Latest News

Saturday, February 11, 2017

ပင်လုံစာချုပ် လက်မှတ်ရေးထိုးကြသည့် ကိုယ်စားလှယ်များ၏ မိသားစုဝင်များ ပင်လုံသို့ရောက်ရှိ



(ပင်လုံ၊ ဖေဖော်ဝါရီ ၁၁)

ရှမ်းပြည်နယ်(တောင်ပိုင်း)ပင်လုံမြို့တွင်ကျင်းပမည့် နှစ်(၇၀)မြောက်ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်ရန် ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့သည့် ကိုယ်စားလှယ်များ၏ မိသားစုဝင်များ ပင်လုံပြည်ထောင်စု ကျောက်တိုင်သို့ ဖေဖော်ဝါရီလ ၁၁ ရက် နေ့က ရောက်ရှိလာကြောင်းသိရသည်။

၁၉၄၇ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ပင်လုံမြို့၌ တောင်တန်းပြည်မ ပူးပေါင်းရေးစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ ၊ လူထုကိုယ်စားလှယ်များက လွတ်လပ်ရေးအရယူရန် ပင်လုံစာချုပ်ကို အောင်မြင်စွာချုပ်ဆိုနိုင်ခဲ့ပြီး ယင်းနေ့ကို ပြည်ထောင်စုနေ့အဖြစ်သတ်မှတ်ခဲ့သည်။ ယခု ၂၀၁၇ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့သည် နှစ်(၇၀)မြောက်ပြည်ထောင်စုနေ့အဖြစ်ရောက်ရှိလာပြီဖြစ်သည်။


ယခုနှစ် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပင်လုံစာချုပ်ချုပ်ဆိုခဲ့သည် ကိုယ်စားလှယ်များ၏ မိသားစုဝင်များလည်းတက်ရောက်လာကြရာ ကိုယ်စားလှယ်များ၏ မိသားစုဝင်များက မိမိတို့အားဖိတ်ကြား၍တက်ရောက်လာကြကြောင်း ၊ မိမိတို့၏ အဖေ၊ အဖိုးများ၏ရုပ်ပုံများဖြင့် ပင်လုံကျောက်တိုင်တွင် ယခုကဲ့သို့ ဂုဏ်ပြုထားခြင်းကြောင့် ၀မ်းသာပီတိဖြစ်ရပါကြောင်း ၊ မိမိတို့၏ မိဘများအား ပြန်လည်ဆုံတွေ့ရသလိုဖြစ်မိပါကြောင်း ၊ ထူးခြားတဲ့ ပန်းချီပုံများဖြင့် စီမံထား၍ အသက်ဝင်ရှိလှပါကြောင်း ၊ ရင်ထဲတွင်ဖော်မပြတတ်အောင် ၀မ်းသာပီတိဖြစ်ရပါကြောင်း ၊ ဒီလို လာရောက်နိုင်အောင်စီစဉ်ပေးပါသော နိုင်ငံတော်ကိုလည်း ကျေးဇူးတင်ပါကြောင်း ၊ ရှမ်းပြည်နယ် ပင်လုံမြို့၌ ပင်လုံကျောက်တိုင်နှင့် ကိုယ်စားလှယ်များ၏ရုပ်ပုံပါပန်းရုံ များဖြင့် စီမံထားရှိသည်မှာ သတင်းစာ ၊ ဂျာနယ်များတွင်မြင်တွေ့ရပါသော်လည်း မိမိတို့ အနေဖြင့် ရောက်ဖူးချင်ခဲ့ပါသော်လည်း မရောက်ဖြစ်ခဲ့ပါကြောင်း ၊ ယခုလို နိုင်ငံတော်အစီအစဉ်ဖြင့် ရောက်ရှိအောင်ဆောင်ရွက်ပေးသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း ၊ မိမိတို့၏သားစဉ်မြေးဆက်များ ထာဝရဂုဏ်ယူနေရမည်ဖြစ်ကြောင်း ၊ကိုယ်စားလှယ်ကြီးများ၏မိသားစုဝင်အချင်းချင်း ယခင်က တစ်ကြိမ်တစ်ခါမျှ မတွေ့ဖူး မမြင်ဖူးကြသော်လည်း ယခုလို ပင်လုံမြို့မှ မြင်တွေ့ကြသော်လည်း သွေးရင်းသားချင်း ညီရင်းအစ်ကို မောင်နှဆွေမျိုးများဖြစ်ပါကြောင်း ၊ ကိုယ်စားလှယ်ကြီးများ၏ ရုပ်ပုံကို အသက်ဝင်အောင် ထုဆစ်ပုံဖော်ပေးပါသော အသိပညာရှင် အတတ်ပညာရှင် ၊သုခုမပညာရှင်များကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ၊ နောင်နှစ် များတွင်လည်း မိမိတို့အစီအစဉ်အဖြစ် လာရောက် နိုင်အောင် ကြိုးစားသွားမည်ကြောင်း စသည်ဖြင့် ရင်တွင်းစကားများကြားသိခဲ့ရသည်။

Kanbawza Tai News Journal
https://www.facebook.com/kanbawzatai/

No comments:

Post a Comment

Blog Archive