ အမှု့တော်ထမ်းရင်း ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဦးကိုနီ၏မိခင်ဖြစ်သူကလည်း မွတ်စလင် ဖခင် ဖြစ်သူနဲ့ ဗုဒ္ဓဘာသာ မိခင်ဖြစ်သူကနေ ( ဦး ကိုနီ အဖိုး အဖွား ကို ဆိုလိုခြင်း ဖြစ် )မွေးဖွားလာခဲ့သူ တစ်ဦးဖြစ်ပါတယ်။ သို့သော် သူကတော့ ဗုဒ္ဓဘာသာ ဖြစ်ခဲ့ ပါတယ် ။
သူနေထိုင်ခဲ့တဲ့ ရွာလေးမှာ မိသားစုဝင်ပေါင်း ၁၈၀ လောက်ပဲရှိပြီး လူဦးရေးအားဖြင့်လည်း တစ်ထောင် လောက်ပဲရှိကာ မွတ်စလင် နဲနဲပဲ ရှိပါတယ်။ သူဟာ ကသာမှာပဲ ဆယ်တန်းကို ၁၉၇၀မှာ အောင်မြင်ပါ တယ်။ သူ့ရဲ့ ကျောင်းကတော့ ဆိုရှယ်လစ်စနစ်မှာ သင်ရတဲ့ ကျောင်းပဲ ဖြစ်လို့ မြန်မာလိုသာ အသင်များပါတယ်။
သူ ဘာကြောင့် ရှေ့နေအဖြစ်နဲ့ အသက်မွေးဝမ်းကြောင်းပြုဖို့ ဆုံးဖြတ်ရသလဲလို့ ကျမမေးတဲ့အခါ သူက မဆိုင်းမတွပဲ သူ့မိခင်က သူ့ကို ရှေ့နေတစ်ယောက် ဖြစ်လာဖို့ တိုက်တွန်းခဲ့ကြောင်း၊ အဘယ် ကြောင့်ဆိုသော် သူက အငြင်းအခုန်မှာ အလွန်အားသန်သူတစ်ယောက် ဖြစ်တဲ့အတွက်ပဲ ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။
သူ့ရဲ့ လက်ဖျားခါလောက်တဲ့ ဟောပြောမှု့အတတ်ပညာဟာလည်း အစောပိုင်းနှစ် များမှာပဲ အံ့မခန်းတိုးတက်လာခဲ့ပါတယ်။ ကသာမှာ တကယ့်ကို လူကြီးလူကောင်းဆန်တဲ့ ရှေ့နေ တစ်ယောက်နဲ့ တွေ့ခဲ့ပြီး သူ့ဘ၀ တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့ပါတယ်။
အဲဒီလူကို မြို့ခံတွေ တော် တော်များများက ကြည်ညိုခဲ့ကြပါတယ်။ ဒါကြောင့် သူက ဥပဒေပညာပိုင်းကို လေ့လာလိုက်စားဖို့ စိတ်အားထက်သန်လာခဲ့ပြီး သူ့မိခင်ရဲ့ တိုက်တွန်းမှု့ကလည်း သူ့ကို အားသစ်လောင်းလိုက်သလို ဖြစ်စေခဲ့ပါတယ်။
ဦးကိုနီဟာ တက္ကသိုလ်ကို ၁၉၇၀-ခုနှစ်မှာ ရောက်ပါတယ်။ အင်းဝဆောင်မှာ အဆောင်ကျောင်းသား အဖြစ် နေထိုင်ခဲ့ပါတယ်။ ဘီအေကို လေးနှစ်နဲ့ အလ်အလ်ဘီကို တစ်နှစ် သင်ယူခဲ့ပါတယ်။ သူ့ရဲ့ အနှစ်ခြိုက်ဆုံး ဖြစ်ခဲ့တဲ့ ဘာသာရပ်ကတော့ တရားမမှု့နဲ့ သက်သေတို့ ဖြစ်ပါတယ်။ သူလေးစားခဲ့ ရတဲ့ သူ့ဆရာ ပရော်ဖက်ဆာ တစ်ဦးကတော့ ဌာနမှူး ဦးတင်အုံးပဲ ဖြစ်ပါတယ်။
