Latest News

Sunday, February 19, 2017

ဘတ်စ်ကားမှတ်တိုင်အလိုက် ကောက်ခံရမည့် ကားခနှုန်းထားများကို ရက်ပိုင်းအတွင်း ထုတ်ပြန်မည်

ဘတ်စ်ကားမှတ်တိုင်အလိုက် ကောက်ခံရမည့် ကားခနှုန်းထားများကို

ရက်ပိုင်းအတွင်း ထုတ်ပြန်မည်

YBS ဘတ်စ်ကားများ၏ ယာဉ်စီးခကိုခရီးတိုကျပ် ၁၀၀ သာ ကောက်ခံခွင့်ပေးထားပြီး မှတ်တိုင်အလိုက်ကောက်ခံရမည့် နှုန်းထားများကို ရက်ပိုင်းအတွင်း ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ဥက္ကဋ္ဌ ဒေါ်နီလာကျော်က ပြောသည်။

YBS ဘတ်စ်ကားများသည် ပုံသေ ၂၀၀ ကျပ် ကောက်ခံနေ ခြင်းနှင့်ပတ်သက်၍ ဘတ်စ်ကား အားလုံးကို ခွင့်ပြုထားခြင်းမဟုတ် ဘဲ ယခင်က ကျပ် ၃၀၀ ပုံသေ ကောက်ခံခဲ့သည့် ဗန္ဓုလကုမ္ပဏီ လက်အောက် ဘတ်စ်ကားများနှင့် ဘီ အာတီယာဉ်လိုင်းများကို သာ လျှော့ချကောက်ခံရန် သတ်မှတ် ထားခြင်းဖြစ်သည်ဟု ဒေါ်နီလာ ကျော်က ဖေဖော်ဝါရီ ၁၇ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့သည်။

‘‘ဗန္ဓုလယာဉ်လိုင်း ပါရမီ တို့၊ အဓိပတိတို့၊ BRT ယာဉ်တွေ က အရင်က ပုံသေ ၃၀၀ ယူပါ တယ်။ ပုံသေ ၃၀၀ ယူတဲ့ကား လိုင်းတွေကို ၂၀၀ ပြောင်းပြီး သတ်မှတ်တာပါ။ မူလက ၁၀၀ ဖြတ်ပိုင်း၊ ၂၀၀ ဖြတ်ပိုင်းစီးရတဲ့ ကားလိုင်းတွေ၊ ဟိုနားဒီနားတစ်ရာ အစအဆုံး နှစ်ရာ ကားလိုင်းတွေ ပေါ့။ သူတို့တွေကို ပြင်ခဲ့ခြင်းမရှိပါဘူး။ ဒါကို သူတို့က နားလည်မှု လွဲမှားပြီး ၂၀၀ လို့ ကောက်ခံနေ တာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တစ်မှတ်တိုင် နှစ်မှတ်တိုင်ကို တစ်ရာပဲ ယူရမှာကို နှစ်ရာယူခဲ့ ရင်လည်း တိုင်ပါ။ ဒီရက်အတွင်း မှာ ယာဉ်လိုင်းအလိုက် ဘယ်မှတ် တိုင်ကနေ ဘယ်မှတ်တိုင်ကို တစ် ရာပဲယူရမယ်ဆိုတာကို သတင်း ထုတ်ပြန်ပါမယ်’’ဟု ၎င်းက ပြော သည်။

ဘတ်စ်ကားစီးခရီးသည်များ သည် YBS စနစ်စတင်စဉ်က တည်းက ဘတ်စ်ကားလိုင်းအများ စုကို ပုံသေ ကျပ် ၂၀၀ ပေး၍ စီးနင်းနေကြရပြီး အဆင့်ဆင့် ပြောင်းစီးရသူများအတွက် ယခင်က ထက်ပိုမိုကုန်ကျမှုများရှိသည်ဟုဆိုကာ ဝေဖန်မှုများရှိနေသည်။

ယာဉ်ပိုင်ရှင်များကမူ အစိုး ရအဖွဲ့၏ ရှင်းလင်းသည့် ထုတ် ပြန်ချက်မရှိခဲ့၍ ကျပ် ၂၀၀ နှုန်း ကောက်ခံနေခြင်းဖြစ်ကြောင်း ဈေးနှုန်းလျှော့ချရမည်ဆိုပါက ၀င်ငွေ ထိခိုက်မှုရှိလာနိုင်ကြောင်း သုံး သပ်ပြောကြားကြသည်။

‘‘အခုလည်း ဘယ်ကားတွေ က ကျပ် ၁၀၀၊ ၂၀၀ သတ်မှတ် ကောက်ရမယ်ဆိုတာ ရှင်းရှင်း လင်းလင်း မသိရသေးတော့ ညွှန် ကြားချက် အသေးစိတ်ထွက်လာ တဲ့အထိတော့ စောင့်ရဦးမယ်။ အခု ကျပ် ၂၀၀ ကောက်တော့ လည်း ၀င်ငွေက အရင်ကထက် နည်းနည်းပဲပိုရကြတာပါ။ ဈေး လျှော့ရမယ်ဆိုရင် အရင်ကရတဲ့ ၀င်ငွေထက်တောင် လျော့သွား နိုင်တယ်’’ဟု အမှတ် (၃၆) ယာဉ် လိုင်းမှ ယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။

YBS စနစ် စတင်သည်မှာ တစ်လကျော်ရှိလာပြီး ယင်းကာလအတွင်း ဘတ်စ်ကားများနှင့် ပတ်သက်၍ တိုင်ကြားမှုများအပေါ် အရေးယူခဲ့ခြင်းများ ရှိခဲ့သည်ဟု YRTA က အဆိုပါသတင်းစာရှင်း လင်းပွဲတွင် ကြေညာသည်။

တစ်လအတွင်း ကွန်ပလိန်း စင်တာသို့ ဆက်သွယ်တိုင်ကြားမှု သည် ၅၀၀ ကျော် ရှိခဲ့ပြီး ဘတ်စ် ကားမှတ်တိုင်မဟုတ်ဘဲ ရပ်ခြင်း၊ ယာဉ်စီးခပို ကောက်ခံခြင်း၊ ခရီးသည်များကို မချေမငံဆက်ဆံခြင်းတို့သည်တိုင်ကြားမှုအများဆုံးဖြစ်ကြောင်း YRTA အတွင်းရေးမှူး ဒေါက်တာ မောင်အောင်ကဆိုသည်။

သို့သော် အဆိုပါတိုင်ကြားမှု များအပေါ် အရေးယူသည့် အရေ တွက်ကိုမူ ထုတ်ပြန်ခြင်းမရှိပေ။

7Day News Journal

No comments:

Post a Comment