Latest News

Thursday, February 16, 2017

ရခိုင်ပြည်နယ်စည်ပင်သာယာရေးဥပဒေကြမ်းအား အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော်တို့ ဆွေးနွေး

ရခိုင်ပြည်နယ်စည်ပင်သာယာရေးဥပဒေကြမ်းအား အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော်တို့ ဆွေးနွေး


ရခိုင်ပြည်နယ် စည်ပင်သာယာရေးဥပဒေမူကြမ်းကို ဖြည့်စွက်ပြင်ဆင်ရေးဆွဲနိုင်ရေးအတွက် အရပ်ဖက်အဖွဲ့များ နှင့် မြို့နယ်အသီးသီးမှာ စည်ပင်ကော်မတီတို့ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ယနေ့ဖေဖော်ဝါရီလ ၁၆ ရက်နေ့၌ ရခိုင်ပြည်အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ကျင်းပလျက်ရှိသည်။

ရခိုင်ပြည်နယ် စည်ပင်သာယာရေးဥပဒေမူကြမ်း၏ ပြင်ဆင်ရန်လိုအပ်နေသေးသည့် အချက်အလက်တစ်ချို့ကို ဖြည့်စွက်ရေးဆွဲနိုင်ရန် ဥပဒေဆိုင်ရာအထောက်အကူပြုဆွေးနွေးမှုများကို Yangon Watch မှ ကူညီဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။

“စည်ပင်သာယာရေးဥပဒက ရှိပြီးသားပါ။ ဒါပေမယ့် ရခိုင်မှာ စည်ပင်သာယာရေးဆိုင် ရာ ရွေးကောက်ပွဲတွေ မရှိသေးပါဘူး။ ယခင်အစိုးရက စည်ပင်သာယာရေးကော်မတီတွေကို နီးစပ်သူတွေနဲ့   ရွေးချယ်ခဲ့တာပါ။ ပြည်သူလူထုစီကရတဲ့ အခွန်တွေကို ပြည်သူလူထုတင်မြှောက်တဲ့ ကိုယ်စားလှယ်တွေက စီမံခန့်ခွဲတာမျိုး အစိုးရက လိုချင်တာကြောင့် ဝန်ကြီးဌာနက ဥပဒေကြမ်းကို   ပြင်ဆင်ရေးဆွဲပြီးတော့ ဒီနေ့မှာအရပ်ဘက်အဖွဲအစည်း တွေကို ချပြတာဖြစ်ပါတယ်” ဟုေ ဒါက်တာညိုညိုသင်းက ပြောသည်။

တစ်ချို့သောတိုင်းနှင့်ပြည်နယ်များတွင် ဥပဒေကြမ်းများနှင့်ပတ်သက်ပြီး ဖြည့်စွက်ပြင်ဆင်နိုင်ရေး အတွက် ပြည်သူများနှင့်ဆွေးနွေးမှုများပြုလုပ်လျှက်ရှိသော်လည်း ရခိုင်ပြည်နယ်တွင်း ယခုကဲ့သို့ ဥပဒေမူကြမ်း၏ လိုအပ်ချက်များကို ပြည်သူ့သဘောဆန္ဒနှင့်ကိုက်ညီစွာ ရေးဆွဲနိုင်ရေးအတွက် ပထမဆုံးအကြိမ်ဆွေးနွေးခြင်းလည်း ဖြစ်ကြောင်းသိရသည်။

“အခုလို ချပြတာတော့ကောင်းတဲ့ မူဝါဒတစ်ခုလို့ပြောရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆွေးနွေးသလို ဖြစ်လာနိုင်မလားဆိုတာတော့ မပြောတတ်ဘူး။ လွှတ်တော်အနေနဲ့ ဝန်ကြီးဌာနတွေက   ရေးဆွဲထားတဲ့ ဥပဒေကို ပြင်ဆင်ရဲဖို့တော့ လိုတာပေါ့”ဟု ရခိုင့်သယံဇာတ၊ မြေယာနှင့် သဘာဝပါတ်ဝန်းကျင်ဆိုင်ရာကွန်ရက်မှ ဦးဇေယျကျော်က ပြောသည်။

ယခုကဲ့သို့ ရခိုင်ပြည်နယ်အတွင်း ဥပဒေကြမ်းများအား ပြင်ဆင်နိုင်ရေးအတွက် အရပ်ဖက်အဖွဲ့မစည်းများနှင့် ဆွေးနွေးခြင်းမှာ ပထမဆုံးအကြိမ်ဆွေးနွေးခြင်းဖြစ်ပြီး ယခင်ရခိုင်ပြည်နယ်လွှတ်တော်က   ရေးဆွဲခဲ့သည့် ဥပဒေများမှာလည်း နည်းဥပဒေမထွက်ရှိသည့်အတွက် ပြဌာန်နိုင်ခြင်းမရှိသေးကြောင်းသိရသည်။



Mizzima - News in Burmese

No comments:

Post a Comment