သူ့အပေါ်မှာ တိုက်တွန်းအားပေးခဲ့တဲ့ ဆရာနှစ်မျိုးနှစ်စားရှိကြောင်း သူက ပြန်ပြောင်းပြောပြခဲ့ပါတယ်။ ပထမတစ်မျိုးကတော့ သူတို့ ကျောင်းသားတွေအပေါ်မှာ မမောနိုင်မပန်းနိုင် ပညာကို သင်ကြားပြသ ပေးရင်း ဒီကျောင်းဆရာအလုပ်ဘ၀မှာပဲ ၇င်းနှီးမြုပ်နှံထားကြတဲ့ ဆရာ/ ဆရာမတွေရယ်၊ နောက်တစ် မျိုးကတော့ အချိန်ပိုင်းလာသင်တဲ့ လုပ်ငန်းခွင်ထဲမှာ အောင်မြင်ကျော်ကြားတဲ့ ရှေ့နေတွေရယ်၊ ဒါမှ မဟုတ် အသက်ကြီးပိုင်း ပညာသဘာရင့်နေတဲ့ ရှေ့နေအသင်းက ဆရာတွေရယ်ပဲ ဖြစ်ပါတယ်။
ဦးကိုနီ စတုတ္ထနှစ် ရောက်တော့ ဆိုရှယ်လစ်အစိုးရက ၁၉၇၄-ဖွဲ့စည်းပုံ အခြေခံဥပဒေကို စတင် မိတ် ဆက်ခဲ့ပါတယ်။ ဆိုရှယ်လစ်တွေရေးဆွဲထားခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို အတည်ပြုပေးဖို့ ၁၉၇၂-ခုနှစ်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ပြုလုပ်ခဲ့ပါတယ်။
သူမှတ်မိခဲ့တာကတော့၊ ကျောင်းသား တော်တော်များများဟာ တိုင်းပြည်ကို ပါတီစုံစနစ်ကနေ တစ်ပါတီ အာဏာရှင်စနစ်ကို ကူးပြောင်းလိုက် တဲ့အပေါ်မှာ အဲဒီမူကြမ်းကို တော်တော်လေးကို ကန့်ကွက်ကြပါတယ်။ ကျောင်းသားတွေကို မဲပေးခိုင်း တဲ့ အဲဒီနေ့ကို သူမှတ်မိသေးတယ်လို့ ဆိုပါတယ်။ အဲဒီမှာ အနက်ရောင်ပုံးမှာ ကြက်ခြေခတ်ထားပြီး မထောက်ခံမဲပုံးနဲ့ အဖြူရောင်မဲပုံးမှာတော့ အမှန်ခြစ်ထားပြီး ထောက်ခံမဲပုံးလို့ ရေးထားတယ်လို့ ဆိုပါ တယ်။ ကျောင်းသားတွေ တော်တော်များများက အနက်ရောင်မဲပုံးမှာပဲ ကွေ့ပတ်ပြီး မဲသွားထည့်ကြ တယ်လို့ ဆိုပါတယ်။
ညနေရောက်တော့ ကြေညာတော့ ကျောင်းသားအများစုက ၁၉၇၄ ခုနှစ် ဖွဲ့စည်း ပုံ အခြေခံဥပဒေကို ထောက်ခံမဲပေးခဲ့ကြတယ်လို့ ကြေညာပါတယ်။
ဦးကိုနီ ကျောင်းပီးတဲ့အခါမှာ တက္ကသိုလ် ဆ၇ာမတစ်ယောက်က တိုက်တွန်းတဲ့အတိုင်း နံမည်ကြီး ရာဇ၀တ်မှု့ လိုက်တဲ့ ရှေ့နေနဲ့ တက္ကသိုလ် ကထိကဟောင်း တစ်ဦးဖြစ်သူ ဦးကိုယု ထံပါးမှာ သွား အလုပ်လုပ်ပါတယ်။ သူအရင်ကတည်းကလည်း ဦးကိုယုဟာ ၁၉၇၀ နှောင်းပိုင်းလောက်မှာ သူ့ ဘ၀ မှာ အတော်လွှမ်းမိုးခဲ့တဲ့ သူတစ်ယောက်လို့ သူဝန်ခံပါတယ်။ ဦးကိုယုဆီကနေ သူ စာဘယ်လို သင်ရ မလဲ၊ ရှေ့နေကောင်းတစ်ယောက် ဖြစ်အောင် ဘယ်လို ကျင့်ကြံအားထုတ်ရမလဲဆိုတာ သူသင်ယူပါ တယ်။
