Latest News

Sunday, February 12, 2017

ပင်လုံမိသားစုဝင်များ ပထမဆုံးအကြိမ် နိုင်ငံတော်အဆင့် ယနေ့တွေ့ဆုံမည်

ပင်လုံမိသားစုဝင်များ ပထမဆုံးအကြိမ် နိုင်ငံတော်အဆင့် ယနေ့တွေ့ဆုံမည်

နှစ်(၇၀)ပြည့် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရန် ပင်လုံကျောက်တိုင်ရှေ့တွင် ပြင်ဆင်ထားခိုက် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပင်လုံစာချုပ်၌ လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်း သားခေါင်းဆောင်များ၏ သားသ မီးမိသားစုဝင်များသည် ယနေ့ ပြုလုပ်မည့် ပြည်ထောင်စုနေ့အ ခမ်းအနားတွင် ပင်လုံကျောက် တိုင်ရှေ့မှောက်၌ ပထမဆုံးအ ကြိမ် နိုင်ငံတော်အဆင့်တွေ့ဆုံ မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ပင်လုံစာချုပ်ကို ဗိုလ်ချုပ် အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင် ၂၂ ဦးတို့ လက် မှတ်ရေးထိုးခဲ့သည့် ရှမ်းပြည် တောင်ပိုင်း ပင်လုံမြို့တွင် နှစ် (၇၀)ပြည့် ပြည်ထောင်စုနေ့ အ ခမ်းအနားကို နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဆန္ဒအရ ကျင်းပ ခြင်းဖြစ်သည်။

ထို့ကြောင့် ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့သူ ၂၃ ဦး၏ သားသမီးများ တွေ့ဆုံနိုင်ကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ထို့နောက် တိုင်းရင်းသား လူငယ်များက ပင်လုံစာချုပ်ကို တစ်ချက်ချင်းစီ ဖတ်ကြားသည့် အစီအစဉ်လည်း ထည့်သွင်းထားသည်။ ပြီးခဲ့သည့် စစ်အစိုးရများ လက်ထက်က ပြည်ထောင်စုနေ့ အခမ်းအနားများတွင် ပင်လုံစာချုပ်ကို ဖတ်ကြားလေ့မရှိခဲ့သလို ဆယ်စုနှစ် ခုနစ်ခုအတွင်း အစိုးရသည် ပင်လုံစာချုပ်ပါ သဘောတူညီချက်များကို မျက်ကွယ်ပြုထားခဲ့ရာမှ ယခုပထမဆုံးအကြိမ် ပြန်လည်ဖော်ထုတ် ကြားနာခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် သည် ၎င်း၏ဖခင် ဗိုလ်ချုပ်အောင် ဆန်း ၁၉၄၇ က ပင်လုံညီလာခံ တက်ရောက်စဉ် စာထိုင်ဖတ်ခဲ့ သော ညောင်ပင်အောက်တွင် (ပင်လုံကျောက်တိုင်နှင့် ကပ် လျက်ရှိသော ညောင်ပင်) ပင်လုံငြိမ်းချမ်းရေးစကားဝိုင်းဖွဲ့  ဆွေးနွေးမည်ဖြစ်သည်။ တိုင်းရင်း သား ၁၂ ဦးနှင့် ဒေါ်အောင်ဆန်းစု ကြည်၏ စကားဝိုင်းကို နိုင်ငံ ပိုင်ရုပ်သံမှတစ်ဆင့် တစ်နိုင်ငံလုံး သို့ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ် သည်။

‘‘ပြည်ထောင်စုရဲ့ အနှစ်သာ ရတွေကိုပဲ ပြောမယ်။ ငြိမ်းချမ်း ရေးအခုလုပ်နေတဲ့ လုပ်ငန်းစဉ် အပေါ်မှာပဲ ကျွန်တော်တို့ အာရုံ စိုက်ပြောရမယ်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းတဲ့ နိုင်ငံတော်ကို ကျွန်တော်တို့က တည်ထောင်မယ်။ Peace Building ချလုပ်မယ်ဆိုတာ ငြိမ်း ချမ်းရေးလမ်းစဉ်ပဲ။ သူကတော့ ယုံကြည်ပြီးတော့ လုပ်စေချင်တဲ့ ပုံစံမျိုး ကျွန်တော်တို့ တွေ့ရ တယ်’’ဟု တိုင်းရင်းသားလူငယ် များ မဟာမိတ်အဖွဲ့ (NEYA) ကိုယ်စားလှယ် စိုင်းအောင်မြင့်ဦး က ပြောသည်။

