Latest News

Sunday, February 26, 2017

လူသတ်သော ဘာသာရေးသမားများ(ကိုဇေယျာဖြိုးက ကျွန်တော်တို့ အပေါင်းအသင်းထဲမှာဆိုရင် ဘာသာရေးတော်တော်လိုက်စားတယ်)


‘‘ကိုဇေယျာဖြိုးက ကျွန်တော်တို့ အပေါင်းအသင်းထဲမှာဆိုရင် ဘာသာရေးတော်တော်လိုက်စားတယ်။ အေးဆေးနေတယ်။ အောင်ဝင်းခိုင်ကလည်း ကိုဇေယျာဖြိုးလောက် မလုပ်ပေမယ့် သူလည်းဘာသာရေးသမားတစ်ယောက်ပါပဲ’’

Byဟိန်းသာအောင်ကျော်ဇင် Sat, 2017-02-25 09:52Issue No.No.1375 Saturday, February 25, 2017

တရားလွှတ်တော်ရှေ့နေ ဦး ကိုနီ လုပ်ကြံခံရမှုနှင့်ပတ်သက်၍ ကိုဇေယျာဖြိုးနှင့် ကိုတင်ထွန်း အောင်တို့ကို ဖမ်းဆီးခံခဲ့ရသည် ဟု သတင်းများ ထွက်ပေါ်နေ သည်။ သို့သော် ကိုဇေယျာဖြိုးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သော်လည်း ကိုတင်ထွန်းအောင် ဖမ်းဆီးအရေးယူခံရခြင်းမရှိကြောင်းကာယကံရှင်က 7Day Daily အား ပြော သည်။

တာမွေလေးမြို့နယ် မင်္ဂလာ လမ်းတွင်နေထိုင်သူ ကိုဇေယျာ ဖြိုးကို ရန်ကင်းမြို့နယ် ကျောက် ကုန်း ကျောင်းကြီးဘုန်းကြီး ကျောင်းတွင် ဘုန်းကြီးဝတ်နေစဉ် ဇန်န၀ါရီ ၃ ရက်က လူဝတ်လဲ ဖမ်းဆီးခဲ့သည်။ ဖေဖော်ဝါရီ ၄ ရက်တွင် ရဲတပ်ဖွဲ့က ကိုဇေယျာဖြိုးကို ခေါ်ဆောင်လာပြီး ၎င်းပိုင်ဆိုင်သော Zeyar Phyo ဆောက်လုပ်ရေးကုမ္ပဏီနှင့် ရတနာကုမ္ပဏီများတွင် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါကုမ္ပဏီ နှင့် နီးစပ်သူများထံမှ စုံစမ်းသိရ သည်။ ဖေဖော် ၀ါရီ ၂၄ ရက်တွင် အဆိုပါကုမ္ပဏီများ ပိတ်ထားသည်ကို တွေ့ရသည်။

ကိုတင်ထွန်းအောင်မှာ ပြည် တွင်းရှိ SHOGUNကုမ္ပဏီ ဥက္ကဋ္ဌ ဖြစ်ပြီး အဆိုပါကုမ္ပဏီသည် ကုန် သွယ်ရေး၊ ဆောက်လုပ်ရေး၊စက်ရုံစသော လုပ်ငန်းများကို အဓိက လုပ်ကိုင်သောကုမ္ပဏီဖြစ်သည်။ ကိုတင်ထွန်းအောင်မှာ ကိုဇေယျာ ဖြိုးအပါအ၀င် ဦးကိုနီလုပ်ကြံမှု တွင် နောက်ကွယ်မှခိုင်းစေခဲ့သူ အောင်ဝင်းခိုင်တို့နှင့် ရင်းနှီးခဲ့ သူဖြစ်၍ ရဲတပ်ဖွဲ့က သုံးကြိမ်တိုင် စစ်ဆေးမေးမြန်းရန် ခေါ်ဆောင် ပြီး ဖမ်းဆီးခံခဲ့ရခြင်း မဟုတ် ကြောင်း 7Day Daily အားပြော ကြားခဲ့သည်။ ကိုတင်ထွန်းအောင် ကို ကိုဇေယျာဖြိုး၊ အောင်ဝင်း ခိုင်တို့နှင့် ရင်းနှီးသည့်အကြောင်း နှင့် ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်း သည့် အကြောင်းအရာအချို့ကို ၎င်း၏နေအိမ်သို့ 7Day Daily က သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါ သည်။

