Latest News

Tuesday, February 14, 2017

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ ဖအေတူမအေကွဲ အစ်ကို မလေးရှားနိုင်ငံတွင် လုပ်ကြံသတ်ဖြတ်ခံရ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ ဖအေတူမအေကွဲ အစ်ကို

မလေးရှားနိုင်ငံတွင် လုပ်ကြံသတ်ဖြတ်ခံရ


ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၁၄


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ ဖအေတူမအေကွဲ အစ်ကိုဖြစ်သူ မလေးရှားနိုင်ငံတွင် လုပ်ကြံသတ်ဖြတ်ခြင်းခံရကြောင်း တောင်ကိုရီးယားနိုင်ငံ ယွန်ဟပ် သတင်းအေဂျင်စီမှ သတင်းတစ်ပုဒ်အရ သိရသည်။

ကင်ဂျုံအန်၏ ဖအေတူမအေကွဲ အစ်ကိုဖြစ်သူ အသက် ၄၅ နှစ်အရွယ်ရှိ ကင်ဂျုံနန်အား မလေးရှားနိုင်ငံရှိ ကွာလာလမ်ပူလေဆိပ်ဝယ် အမျိုးသမီးနှစ်ဦးက အဆိပ်လူးမြားဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံရဲတပ်ဖွဲ့ကမူ အမည်မသိ မြောက်ကိုရီးယားအမျိုးသားတစ်ယောက် ဒဏ်ရာရရှိ၍ ဆေးရုံသို့ပို့စဉ် လမ်းခုလတ်ဝယ် သေဆုံးသွားသည်ဟူ၍ ကနဦးသတင်းထုတ်ပြန်ထားသည်။

---

PN
ref: Kim Jong-un's half-brother 'assassinated with poisoned needles at airport'



Popular News Journal

No comments:

Post a Comment