ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ယုံပါ
တစ်ခါတစ်ခါ ဘာကိုမှ မယုံကြည်ချင်တော့လောက်အောင် စိတ်ဓါတ်ပျက်ပြားသွားတာမျိုး လူတိုင်း ကြုံဘူးကြမယ် ထင်ပါရဲ့။ ကျွန်မကိုယ်တိုင်လည်း ကြုံဘူးပါတယ်။ လူတိုင်းကြုံဘူးကြပေမဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမဲ့သွားအောင် အလဲထိုးနိုင်တဲ့ အဖြစ်အပျက်တွေနဲ့ အကြောင်းအရာတွေကတော့တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။
အချို့တွေကြတော့လည်း သူတို့ဝါသနာပါတဲ့ အလုပ်ကို အကြောင်းကြောင်းကြောင့် ရွေးချယ်ခွင့်မရတဲ့ အခြေအနေနဲ့မှာ၊ ကိုယ်မနှစ်သက်တဲ့အလုပ်ကို လုပ်ကိုင်နေရင်းနဲ့ လုပ်ငန်းခွင်မှာ အဆင်မပြေဖြစ်ပြီး ဖိအားတွေ ဖြစ်လာရင်း တဖြည်းဖြည်းနဲ့ စိတ်ဆင်းရဲပြီး အလုပ်တောင် သွားချင်စိတ် မရှိတော့တာ။
အဲဒီလို ဖိအားတွေနဲ့ ဘ၀ကို စိတ်ပျက်အားငယ်စွာ ဖြတ်သန်းနေတဲ့ သူတွေ ကျွန်မတို့ပတ်ဝန်းကျင်မှာလည်း အများကြီး ရှိပါတယ်။ လူတိုင်းမှာ မတူညီတဲ့ ပြဿနာတွေ တစ်မျိုး မဟုတ်တစ်မျိုးတော့ အမြဲ ရှိနေကြတာပါပဲ။
ဒါကြောင့်ဘာကြောင့်ပဲ ဖြစ်ဖြစ် ဒိလို ဖိအားတွေနဲ့ အဆင်မပြေမှုတွေက နေရာတိုင်းမှာ ရှိနေတယ်၊ ကိုယ်တစ်ယောက်တည်း ကြုံရတာ၊ ရင်ဆိုင်ရတာ မဟုတ်ပါဘူး။ ဒီလို အခြေအနေဆိုးတွေကို ဖြတ်ကျော်နို်ငမှ ရှေ့ကို ရောက်တယ်ဆိုတာကို သဘောပေါက်ပြီး ကိုယ်က ဖြတ်ကျော်နို်ငဖို့ စဉ်းစားပါ၊ စိတ်မပျက်ပါနဲ့အားမလျော့ပါနဲ့။
ဘာကြောင့်ပဲ ဖြစ်ဖြစ် စိတ်ညစ်စရာလေး ရှိတယ်လို့ခံစားလာရပြီဆိုရင် ကိုယ်ဝါသနာပါတာလေး အလုပ်တစ်ခုခုကို လုပ်ကိုင်ပါ၊ ကျွ်နမကတော့စာဖတ်ဝါသနာပါတဲ့ အတွက် စာဖတ်ပါတယ်။ ဘုရားရှစ်ခိုးပါတယ်။ အချို့ကလည်း ခွန်အားဖြစ်စေတဲ့ ရုပ်ရှင်ကြည့်တာမျုးတွေ လုပ်လေ့ရှိပါတယ်။
တကယ်တော့ ၀ါသနာပါတဲ့အလုပ်ဆိုတော့ စိတ်က အဲဒီထဲကို ရောက်သွားပြီး စိတ်ညစ်တာတွေ ပြေလျော့သွားပါတယ်။ အဲဒါ ကိုယ့်အတွကိပို်ကောင်းပါတယ်.။
ဒါပေမဲ့ ကိုယ်က အခြေအနေကြောင့်ကိုယ်က အလုပ်တစ်ခုခုကို လုပ်ရတော့မယ်ဆိုရင်တော့ စိတ်ညစ်တာကို ခဏထားပြီး အဲဒါကို ပြီးဆုံးအောင် ဖြစ်အောင် လုပ်ပါ။ ဒါကလည်း ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ ပြဿာနာကို ဖြေရှင်းနိုင်တဲ့ဆေး ဖြစ်သွားတတ်ပါတယ်။
နောက်တစ်ချက်ကတော့လော့ဓံကို ရင်ဆိုင်နိုင်ဖို့ စိတ်ဓါတ်ကြံ့ခိုင်ဖို့ စာများများ ဖတ်ဖို့လိုအပ်ပါတယ်။ ပြီးတော့ဘာသာရေး အသိလည်း ရှိဖို့လိုတယ်။ တရားထိုင်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာအင်အားဖြစ်စေသလို လူကိုလည်း တည်ငြိမ်ရင့်ကျက်စေပါတယ်။
