Latest News

Thursday, February 23, 2017

မက်ဆီ ဘယ်တော့မှမတွေ့ချင်တဲ့ ဘောလုံးသမား (၅) ဦး

မက်ဆီ ဘယ်တော့မှမတွေ့ချင်တဲ့ ဘောလုံးသမား (၅) ဦး

မက်ဆီမကျော်ဖြတ်နိုင်တဲ့ နောက်ခံကစားသမားတွေဖြစ်ပါတယ်။

ဘာစီလိုနာ ကြယ်ပွင့်ဘောလုံးသမား မက်ဆီနဲ့တွေ့ရင်ပညာ ပြခံရလွန်းလို့ သူနဲ့ရင်မဆိုင်လိုတဲ့ နောက်ခံလူတွေရှိသလို မက်ဆီကိုပြန်ပြီး ပညာပြဖူးတဲ့ နောက်ခံကစားသမားတွေလည်းရှိခဲ့ဖူးပါတယ်။
အများအားဖြင့်တော့ မက်ဆီကသာ ပြိုင်ဘက်ကစားသမားအတော်များများကို အလိမ်အခေါက်စွမ်းရည်တွေနဲ့ အသာစီးယူလေ့ရှိပြီး ဂိုးသွင်းလေ့ရှိပါတယ်။ ဒါပေမယ့် မက်ဆီကိုလုံးဝ လှုပ်မရအောင် ပွဲချိန်ပြည့် ထိန်းချုပ်သွားတဲ့ ဘောလုံးသမားတွေလည်းရှိပါတယ်။ အချို့နောက်ခံလူတွေဆိုရင် နာမည်ကျော် မဟုတ်ကြပါဘူး။

၁။ ရှဝိန်းစတိုင်ဂါ (အာဂျင်တီးနား ၀-၄ ဂျာမနီ ၂၀၁၀ ကမ္ဘာ့ဖလား)

မက်ဆီဟာ အာဂျင်တီးနားအသင်းမှာဆိုရင် ဘာစီလိုနာမှာလောက်ခြေစွမ်းမပြနိုင်ဘူးလို့ ယေဖန်ခံရလေ့ရှိပါတယ်။ အာဂျင်တီးနားအသင်းနဲ့ ၂၀၁၀ ကမ္ဘာ့ဖလားမှာတုန်းက မက်ဆီလုံးဝ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ပွဲစဉ်ဟာ ဂျာမနီနဲ့တွေ့တဲ့ ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက မက်ဆီဟာ ဂျာမနီကွင်းလယ်လူ ရှဝိန်းစတိုင်ဂါရဲ့ထိန်းချုပ်မှုကြောင့် အသင်းကို ဘာမှမပံ့ပိုးနိုင်ခဲ့ပါဘူး။ အဲဒီကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအသင်းကို နည်းပြမာရာဒိုနာကိုင်တွယ်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားက ထွက်ခဲ့ရပြီးတဲ့နောက် နုတ်ထွက်သွားခဲ့ရပါတယ်။ ရှဝိန်းစတိုင်ဂါဟာ အသင်းဖော်မာတီဆက်ကာ ဘိုတန်းတို့ရဲ့ အကူအညီတွေနဲ့ မက်ဆီကိုထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။

၂။ ဘော့ဆင်ဝါ (ဘာစီလိုနာ ၀-၀ ချယ်လ်ဆီး ၂၀၀၉ ချန်ပီယံလိဂ်)

ချယ်လ်ဆီးနောက်ခံ အသင်းသမိုင်းမှာ ဘော့ဆင်ဝါဟာ အကောင်းဆုံး နောက်ခံကစားမားစာရင်းထဲ ပါချင်မှ ပါမှာပါ။ ဒါပေမယ့် ၂၀၀၉ ခုနှစ်က ဘာစီလိုနာအသင်းနဲ့ တွေ့ဆုံတဲ့ချန်ပီယံလိဂ်မှာတော့ ဘော့ဆင်ဝါဟာ မက်ဆီကို အိပ်မက်ဆိုး မက်စေခဲ့သူဖြစ်ပါတယ်။ ချယ်လ်ဆီးက အဆိုပါပွဲစဉ်ကို ဘာစီလိုနာအသင်း အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် မက်ဆီဟာ ဘော့ဆင်ဝါရဲ့ တားဆီးမှုတွေအောက်မှာ ထိုးဖောက်ဖို့ ကြိုးစားရင်း အကြိမ်ကြိမ်မအောင်မြင်ဖြစ်ခဲ့ရပါတယ်။ အဲဒီဘောလုံးရာသီတုန်းက ချယ်လ်ဆီးနဲ့ပွဲမတိုင်ခင်မှာ ဘာစီလိုနာဟာ အိမ်ကွင်းမှာ ကစားတဲ့ပွဲတိုင်း ဂိုးမသွင်းနိုင်တဲ့ပွဲဆိုတာ မရှိခဲ့ပါဘူး။ ဘော့ဆင်ဝါကြောင့် မက်ဆီလှုပ်မရဖြစ်ခဲ့ပြီး အဲဒီပွဲဟာ ဘာစီလိုနာအသင်း အိမ်ကွင်းမှာ ပထမဆုံးဂိုးမသွင်းနိုင်ဖြစ်ခဲ့ရပါတယ်။

