Latest News

Friday, February 10, 2017

၁၈ နှစ်မှာ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ရဲ့ ပါမောက္ခဖြစ်လာသူ

၁၈ နှစ်မှာ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ရဲ့ ပါမောက္ခဖြစ်လာသူ



အများအတွက်တော့ အသက် ၁၈ နှစ် အရွယ်ဆိုတာ တက္ကသိုလ်(သို့) ကောလိပ်စတက်ရင်တက် ၊ မတက်နိုင်ရင် အပြင်အလုပ်တွေလုပ်ရတဲ့အရွယ်ပါ။ ဒါပေမယ့် ဟောင်ကောင်က March Tian Bodedihardjio ဆိုတဲ့ကောင်လေးကတော့ တက္ကသိုလ်လည်ြး့ပီးခဲ့သလို အလုပ်လည်းရနေပြီဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး နံပါတ် ၁၀ အဆင့်ရှိတဲ့ ကယ်လီဖိုးနီယား တက္ကသိုလ် ( UCLA) မှာ တွဲဖက်ပါမောက္ခ အဖြစ် အလုပ်လုပ်နေပြီဖြစ်ပါတယ်။

ဥာဏ်ရည်မြင့်လွန်းတဲ့ ဒီကောင်လေးဟာ တက္ကသိုလ်ပညာရေးကို အသက် ၉ နှစ်မှာတင် စတင်သင်ယူနိုင်ခဲ့တာပါ။ အဲဒီအရွယ်တည်းက GCE ALevel စာမေးပွဲအောင်မြင်ပြီးဟောင်ကောင် Baptist တက္ကသိုလ်က သူ့ကို လက်ခံခဲ့ပါတယ်။ တက္ကသိုလ်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးကျောင်းသားအဖြစ် စံချိန်တင်သွားခဲ့ပါတယ်။ အဲဒီအချိန်တုန်းတည်းက သူ့ကိုလူသိများခဲ့ပြီး သူ့ရဲ့အိပ်မက်က ဆရာတစ်ယောက်ဖြစ်ဖို့ပါတဲ့။

တက္ကသိုလ်က သူ့အသက်အရွယ်နဲ့ ကိုက်ညီမယ့် ၅နှစ် သင်ရိုးညွှန်းတန်းကို ဆွဲပေးခဲ့ပေမယ့် ဒီသင်ရိုးဟာ သူ့အတွက် အလွန်လွယ်ကူလွန်းတယ်လို့ ပထမဆုံး တက္ကသိုလ်တက်တဲ့နေ့မှာတင် သူက ဆိုပါတယ်။ ၅ နှစ် သင်ရိုးကိုလည်း ၄နှစ် နဲ့ ပြတ်ခဲ့ပါတယ်။ ဘာသာရပ်တိုင်းမှာလည်း A , B+ တွေသာ ရရှိခဲ့တယ်လို့ သိရပါတယ်။ သူအထူးပြုတဲ့ဘာသာရပ်ကတော့ သင်္ချာ နဲ့ စာရင်းအင်းပညာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် အသက်၁၃နှစ်ဝန်းကျင်မှာတင် ရိုးရိုးဘွဲ့ ၊ မာစတာဘွဲ့ နှစ်ခုလုံးကို ယူနိုင်ခဲ့ပါတယ်။ အဲဒီနောက်တော့ အမေရိကန်ကို ရွှေ့ပြောင်းခဲ့ပြီး ဒေါက်တာဘွဲ့ အတန်းကိုတက်ရောက်ခဲ့ပါတယ်။ မကြာသေးခင်ကပဲ ဒေါက်တာဘွဲ့ကို ရရှိခဲ့ပြီး UCLA တက္ကသိုလ်မှာ တွဲဖက်ပါမောက္ခ အဖြစ်အလုပ်လုပ်နေပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာ သူ့ရဲ့အသက်ဟာ ၁၈နှစ်ပဲ ရှိပါသေးတယ်။

March ဟာ မျိုးနဲ့ ရိုးနဲ့ တော်သူလို့ ဆိုရပါမယ်။ သူ့ရဲ့အစ်ကို Horatio ကလည်း အသက် ၁၄နှစ်မှာ တင် Oxford တက္ကသိုလ်ဝင်ခွင့်ရရှိခဲ့သလို သူ့ရဲ့ဖခင်ဖြစ်သူကလည်း ငယ်စဉ်ကတည်းက အတန်းတွေကျော်တက်ရတဲ့အထိ ထူးချွန်သူတွေဖြစ်ပါတယ်။ လူတွေကတော့ March ရဲ့ မိဘတွေ ဆရာတွေကို အပြစ်တင်နေကြပါတယ်။ ကလေးတစ်ယောက်ရဲ့ဘ၀ ပျော်ရွှင်မှုတွေကို ခိုးယူခဲ့သူတွေလည်း စွပ်စွဲခဲ့ကြပါတယ်။ ဒါပေမယ့် March ကတော့ ကလေးဘ၀ လွတ်လပ်ခွင့်တွေ ဆုံးရှုံးခဲ့တဲ့အတွက် နောင်တမရပါဘူး။ နောက်တစ်ကြိမ် ကလေးဘ၀ကို ပြန်အခွင့်အရေးပေးရင်တောင် သူဟာ ဒီလမ်းကိုပဲ လျှောက်မယ် လို့ဆိုပါတယ်။

Credit : thutazone

No comments:

Post a Comment