တကယ်တော့စိတ်ဓါတ်ကျတယ်ဆိုတာ ကိုယ့်ကိုယ်ကို ယုံ့ကြည်မှုကျဆင်းသွားချိန်မှာ ဖြစ်တာပါ။ စိတ်ညစ်နေတဲ့ အဆင့်ကနေ တဖြည်းဖြည်း စိတ်ဖိအားတွေ များလာပြီး စိတ်ဓါတ်ကျတဲ့ အဆင့်ကို ရောက်ရှိသွားတယ်။
ဒါကြောင့် ဘယ်လို အခြေအနေပဲ ဖြစ်ပါစေ ကိုယ့်ကိုယ်ကို ယုံကြည်ပါ၊ ကိုယ်ဖြစ်ချင်တာကို ကိုယ်ကပဲ လုပ်နိုင်တာပါ၊ သူများက ကူညီနိုင်တာ ၂၀% ပဲရှိပါတယ်။ ၈၀%က ကိုယ့်ကိုယ်ကို ဆောင်ရွက်ရတာပါ။ အဲဒီ ၈၀%မှာ ၅၀% လောက်က ယုံကြည်မှုနဲ့ဆိုင်ပါတယ်။ ကိုယ်က ဖြစ်အောင် လုပ်မယ်လို့ ယုံကြည်လိုက်တာနဲ့ ကိုယ်ဖြစ်အောင်လုပ်နို်င်ဖို့ မခက်ခဲတော့ပါဘူး။ ဖြစ်အောင်လုပ်နိုင်တဲ့ နည်းလမ်းတွေကိုလည်း ရှာတွေ့ သွားတတ်ပါတယ်။
လူတွေက တစ်ခုခုကို လုပ်မယ်လို့စဉ်းစားတဲ့အခါ မဖြစ်နိုင်တဲ့ ရှု့ထောင့်တွေကို စဉ်းစားကြတယ်။ အဲဒါကို ကျွန်မကတော့အားမပေးပါဘူး။ ကျွန်မလည်း အရင်တုန်းက မကောင်းတဲ့ စိတ်အတွေးတွေကို လက်ခံတွေးတောခဲ့ဖူးတယ်။ အဲဒီအတွက် ဆိုးကျိုးတွေလည်း သက်ရောက်ခဲ့ဖူးပါတယ်။ ခုတော့ကောင်းတဲ့ အတွေးတွေကို ပြောင်းတွေးနိုင်လာပါပြီ။
လုပ်မယ်လို့ ဆုံးဖြတ်ရင် ဖြစ်အောင်လုပ်နိုင်မဲ့ နည်းလမ်းကိုပဲ စဉ်းစားပါ၊ ဖြစ်မဲ့ နည်းလမ်းကိုပဲ ထပ်ခါထပ်ခါ တွေးပြီး စဉ်းစားပါလို့သာ ဆိုချင်တယ်။ အဲဒီလို စဉ်းစားရင်းနဲ့လူကလည်း လိုက်ပါပြီး ဆောင်ရွက်ရင်း အောင်မြင်သွားကြတာပါ၊
အဲဒီလိုမှ မဟုတ်ဘူး မဖြစ်တာ စဉ်းစားလို့တစ်ခုခုလုပ်လို့အဆင်မပြေတဲ့အခါ အားလျော့ပြီး ဆက်မလုပ်ချင်တော့ဘူး၊ မအောင်မြင်နိုင်ဘူးလို့စိတ်ထဲ လက်ခံသွားတာကိုး ဒါကြောင့်အဖြစ်နိုင်တာ အပျက်စိတ်ကို မစဉ်းစားပါနဲ့။
ကျွန်မကတော့ ကိုယ်လုပ်ချင်တဲ့ အလုပ်တစ်ခုဆိုရင် ဒါကို ငါလုပ်မယ်၊ ငါလုပ်နိုင်တယ်။ ငါလုပ်ရင် ဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့လုပ်ဆောင်ပါတယ်။ အဲဒါကိုလည်း အပြည့်အ၀ကို ယုံကြည်ထားတယ်။
အဲဒါကြောင့် ကိုယ်ဖြစ်ချင်တဲ့ ဘ၀ကို ဖြစ်အောင် လုပ်နိုင်တာ ကိုယ်ကိုယ်တိုင်ပဲ ဆိုတာကို နားလည်ထားရင် စိတ်ညစ်စရာဆိုတာလည်း ခဏလေးနဲ့ ပျောက်အောင် လုပ်နိုင်လာပါတယ်။
ဘာကြောင့်ပဲ ဖြစ်ပါစေ စိတ်ညစ်နေတဲ့ အချိန်မှာတောင် ကိုယ့်ရဲ့ယုံကြည်မှုတွေကိုေ လျာ့မပစ်လိုက်ပါနဲ့။ ကိုယ်ကိုယ့်ကို ယုံတဲ့ သူဟာ မယုံတဲ့သူထက် အောင်မြင်နို်င်စွမ်း ၄၀%လောက် သာပါတယ်။
ဒါကြောင့်ကိုယ့်ရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကိုတော့ ဘယ်တော့မှမစွန့်လိုက်ပါနဲ့လို့ ယုံကြည်ချက်နဲ့ မျှော်လင့်ချက် မစွန့်သရွှေ့ ဖြစ်လာနိုင်တယ်လို့ ကျမကတော့ ယုံတယ်ရှင်။
မတူတဲ့အမြင်ရှိရင်လည်း ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။
ကျေးဇူးတင်ပါတယ်ရှင်။
မေသင်္ကြန်ဟိန်(မြစ်မခ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment