ကျောက်တော် မဟာမုနိရုပ်ပွားတော်၏ စလွယ်တော်ကို ဖြုတ်ချ
စစ်တွေ၊ ဖေဖော်ဝါရီ ၅
ရခိုင်ပြည်နယ် ကျောက်တော်မြို့ မဟာမုနိရုပ်ပွားတော်တွင် တပ်မတော်အစိုးရ လက်ထက်က ကပ်လှူခဲ့သည့် စလွယ်တော်ကို ယနေ့ (ဖေဖော်ဝါရီလ ၅ ရက်နေ့) ညနေပိုင်းတွင် ဖြုတ်ချခဲ့ကြောင်းဦးဆောင်သူတစ်ဦး ဖြစ်သည့် ကျောက်တော်မြို့မှ ကိုဇော်ဝင်းက ပြောကြားသည်။
ယနေ့ (ဖေဖော်ဝါရီလ ၅ ရက်နေ့) နေလည်ပိုင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ စစ်တွေမြို့များမှ ရဟန်းရှင်လူ တစ်သောင်းခန့်သည် မဟာမုနိကျေးရွာမှ မဟာမုနိဘုရားသို့ လမ်းလျှောက်ပြီး စလွယ်တော် ဖြုတ်ချပေးရန် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း၊ ဆန္ဒဖော်ထုတ်၍ ပြီးဆုံးချိန်တွင် ပြည်သူများမှ ဘုရားရင်ပြင်တော်တွင် ထပ်မံစုဝေးခဲ့ကြပြီး စစ်အစိုးလက်ထက် ကပ်လှုခဲ့သည့် စလွယ်တော်နှင့် ဆက်စပ်ပစ္စည်းများကို ချက်ချင်းဖြုတ်ပေးရေးအတွက် တောင်းဆိုခဲ့ကြပြီး သက်ဆိုင်ရာနှင့် ဆွေးနွေးခဲကြကြောင်း ဘုရားလုံခြုံရေး တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မြို့နယ်သြဝါဒစရိယ ဆရာတော်ကြီးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူလူထုများ ညှိနှိုင်းခဲ့ကြပြီး ရှေးမူလက်ရာအတိုင်း ကြည်ညိုနိုင်ရန်အတွက် စလွယ်တော်ကို ဖြုတ်ချစွန့်ပယ်ပြီး၊ စလွယ်တော်ကို ဂေါပကအဖွဲ့ထံ စနစ်တကျ ထိန်းသိမ်းနိုင်ရန် အပ်နှံခဲ့ကြောင်း ကိုဇော်ဝင်းက ပြောကြားသည်။
ဆန္ဒဖော်ထုတ်သည့် ပြည်သူများမှ စလွယ်တော်အား စွန်ပယ်ပေးရေး၊ ဂေါပကအသစ် ပြန်လည်ဖွဲ့စည်းပေးရေး၊ အလှုရရှိငွေများ ပြည်သူစာရင်းစစ်အဖွဲ့အား စစ်ဆေးခွင့်ပြုရေး အပါအဝင် တောင်းဆိုချက်များကို တောင်းဆိုခဲ့ကြပြီး ဂေါပက အသစ်ပြန်လည်ဖွဲ့စည်းရေး အတွက် ပြည်နယ်အစိုးရထံသို့ တင်ပြတောင်းဆိုသွားမည် ဖြစ်ကြောင်း ကျောက်တော်ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ - ကိုဇော်ဝင်း ( The Voice )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment