Latest News

Friday, February 24, 2017

"ထိုင်း ဓမ္မကာယဘုန်းကြီးကျောင်းမှ ဘုန်းတော်ကြီးများ အစာငတ်ခံ ဆန္ဒပြ"

"ထိုင်း ဓမ္မကာယဘုန်းကြီးကျောင်းမှ ဘုန်းတော်ကြီးများ အစာငတ်ခံ ဆန္ဒပြ"

ထိုင်းအစိုးရကထုတ်ပြန်ထားတဲ့ အရေးပေါ်ဥပဒေ ပုဒ်မ ၄၄ ကို ဖြေလျှော့နိုင်စေဖို့ ဓမ္မကာယ ဘုန်းကြီးကျောင်းက ဘုန်းကြီးတွေဟာ  အစာငတ်ခံဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဘုန်းတော်ကြီး ၇ ပါး ဟာ ဓမ္မကာယ ဘုန်းကြီးကျောင်းအပြင်ဘက် ခလောင်ဘန် ဈေးနားမှာ အစာငတ်ခံဆန္ဒပြမှုစတင်ခဲ့တာပါ။ ထိုင်းအစိုးရဟာ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဘုန်းတော်ကြီးကို ဖမ်းဆီးနိုင်ချိန်အထိ ဘုန်းကြီးကျောင်းအတွင်း ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ ဆန္ဒရှိနေပါတယ်။


ထိုင်းအစိုးရဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက ဓမ္မယာကဘုန်းကြီးကျောင်းနားမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၄၀၀၀ ကျော်ဖြန့်ကျက် ထားခဲ့ပြီး ဖြစ်ပါတယ်။ ထိုင်းအစိုးရဟာ ဘုန်းတော်ကြီးဓမ္မချာယိုကို ဖမ်းနိုင်ဖို့ အရေးပေါ် ဥပဒေ ပုဒ်မ ၄၄ ထုတ်ပြန်ခဲ့ပြီးနောက် ဖမ်းဆီးဖို့ ရှာဖွေတာတွေလုပ်နေပါတယ်။ ထိုင်းအစိုးရဟာ ဆရာတော်ကြီး ဓမ္မချာယိုကို ငွေကြေးခ၀ါချမှု ၊ မြေယာကျူးကျော်မှုတွေနဲ့စွပ်စွဲထားပြီး ဖမ်းဖို့ဘုန်းကြီးကျောင်းအတွင်းရှာဖွေနေတာဖြစ်ပါတယ်။ဘုန်းကြီးတွေနဲ့ဆရာတော်ကြီးကိုကြည်ညိုသူတွေဟာ ထိုင်းလုံခြုံရေးအဖွဲ့တွေနဲ့ ထိုင်းအထူးစုံစမ်းရေးအာဏာပိုင်တွေကို အန်တုမှုတွေရှိနေပါတယ်။ ထိုင်းလုံခြုံရေးတပ်ဖွဲတွေနဲ့ စစ်သားတွေ ဟာ ကြာသပတေးနေ့နံနက်ပိုင်း မှာ ဓမ္မကာယ ဘုန်းကြီးကျောင်းအတွင်း ၀င်ရောက်ရှာဖွေဖို့ ကြိုးစားခဲ့ပါတယ်။ ထိုင်းဘုန်းတော်ကြီးတွေ နဲ့ ဆရာတော်ကိုကြည်ညိုသူတွေက လုံခြုံရေးတပ်ဖွဲ့တွေ ဓမ္မကာယ ဘုန်းကြီးကျောင်းအတွင်းဝင်ရောက်ဖို့ ကြိုးပမ်းတာကိုပိတ်ဆို့ထားပါတယ်။

ထိုင်းအစိုးရကဆရာတော်ဓမ္မချာယိုဟာဘုန်းကြီးကျောင်းအတွင်းပုန်းနေတယ်လို့ သံသယရှိနေပါတယ်။  ထိုင်းစစ်အစိုးရ ဟာ ဘုန်းကြီးကျောင်း နဲ့ ပတ်ဝန်းကျင်အရပ်ရပ်ကို ထိန်းချုပ်နယ်မြေအဖြစ် အမိန့်ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ဘုန်းကြီးကျောင်းအတွင်းက ဘုန်းတော်ကြီးတွေက ဆရာတော်တွေ ဟာအမှားအယွင်းတစ်စုံတရာမလုပ်ထားဘူးလို့ တုံ့ပြန်ထားပါတယ်။

ZMO
ref bangkokpost
#MHM

No comments:

Post a Comment