Latest News

Sunday, February 5, 2017

ချွဲသလိပ်ပျော်ဝင်စေမယ့် ဆေးနည်း

ချွဲသလိပ်ပျော်ဝင်စေမယ့် ဆေးနည်း


ချောင်းဆိုး ရင်ကျပ်ဖြစ်ပွားခြင်းရဲ့ အဓိက အကြောင်းအရင်းဖြစ်တဲ့ ချွဲသလိပ်ကို ပျော်စေမယ့် ရှေးဟောင်းသဘာဝ ဆေးနည်းအကြောင်း ပြောပြပေးချင်ပါတယ်။ ဒီဆေးနည်းကို ကလေးနဲ့ အရွယ်ရောက် လူကြီးနှစ်မျိုးလုံး သုံးနိုင်ပါတယ်။

လိုအပ်တဲ့ ပစ္စည်းများ (လူကြီးများအတွက်)

သဘာဝပျားရည် ၅၀၀ ဂရမ်
သံပုယိုတစ်လုံးစာရဲ့ အရည်
နမ်းကြတ်ပင်စေ့ ထမင်းစားဇွန်း (၃) ဇွန်း
မုန်ညင်းဖြူစေ့ ထမင်းစားဇွန်း (၁) ဇွန်း
လိုအပ်တဲ့ပစ္စည်းများ (၂နှစ်နဲ့အထက် ကလေးများအတွက်)

ပျားရည် ၅၀၀ ဂရမ်
သံပုရာယို (၁) လုံးစာရဲ့ အရည်
နမ်းကြိတ်စေ့ ထမင်းစားဇွန်း (၂) ဇွန်း
မုန်ညင်းဖြူစေ့ ထမင်းစားဇွန်း (၁) ဇွန်း
နမ်းကြိတ်စေ့နဲ့ မုန်ညင်းဖြူစေ့ကို အမှုန့်ဖြစ်အောင် ရောကြိတ်ပါ။ သံပုရာယိုကို အရည်ရအောင် ညစ်ပါ။ ကြိတ်ထားတဲ့ အစေ့ကို သံပုရာယိုနဲ့ ပျားရည် ခရားထဲ ရောထည့်ပြီး တစ်သားတည်း ကျတဲ့အထိ ရောသမ မွှေပေးပါ။ ခရားကို လုံအောင် ပိတ်ပြီး ရေခဲသေတ္တာမှာ သိမ်းထားရပါမယ်။

အသုံးပြုနည်း

အလေးတွေအနေနဲ့ လက်ဖက်ရည်ဇွန်း (၁) ဇွန်းချင်းစီ တစ်နေ့ (၃) ကြိမ် သောက်ပေးသင့်ပါတယ်။ လူကြီးတွေအနေနဲ့တော့ ထမင်းစားဇွန်း (၁) ဇွန်းချင်းနဲ့ တစ်နေ့ (၃) ကြိမ်သောက်ပေးသင့်တယ်။

TrendMyanmar


Search Myanmar

No comments:

Post a Comment