သူရဲ့ အလုပ်သင်ဆရာ ဦးကိုယုဟာ ၈၈ အရေးတော်ပုံကြီးဖြစ်လာတော့ ဘားကောင်စီ ကြေညာချက် ထုတ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- အန်အလ်ဒီမှာ ဗဟိုလုပ်ငန်းဆပ်ကော်မတီထဲမှာ ပါဝင်လာခဲ့ ပါတယ်။ ဦးကိုနီကတော့ အဲဒီအချိန်မှာ ရန်ကုန်တက္ကသိုလ် အဝေးသင်မှာ ဆရာအဖြစ်နဲ့ ၀င်ရောက် လုပ်ကိုင်နေတုန်း ဖြစ်ပါတယ်။ ဦးမောင်မောင်အေးတို့လို နံမည်ကြီး ဂုရုရှေ့နေကြီးတွေနဲ့ဆီကနေ လည်း ပညာလက်ထပ် သင်ယူခွင့် ရခဲ့ပါတယ်။
၈၈ မတိုင်ခင်မှာပဲ သူက ဦးကိုယုဆီကနေ အလုပ်ကထွက်ပြီးတော့ သူ့ရဲ့ အိမ်မှာပဲ ရုံးခန်းသေးသေး လေးကို ဖွင့်ခဲ့ပါတယ်။ ၁၉၉၄-ခုနှစ်မှာ ရှေ့နေ ခုနစ်ယောက်နဲ့အတူ လော်ရယ် ဥပဒေ အကျိုးဆောင် လုပ်ငန်းကို တည်ထောင်ခဲ့ပါတယ်။ အဲဒီကနေ အောင်မြင်ကျော်ကြားတဲ့ အမှု့လိုက်ရှေ့နေကောင်း တစ်ယောက်နဲ့ အလုပ်သင်ဆ၇ာတစ်ယောက် ဖြစ်လာပါတယ်။
အလုပ်သင် ကျောင်းသားပေါင်း တစ်ရာကျော်လောက်တောင်မှ ၂၀၁၄-ခုနှစ်မှာ၊ ကြီးကြပ်ခွင့် ရလာခဲ့ပါတယ်။
၈၈ အကြောင်းကို သူ အကျဉ်းချုပ်ပြောကြားရာမှာတော့ အဲဒီအချိန်တုန်းက ခလေးငယ်ငယ်လေး ရှိသေးတာကြောင့် မိသားစုကို ကျွေးမွေးစောင့်ရှောက်ရမဲ့ အဖေတစ်ယောက် တာဝန်လည်းရှိလို့ နိုင်ငံ ရေးကို ကောင်းကောင်း မလုပ်ဖြစ်ဖူးလို့ ဆိုပါတယ်။
ဥပဒေ ရေးရာ ကိစ္စ၇ပ်များနဲ့ ပတ်သတ်လာရင် ဦးကိုနီဟာ မီဒီယာထက်မှာ စကားပြောနိုင်တဲ့သူ တစ်ယောက်ဖြစ်ပြီး လွှတ်တော်အမတ်တွေ၊ ရှေ့နေပေါက်စတွေ တော်တော်များများကိုလည်း သင်ကြားပြသခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘာကြောင့် ပြင်သင့် ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ပြောနိုင်တဲ့သူ တစ်ယောက်ဖြစ်ပြီး တိုင်းပြည်ရဲ့ ဆူးညှောင့်ခလုပ်လို ဖြစ်နေတဲ့ အမုန်းစကားတွေကို ဆန့်ကျင်တဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ပတ်သတ်ပြီး တော်တော်လေး ပြောခဲ့သလို အစိုးရက ဗဟိုတရားရုံးကြီးကို ရောင်းချဖို့ လေလံပစ်တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီးတော့လည်း ရှေ့ထွက် ဆန္ဒပြခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။
ဗဟိုတ၇ားရုံးနဲ့ ရဲရုံးကြီးတို့ဟာ ထိုအချိန်က ဟိုတယ်အဖြစ် ပြောင်းမယ်ဆိုပြီး ကောလဟာလတွေတောင် ကျယ်ကျယ်ပြန့်ပြန့် ထွက်လိုက်ပါသေးတယ်။
