Latest News

Sunday, February 19, 2017

ယခုနှစ် နွေရာသီ ပုံမှန်ထက် ပိုမိုပူပြင်းနိုင်ကြောင်း ဒေါက်တာထွန်းလွင်ခန့်မှန်း

ယခုနှစ် နွေရာသီ ပုံမှန်ထက် ပိုမိုပူပြင်းနိုင်ကြောင်း ဒေါက်တာထွန်းလွင်ခန့်မှန်း

နွေရာသီ သို့ ကူးပြောင်း လာပြီဖြစ်၍ အပူချိန်များ စတင် မြင့်တက်လာပြီး ယခုနှစ်နွေရာသီ သည် ပုံမှန်ထက် ပိုမိုပူပြင်းမည် ဖြစ်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်း သည်။

ဖေဖော်ဝါရီလလယ်ကစကာ မြန်မာနိုင်ငံဒေသအများစု အအေးလျော့ကျလာပြီး အပူချိန်မြင့်တက်လာကြောင်း ဒေါက်တာ ထွန်းလွင်က ဆိုသည်။

‘‘နွေက ရောက်တော့မယ်။ အခုပဲ ဒေသအများစု အပူချိန် ၄၀ ဒီဂရီဖာရင်ဟိုက်ကို ရောက်နေပြီ။ ပြီးခဲ့တဲ့ ၂ နှစ်၊ ၂၀၁၅ နဲ့ ၂၀၁၆ မှာ ရာစုနှစ်ရဲ့ အားအကောင်းဆုံး အယ်လ်နီညိုဖြစ်ခဲ့တယ်။ ၂၀၁၇ နွေကာလဟာလည်း လက်ရှိအ ခြေအနေအရ ၂၀၁၅ နဲ့ ၂၀၁၆ နွေလောက်တော့ အပူရှိန်မပြင်း ထန်နိုင်ပေမယ့် ပုံမှန်နွေထက် တော့ ပိုမိုပူနိုင်တယ်’’ဟု ဒေါက် တာထွန်းလွင်က ပြောသည်။

၂၀၁၆ နွေရာသီက မြန်မာ နိုင်ငံ ဒေသအများစု အပူချိန်မြင့် ပြီး သောက်သုံးရေကန်များခန်း ခြောက်ကာ ၂၀၁၅ ထက် ဆိုးရွား သော ရေရှားပါးမှုပြဿနာ ရင် ဆိုင်ခဲ့ရသည်။

ယခုရက်ပိုင်းအတွင်း မြန်မာ နိုင်ငံဒေသအများစု အပူချိန်မြင့် တက်လာသော်လည်း ဆောင်းရာ သီကုန်တွင် တိုက်ခတ်လေ့ရှိသော လေစီးကြောင်းများကြောင့် ကချင်ပြည်နယ် မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း မြောက်ပိုင်းဒေသတို့တွင် နေရာကွက်၍ မိုးအနည်းငယ်ရွာသွန်းနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်း ထားသည်။

Credit: 7Day Daily

No comments:

Post a Comment