‘‘လက်ရှိ ငြိမ်းချမ်းရေး အခြေအနေက အခု ၂၁ ရာစုပင် လုံညီလာခံကိုလည်း စထား တယ်။ အဲဒါကိုလည်း ပြည်သူ ထောက်ခံတဲ့ NLD က လုပ်တာ ဆိုတော့ ကျွန်တော်တို့အတွက် မျှော်လင့်ချက်ရှိတာပေါ့နော်။ ပြီး တော့ ငြိမ်းချမ်းရေးလုပ်မယ် ဆိုရင် ကျွန်တော်တို့ ထောက်ခံ ပြီးသားပါ။ အဲဒါကို အားလုံးပါပြီး လုပ်နိုင်ဖို့အတွက် နည်းမှန်လမ်း မှန်နဲ့ သွားဖို့ အရေးကြီးတာပေါ့။ အခုလိုမျိုး တစ်ယောက်နဲ့ တစ် ယောက် သဘောမတူကြတာတွေ ကတော့ ရှိကြမှာပဲ။ အဲဒါကို အား လုံးပါဝင်ပြီးတော့ စေတနာမှန်မှန် နဲ့ ကျွန်တော်တို့နိုင်ငံကို ဆက် တည်ထောင်မယ်ဆိုရင်တော့ အ ရမ်းကောင်းတဲ့ အနာဂတ်ဖြစ်လိမ့် မယ်။ နှစ်ပေါင်း (၇၀) ဆိုတာ အ ရမ်းကြာခဲ့ပြီ။ နောင်မျိုးဆက်တွေ ဆက်မခံရဖို့ ကျွန်တော်တို့ လို လားတောင်းဆိုပါတယ်’’ဟု ၎င်း က ပြောသည်။

ပွဲကျင်းပရာ ပင်လုံကျောက် တိုင်ကွင်း လုံခြုံရေးကို တပ်မ တော်နှင့် ရဲတပ်ဖွဲ့က ပူးပေါင်း ဆောင်ရွက်နေလျက် ရှိသည်။ ယင်းအခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားထားသူ ၁၆၉၁ ဦးရှိပြီး ကျောက်တိုင်ကွင်း ပြင်ပတွင်လည်း ပရိသတ်သောင်း ချီ၍ တက်ရောက်ကြည့်ရှုနိုင် ကြောင်း ပွဲကျင်းပရေးကော်မတီ က ပြောသည်။

ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ သထုံ စော်ဘွား၊ စကွယ်စော်ဘွား၊ ဘန်းယဉ်စော်ဘွား၊ NCA လက်မှတ် ရေးထိုးထားသော RCSS နှင့် PNLO ခေါင်းဆောင်များ၊ ပအိုဝ်း နှင့် ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ၏ ဥက္ကဋ္ဌများလည်း တက်ရောက်မည်ဖြစ်သည်။ ထိုင် ခုံအခင်းအကျင်းအစီအစဉ်အရ ဒေါ်အောင်ဆန်းစုကြည်၏ တစ် ဖက်တစ်ချက်တွင် ပြည်ထဲရေး ၀န်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီး တို့ ထိုင်ကြမည်ဖြစ်သည်။

ဖေဖော်ဝါရီ ၁၂ ရက် ညနေ တွင် ပင်လုံကျောက်တိုင်ကွင်းရှေ့ ၌ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ က ဖျော်ဖြေရေးများ၊ ပြိုင်ပွဲများပြုလုပ် မည်ဖြစ်ပြီး မီးပုံးပျံများ လွှတ်တင် မည်ဖြစ်သည်။ ဖေဖော်ဝါရီ ၁၃ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နှင့် ကလေးများနေ့လည်း ကျင်းပရန်ရှိသည်။

Sources : 7Day News Journal

No comments:

Post a Comment