Latest News

Saturday, February 11, 2017

တောင်တရုတ်ပင်လယ်ပြင်ဝေဟင်မှာ အမေရိကန်နဲ့တရုတ်စစ်လေ ယာဉ် မတော်တဆ အနီးကပ်ဆုံ

တောင်တရုတ်ပင်လယ်ပြင်ဝေဟင်မှာ အမေရိကန်နဲ့တရုတ်စစ်လေ

ယာဉ် မတော်တဆ အနီးကပ်ဆုံ

ဖေဖော်ဝါရီ ၁၁ - အမေရိကန်ရေတပ် P-3 လေယာဉ်တစ်စင်းနဲ့ တရုတ်စစ်လေယာဉ်တစ်စင်းတို့ဟာ တောင်တရုတ်ပင်လယ်ထက်ကဝေဟင်ပေါ်မှာ အနီးကပ်တွေ့ရှိခဲ့ပြီး ဒါဟာ အမှတ်တမဲ့နဲ့အနီးကပ်တွေ့ဆုံမှုအဖြစ် ရေတပ်က ယူဆထားကြောင်း အမေရိကန်အရာရှိတစ်ဦးက ရိုက်တာကို ကြာသပတေးနေ့ကပြောပါတယ်။

အမည်မဖော်လိုသူသည်အရာရှိက ဗုဒ္ဓဟူးနေ့က စကာဘိုရော့သောင်ဆွယ်အထက်ဝေဟင်မှာ အဆိုပါလေယာဉ် နှစ်စင်းဟာ ပေတစ်ထောင်အတွင်းမှာ ဆုံတွေ့ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

သူကပဲ တရုတ်နဲ့အမေရိကန်စစ်လေယာဉ်တွေ အခုလိုမျိုးဆုံတွေ့မှုဟာ ဖြစ်တောင့်ဖြစ်ခဲကိစ္စရပ်ဖြစ်ပြီး ၂၀၁၆ ခုနှစ် မှာ နှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။

အမေရိကန်လေယာဉ်ဟာ နိုင်ငံတကာဥပဒေနဲ့အညီ ပုံမှန်ပျံသန်းမှုလုပ်ဆောင်ခဲ့တာဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု ပစိဖိတ်ကွပ်ကဲရေးဌာနက ရိုက်တာကိုပေးတဲ့ ကြေညာချက်တစ်ရပ်ထဲမှာပြောပါတယ်။

‘ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အမေရိကန်ပစိဖိတ်ဌာနကလည်း တရုတ်စစ်သားတွေနဲ့ ဒီလိုမျိုးဘေးမကင်းတဲ့ တွေ့ဆုံမှုတွေနဲ့ပတ်သက်ပြီး အမြဲစိုးရိမ်ပူပန်နေပါတယ်။

ဒီပြဿနာကို သင့်တော်တဲ့ သံတမန်နည်းလမ်းအရရော စစ်ရေးနည်းလမ်းနဲ့ပါ ဖြေရှင်းသွားမှာပါ’ လို့ ပစိဖိတ်ဌာနကထပ်ပြီးပြောပါတယ်။

ဘေဂျင်းမှာလည်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်လေယာဉ်မှူးတွေဟာ ဥပဒေနဲ့အညီ ကျွမ်းကျင်တဲ့ ဆောင်ရွက်မှုတွေနဲ့တုံ့ပြန်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာကိုပြောပါတယ်။

ချိုလေးငယ်

ref:CNBC. Feb 10, 2017

Sources : Kumudra

No comments:

Post a Comment