သူဟာ ၅၉ (စ) ကို ပါလီမန်က ဆိုင်းငံထားနိုင်တယ်လို့ ထောက်ပြခဲ့သူ တစ်ယောက်လည်း ဖြစ်ပြီး ၊ အဲဒီအချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်ကနေ တားဆီးထားတာ ဖြစ်ပါတယ်။
ယင်းသို့ ဖြစ်နေတာတောင် သူဟာ သူ့ကိုယ်သူ မွတ်စလင်တစ်ယောက်ဆိုပြီး ဖုံးကွယ်ထားတာ မရှိပါ ဘူး။ ၂၀၁၂ ခုနှစ်မှာ ၇ခိုင်အရေးခင်းတွေ ဖြစ်တော့ ဗုဒ္ဓဘာသာ အစွန်းရောက် အုပ်စုတွေ ပေါ်လာပြီး မွတ်စလင် ဆန့်ကျင်ရေး လှုံ့ဆော်ခဲ့ပါတယ်။ ဒီလိုကိစ္စရပ်တွေ ဖြစ်လာတော့ ဦးကိုနီအပါအ၀င် မွတ် စလင်တွေဟာ နိုင်ငံရေးနဲ့ တစ်ခြားသော ကိစ္စတွေမှာ လုပ်ရကိုင်ရ ခက်လာပါတယ်။
၂၀၁၄ ဖေဖေါ်ဝါရီ လောက်မှာ ဦးကိုနီဟာ မြောက်ဥက္ကလာပမှာ ကျင်းပတဲ့ စာပေဟောပြောပွဲ တစ်ခု မှာ ဘုန်းကြီးအစွန်းရောက်တွေရဲ့ တားမြစ်ခြင်းကို ခံခဲ့ရပြီး သူနဲ့ နောက်ထပ် အစ္စလာမ်ဘာသာဝင် တစ်ယောက်ကို ဒီနိုင်ငံနဲ့ မဆိုင်တဲ့အတွက် မဟောပြောရန် ပြောဆိုခြင်းခံခဲ့ရပါတယ်။
၂၀၁၅ မှာ အန်အလ်ဒီပါတီက သောင်ပြိုကမ်းပြို နိုင်ခဲ့ပြီး ရခိုင်ပြည်နယ်မှာ ရှိတဲ့ မွတ်စလင်တွေဖက်ကို ဆိုးဆိုးဝါးဝါးလှည့်လာခဲ့ပါတယ်။ မွတ်စလင်အများစု လက်ဝယ်မှာ ရှိကြတဲ့ ၀ိုက်ကဒ်တွေကိုလည်း ပြန် သိမ်းလိုက်ပြီး မဲပေးခွင့် တာမြစ်လိုက်ပါတယ်။ ၀ိုက်ကဒ် ကိုင်ဆောင်သူတွေဟာ ၁၉၉၀ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွေမှာ မဲပေးခွင့် ရခဲ့ပြီး ဆန့်ကျင်ဘက် နိုင်ငံရေး အခြေနေ ဖြစ်ခဲ့ပါတယ်။ ဦးကိုနီ ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ၀ဲသြဃထဲမှာပဲ တ၀ဲလည်လည် ဖြစ်နေခဲ့ရပါတယ်။
ဒါ့အပြင် ဦးကိုနီဟာ ဗဟိုကော်မတီကနေ မွတ်စလင်အမတ်တွေ တစ်ယောက်မှ မရွေးချယ်ခဲ့တဲ့ အပေါ်မှာ မွတ်စလင်အမတ်တွေ တစ်ယောက်မှ မပါဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့အပေါ်မှာ အန်အလ်ဒီ ပါတီကို ဒဲ့ဒိုး ဗြောင်ကြီး ဝေဖန်ခဲ့ပါတယ်။ သူအဲဒီတုန်းက အတော်လေးကို စိတ်ပျက်လက်ပျက် ဖြစ်နေ တယ်ဆိုတာ သူပြောတဲ့ စကားတွေကို ကြည့်ပြီး ပြန်ပြောင်း မှတ်မိနေပါတယ်။ အစွန်းရောက် ဗုဒ္ဓဘာ သာ ဘုန်းတော်ကြီးတွေရဲ့ ခြိမ်းခြောက်တဲ့ ဗျူဟာကြောင့်လိုဆိုပြီး သူဟာလုံးဝ တွေဝေ တုန့်ဆိုင်းခြင်း မရှိခဲ့ပါဘူး။
