Latest News

Thursday, February 16, 2017

တာချီလိတ်တွင် အမျိုးသားတစ်ဦးကို ဘတ်ငါးသိန်းဖြင့် ပြန်ပေးဆွဲသောအဖွဲ့ဖမ်းမိ

တာချီလိတ်တွင် အမျိုးသားတစ်ဦးကို ဘတ်ငါးသိန်းဖြင့် ပြန်ပေးဆွဲသောအဖွဲ့ဖမ်းမိ

   
တာချီလိတ်မြို့တွင် အ မျိုးသားတစ်ဦးကို ပြန်ပေးဆွဲပြီး ထိုင်းဘတ်ငွေ ငါးသိန်းတောင်း သည့် အမျိုးသမီးတစ်ဦးပါ အဖွဲ့ ကို တပ်မတော်နှင့်ရဲတပ်ဖွဲ့က ပူး ပေါင်းဖမ်းဆီးခဲ့ကြောင်း သတင်း ရရှိသည်။
ရှမ်းပြည်နယ် တာချီလိတ် မြို့ ရန်အောင်မြေရပ်ကွက်ရှိ နေ အိမ်တစ်လုံးတွင် အသက်(၂၀) ကျော်အရွယ် အမျိုးသားတစ်ဦး ကို ဖမ်းဆီးထားသည့် ပြန်ပေးအ ဖွဲ့ကို ဖေဖော်ဝါရီ ၁၃ ရက်၌ ဖမ်းဆီးခဲ့ကြောင်း တာချီလိတ်မြို့ နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနုက ပြောသည်။ ဖမ်းဆီးထားသူများ က ထိုင်းဘတ်ငွေငါးသိန်းပေးမှ ပြန်လွှတ်ပေးမည်ဟု မိသားစုဝင် များထံ တောင်းဆိုခဲ့ပြီး အဆိုပါ အကြောင်းကို ရဲတပ်ဖွဲ့က သိရှိ ပြီးနောက် ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း ရဲမှူးသန်းနုက ပြောသည်။

‘‘ဖမ်းထားတာက လွန်ခဲ့တဲ့ ဆယ်ရက်လောက်က။ ဖမ်းထား တဲ့သူရဲ့အမျိုးသမီးကို ဘတ်ငွေ ငါးသိန်းလာပေး၊ မပေးရင် သတ် မယ်ဆိုပြီး ဖုန်းဆက်တောင်းတာ။ ဘတ်ငွေနှစ်သိန်းပဲ ရှိတယ်ဆိုပြီး သွားပေးတယ်။ ဒါပေမဲ့ ပြန်မလွှတ်ဘူး။ နောက်ပိုင်း သူ့ယောက်ျားနဲ့ အဆက်အသွယ်ရပြီး ဘယ်နေရာ မှာ ရှိတယ်ဆိုတာ သိတဲ့အခါ ကျွန်တော်တို့ကို လာတိုင်လို့ တပ် မတော်နဲ့ ရဲတပ်ဖွဲ့ ဝင်ဖမ်းခဲ့တာ’’ ဟု ရဲမှူးသန်းနုက ပြောသည်။

လက်ရှိတွင် အဆိုပါ ပြန်ပေး အဖွဲ့မှ အမျိုးသားလေးဦး၊ အမျိုး သမီးတစ်ဦးကို ဖမ်းထားပြီး အ မျိုးသားတစ်ဦး လွတ်မြောက်နေ ဆဲဖြစ်ကြောင်း သတင်းရရှိသည်။


Credit: 7Day



TAGSတာချီလိတ်
   

No comments:

Post a Comment