၃။ အက်ဒရီယန်ရာဘီရော့ (ပီအက်စ်ဂျီ ၄-၀ ဘာာစီလိုနာ ၂၀၁၇ ချန်ပီယံလိဂ်)

ဒီမတိုင်ခင်ကတော့ ဘာစီလိုနာကို ဒုက္ခပေးလေ့ရှိတဲ့ နိုင်ငံခြားဘောလုံးအသင်းက ချယ်လ်ဆီးအသင်းသာ ရှိခဲ့ပါတယ်။ အခုတော့ ပီအက်စ်ဂျီတစ်သင်း ထပ်တိုးသွားပါပြီ။ အဆိုပါပွဲစဉ်မှာ မက်ဆီ၊ ဆွာရက်ဇ်၊ နေမာတို့ တိုက်စစ်အတွဲကို ဖြတ်တောက်ပစ်လိုက်တဲ့ အဓိက ကစားသမားက ပီအက်စ်ဂျီနောက်ခံလူ ရာဘီရော့ဖြစ်ပါတယ်။ ရာဘီရော့ဟာ မက်ဆီကို အဓိကထိန်းချုပ်ခဲ့သူ ဖြစ်ပါတယ်။  ဘာစီလိုနာအသင်း ဂျာစီဝတ်ထားတဲ့ သမိုင်းတစ်လျှောက်မှာ မက်ဆီဟာ ဒီပွဲခြေစွမ်းအဆိုးရွားဆုံးလို့တောင်  ဝေဖန်သံတွေထွက်ခဲ့ပါသေးတယ်။
ပထမပိုင်းမှာ မက်ဆီကို အခွင့်အရေးတစ်ကြိမ်မှမရအောင် ရာဘီရော့ဖန်တီးနိုင်ခဲ့သလို ဒုတိယပိုင်းမှာလည်း ဗာရက်တီနဲ့တွဲပြီး   ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ် ရှုံးနိမ့်သွားလို့ ပြန်လည်အသက်ဝင်လာတဲ့ လာလီဂါပြိုင်ပွဲ


၎။ ဂိုဒင် (အသလက်တီကို ၂-၀ ဘာစီလိုနာ  ၂၀၁၆ ချန်ပီယံလိဂ်)


ဘာစီလိုနာအသင်းကိုချန်ပီယံလိဂ်မှာ အသလက်တီကို ဖြုတ်ချခဲ့တဲ့နှစ်ဖြစ်ပါတယ်။ ဂိုဒင်ဟာ တိုက်စစ်မှူးတွေ တွေ့ရမှာ လန့်တဲ့ ခံစစ်ကစားသမားဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ဘာစီလိုနာဟာ ချန်ပီယံလိဂ်မှာ ပြည်တွင်းပြိုင်အသလက်တီကိုနဲ့ နှစ်ကြိမ်ပြန်တွေ့ရပြီး နှစ်ကြိမ်လုံး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ အဲဒီပွဲစဉ်မှာ မက်ဆီဟာ အသလ်ကတီကို ဂိုးပေါကို တစ်ကြိမ်မှ မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။

၅။ ကမ်ဘီယာဆိုနှင့် ဇနက်တီ (ဘာစီလိုနာ ၁-၀ အင်တာမီလန် ၂၀၁၀ ချန်ပီယံလိဂ်)


အဲဒီတုန်းက မော်ရင်ဟိုကိုင်တွယ်တဲ့အင်တာမီလန်အသင်း ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့တာပါ။ အင်တာမီလန်အသင်းဟာ အကောင်းဆုံးခံစစ်နဲ့ ပြိုင်ဘက်တွေကိုကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာက အင်တာမီလန်ကို ၁-၀ ဂိုးနဲ့ ဒုတိယအကျော့မှာ နိုင်ခဲ့ပေမယ့် နှစ်ကျော့ပေါင်းရလဒ် ၂-၃ ဂိုးနဲ့ အင်တာမီလန်နောက်တဆင့်တက်သွားပါတယ်။ အဆိုပါပွဲစဉ်မှာ မက်ဆီကို အခွင့်အရေးတွေမရအောင် ကမ်ဘီယာဆိုနဲ့ ဇနက်တီတို့ ထိန်းချုပ်ခဲ့တာကြောင့်လည်း ဘာစီလိုနာအသင်း တစ်ဂိုးသာ ရခဲ့တာပါ။ ဘာစီလိုနာအသင်းအတွက် ဂိုးကို ပီကေးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
Source : Sports Daily : Duwun


No comments:

Post a Comment