နိုင်ငံတကာ သတင်းမီဒီယာတွေမှာ သူဟာ မွတ်စလင်ရှေ့နေတစ်ယောက်၊ အန်အလ်ဒီ ဥပဒေ အကြံ ပေးတစ်ယောက် အဖြစ်မကြာခဏ ပုံဖေါ်ခံရပေမဲ့ သူ့ကို ဒီထက်မက သတိရတသ ပြဖို့ လိုပါတယ် ။ သူဟာ သူ့ကိုယ်သူ လွတ်လွတ်လပ်လပ်နေတယ်၊ မကြာသေးခင်နှစ်များအတွင်းက အန်အလ်ဒီက အစွန်းရောက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကို အလျော့ပေးလိုက်လျောခဲ့တုန်းကလည်း သူဘက် က လွတ်လွတ်ကင်းကင်းနေခဲ့တာကို ကျမ ပြန်ပြောင်း အောင့်မေ့မိပါသေးတယ်။
ဦးကိုနီဟာ ၂၀၁၃-ခုနှစ်ကနေ အခုထိ သြစတြေးလျ- မြန်မာ ဒီမိုကရေစီဆိုင်ရာ ဖွဲ့စည်းပုံ ပရောဂျက် ကိစ္စရပ်တွေမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲရေးနဲ့ ပတ်သတ်ပြီး ပုံမှန် တက်ရောက်နေသူ တစ်ဦး လည်း ဖြစ်ပါတယ် ။ ဒီလို သင်ကြားပုံမျိုးဟာ ဘယ်လိုပဲ ဖြစ်ဖြစ် အတော်လေးကို နားလည်မှု့ ဆန် ပါတယ်။ သူ ကျမတို့ အပေါ် အချိန်ပေးခဲ့တာတွေ နဲ့ သူ့ရဲ့ အတွေ့အကြုံတွေကို ကျမတို့ရဲ့ အလုပ် ရုံ ဆွေးနွေးပွဲတွေမှာ မျှဝေပေးခဲ့တာတွေအတွက် အကြွေးတင်နေသလို ခံစားရပါတယ်။ သူ၏ စိတ်ရှည် သီးခံမှု့တွေနဲ့ ကျမတို့ရဲ့ မဆုတ်မနစ်ကြိုးစားမှု့တွေ အပေါ်မှာလည်း သူက အထောက်အကူပေးခဲ့ ပါတယ်။
လွန်ခဲ့တဲ့ နှစ်တွေတုန်းက သူဟာ ရှေ့နေအသင်းတော်တော်များများနဲ့ ရှေ့နေ ကိစ္စရပ်တွေမှာ ကြား ကန်ပေးခဲ့ပါတယ်။ သူဟာ သိပ်မကြာသေးခင်ကာလမှာတော့ မြန်မာမွတ်စလင် ရှေ့နေများအသင်း မှာ ပါဝင်လာခဲ့ပါတယ်။ မြန်မာ မွတ်စလင်အခွင့် အရေးတွေကို ကာကွယ်ပေးဖို့ လိုအပ်တယ်လို့ သူယုံ ကြည်ထားပေမဲ့ လက်တွေ့မှာတော့ ထဲထဲဝင်ဝင် မလုပ်ဆောင်ပေးနိုင်ခဲ့ပါဘူး။
သြဂုတ်လ ၂၀၁၆ ခုနှစ်လောက်တုန်းက ဦးကိုနီနဲ့ ကျမ လက်ရှိအခြေနေနဲ့ ပတ်သတ်ပြီး ဖုန်းနဲ့ စကား ပြောဖြစ်ကြပါသေးတယ်။ ဦးကိုနီဆီကနေ အခုလောက် စိတ်ပျက်အားလျော့နေတဲ့ လေသံမျိုးကို ကျမ တစ်ခါဖူးမှ မကြားခဲ့ရဖူးပါဘူး။ သူဟာ လူသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေး၊ လူ့အခွင့်ရေး၊ လုံခြုံရေး ပဓာန ကိစ္စတွေကို အတော်လေးကို စိုးရိမ်နေခဲ့ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေတို့လို၊ လူ့ အခွင့်ရေး ကိစ္စရပ်တွေတို့လို ကိစ္စတွေမှာ ပြည်သူတွေက ထုတ်ဖေါ်ပြောကြားရင် မလုံခြုံတော့ဘူး လည်း သူက သတိပေးပြောကြားခဲ့ပါသေးတယ်။
