Latest News

Saturday, February 25, 2017

ရွှေကြာ ဇာတ်ရုပ်အတွက် ဝိတ်ချနေတဲ့ ဖွေးဖွေး

ရွှေကြာ ဇာတ်ရုပ်အတွက် ဝိတ်ချနေတဲ့ ဖွေးဖွေး

ရွှေကြာ ရုပ်ရှင်ဇာတ် ကားအတွက် ဇာတ်ရုပ် နှင့် လိုက်ဖက်မှုရှိရန် ဝိတ်ချနေပြီး ရွှေကြာ ကဲ့သို့ မိန်းကလေးများနှင့် တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း ဖွေးဖွေး က ပြောသည်။

‘‘ဖွေးကို ကိုဝိုင်းက ရွှေကြာ ကာရိုက်တာအတွက် ဝိတ်ချခိုင်း တယ်။ ဖွေးက ဝတာကြိုက်ပေ မယ့် ချလိုက်ရတယ်။ အခု ၁၄ ပေါင်လောက်ကျသွားပါပြီ။ နောက်ပြီးတော့ ကိုဝိုင်းခိုင်းလို့ တော့ မဟုတ်ဘူး။ ဖွေး ရွှေကြာလို မိန်းကလေးတွေကို အရမ်းကိုယ် ချင်းစာတယ်။ မနက်ဖြန် (ဖေဖော် ဝါရီ ၂၄ ရက်)ကျရင် PSI နဲ့ချိတ် ပြီး ရွှေကြာလို မိန်းကလေးတွေနဲ့ သွားတွေ့မယ်’’ဟု ရွှေကြာရုပ်ရှင် ဇာတ်ကား ပြင်ဆင်မှုအကြောင်းပြောသည်။

အဆိုပါဇာတ်ကားသည် စာရေးဆရာမ ပုညခင်ရေးသား သော ‘အရှေ့တံခါးအဝင်’ ဝတ္ထုကို ပုံဖော်ရိုက်ကူးပြီး ယင်းဝတ္ထု၏ အဓိကဇာတ်ကောင် ရွှေကြာအမည်ကို ဇာတ်ကားအမည်ပေး၍ရုပ်ရှင်ရိုက်ကူးခဲ့သည်။

အဆိုပါ ဝတ္ထုသည် ခန္ဓာ ကိုယ်ကိုရင်း၍ လုပ်ကိုင်စား သောက်ရသည့် အလွှာစုံရှိ အမျိုး သမီးများ၏ ဘဝအကြောင်းကို ဟိုတယ်တစ်ခု၌ ယင်းအလုပ်လုပ် ကိုင်သည့် ရွှေကြာဆိုသော အမျိုးသမီးတစ်ဦး၏ဘ၀ အခြေခံ၍ ပုံဖော်ထားသည်။

ယင်းဇာတ်ကားတွင် ဖွေး ဖွေးနှင့်အတူ အလင်းရောင်၊ သင်ဇာဝင့်ကျော်တို့ ပါဝင်သရုပ်ဆောင်မည်ဖြစ်ပြီး ဝိုင်းက ဇာတ် ညွှန်းနှင့် ဒါရိုက်တာအဖြစ် ရိုက် ကူးမည်ဖြစ်သည်။

အဆိုပါရုပ်ရှင်ကို မတ်လ ၁ ရက်တွင် ဆီဒိုးနားဟိုတယ်၌ စတင်ရိုက်ကူးမည်ဖြစ်ကြောင်း ဒါရိုက်တာဝိုင်းက ပြောသည်။

ထို့အပြင် ယင်းဇာတ်ကား ရိုက်ကူးရေး ထုတ်လုပ်သူ၊ ဒါရိုက်တာနှင့် သရုပ်ဆောင်များက ရိုက်ကူးမှုဆိုင်ရာ စာချုပ်ချုပ်ဆိုခဲ့ကြ ပြီး ဦးဝင်းငြိမ်းနှင့် စာရေးဆရာမ ပုညခင်တို့က အသိသက်သေများ အဖြစ် လက်မှတ်ရေးထိုးခဲ့ကြ သည်။

Credit: 7Day

No comments:

Post a Comment