ဦးကိုနီနဲ့ ပတ်သတ်လာရင် ကျမတို့ မသိနိုင်တဲ့အရာတွေ အများကြီး ရှိပါသေးတယ်။ သူဟာ တကယ့် ကိုမှ သစ္စာရှိတဲ့ ဖခင်ကောင်းတစ်ယောက်၊ ခင်ပွန်းကောင်းတစ်ဦးနဲ့ အဖိုးတစ်ဖုံ ဖြစ်ပါတယ်။ သူ့ခလေး တွေ အနာဂတ်အတွက် စိုးရိမ်ပူပန်မှု့ ကြီးလွန်းခဲ့ယုံသာမက၊ တိုင်းပြည်အနာဂတ် အတွက်လည်း အတော်လေးကို စိုးရိမ်ပူပန်နေခဲ့ပါတယ်။
ကျမ မြန်မာနိုင်ငံရဲ့ အစ္စလာမ်နှင့် နိုင်ငံတော် စာအုပ်ကို ရေးဖို့ ပြင်ဆင်နေတဲ့အခါ ၊ မြန်မာနိုင်ငံတော် ကို တကယ်ပဲ အသက်နဲ့ လဲပြီး အလုပ်ကျွေးပြုခဲ့ကြတဲ့ အစ္စလာမ့် သူရဲကောင်းတွေ အတော်များများ ကို တွေ့ခဲ့ရပါတယ်။ ဦးရာရှစ်တို့လို၊ ဦး ရာဇက်တို့လို ပေါ့။
ဒါပေမဲ့ ဦးကိုနီလိုတော့ ခေတ်ပြိုင်ထင်ရှားတဲ့ သူတစ်ယောက်မှ မတွေ့သေးပါဘူး ။
နောင်လာမဲ့ နှစ်ပေါင်းများစွာ လောက်အထိ မြန်မာနိုင်ငံမှာ ဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သတ်ပြီး အသံထွက် ပေးတဲ့ လူတစ်ယောက် အဖြစ် ဂုဏ်ပြုရေးသားရအောင်လည်း အခုချိန်မှာတော့ စောလွန်းပုံရပါတယ်။
မြန်မာ့သမိုင်းမှာတော့ ဦးကိုနီကို မွတ်စလင် လူထုခေါင်းဆောင် သူရဲကောင်းနဲ့ ကြီးကျယ်လှတဲ့ ဥပ ဒေ ပညာရှင် အချို့နဲ့အတူ သတိရပြသဖို့တော့ လိုအပ်ပါတယ်။ သူဟာ စစ်တပ်ရဲ့ နှစ်ပေါင်းများစွာ အုပ်ချုပ်မှု့အောက်ကနေ ပွင့်ပေါ်လာတဲ့ ဗုဒ္ဓဘာသာဝင် အများစုရှိတဲ့ တိုင်းပြည်ကြီးထဲက အသက်ကို ပဓာနမထားပဲ အသံထွက်ရဲတဲ့ ဂုဏ်ပြုထိုက်သူ ထင်ရှားတဲ့ ရှေ့နေတစ်ယောက် ဖြစ်ပါတယ်။
အရင်ကထက်ပိုပြီး ဦးကိုနီလို အသံထုတ်တဲ့ သူမျိုးတွေ မြန်မာပြည်မှာ များများစားစား လိုအပ်လာ ပါပြီ ။
ဒေါက်တာ မယ်လီဆာ ခရော့ခ်ျဟာ နယူးဆောက်ဝေးလ် ယူနီဗာစီတီးက စီနီယာ ကတိက ဆရာမ တစ်ဦး ဖြစ်ပါတယ် ။
Ye K Htwe ဘာသာပြန်ဆိုသည်။
http://www.newmandala.org/personal-tribute-u-ko-ni/
Subscribe to:
Post Comments (Atom)
No comments:
Post a Comment