ကိုဇေယျာဖြိုး၊ အောင်ဝင်းခိုင်တို့နဲ့ ဘယ်လိုရင်းနှီးခဲ့တာလဲခင်ဗျ။

ကိုဇေယျာဖြိုးကို ကျွန်တော် တို့ ၉၆၊ ၉၇ လောက်ကတည်းက မေမြို့မှာနေကတည်းက သိတာ ပါ။ ကျွန်တော်တို့က ရှမ်းတရုတ် ပါ။ သူကလည်း တရုတ်စပ်တယ်။ အဲဒီတုန်းက ကျွန်တော့်အမေဆီ မှာ တရုတ်စာလာသင်ရင်းနဲ့ ရင်းနှီးတာပါ။ ကျွန်တော်သိသလောက် တော့သူကထောက်လှမ်းရေးတပ် ရေကြည်အိုင်မှာ နည်းပြ လုပ်ဖူး တယ်ဆိုတာတော့ သိတယ်။ ရန်ကုန်ရောက်တော့လည်း စီးပွားရေးနဲ့ဆက်စပ်ပြီး ခင်မင်တယ်ပေါ့။ ကျွန်တော့်ကုမ္ပဏီက တပ်မ တော်နဲ့ ပြည်ထဲရေးကို ပစ္စည်း တွေ သွင်းတဲ့အလုပ်မှာ သူကူညီ ဖူးတာတွေ ရှိပါတယ်။ အောင် ၀င်းခိုင်နဲ့တော့ ကိုဇေယျာဖြိုးနဲ့ ပတ်သက်ပြီးခင်မင်တာပါ။ ဒုဗိုလ် မှူးကြီးဟောင်းလို့ သိတယ်။ ကျွန် တော်နဲ့သိတော့ သူအငြိမ်းစားယူ သွားပြီ။ လက်ဖက်ရည်ဆိုင်ထိုင် ရင်းနဲ့ ခင်မင်တာကြာပါပြီ။ သူအ ကူအညီတောင်းလို့ သူ့သားအ ကြီးကိုတောင် ကျွန်တော့်ကုမ္ပဏီ မှာ အလုပ်ခန့်ထားပါတယ်။

အောင်ဝင်းခိုင်ကိုနဲ့ ကိုဇေယျာဖြိုးကို နောက်ဆုံးဘယ်အချိန်ကတွေ့ခဲ့တာလဲ။ ကိုဇေယျာဖြိုး အဖမ်းခံရတော့ကော ဘယ်လိုသိခဲ့လဲ။

အောင်ဝင်းခိုင်ရဲ့ သားက ကျွန်တော်တို့ရုံးမှာ လုပ်နေတာ ဆိုတော့ ဇန်န၀ါရီ ၃၀ ရက်က ဖုန်းဆက်တယ်။ ဦးကိုနီကိစ္စနဲ့ ပတ်သက်ပြီးတော့ အိမ်မှာမွှေ နှောက်ရှာသွားတယ်ပေါ့နော်။ အမေ့ကိုလည်း ရဲတွေခေါ်သွား တယ်ဆိုပြီး ပြောတယ်။ အဲဒီမ တိုင်ခင်ကလည်း မတွေ့တာတော့ လပိုင်းကြာပြီ။ ကိုဇေယျာဖြိုးကို တော့ သုံးရက်နေ့ ဘုန်းကြီး ကျောင်းမှာရဲတွေဝင်ဖမ်းသွား တယ်ဆိုတာ သူငယ်ချင်းတွေ ပြောလို့ ၄ ရက်နေ့မှာ သိရတယ်။ ကိုဇေယျာဖြိုးနဲ့က လွန်ခဲ့တဲ့ သုံးလကတပ်မတော်ကို ပစ္စည်းတစ်ခု သွင်းရင်းစကားနည်းနည်းများ ဖူးတယ်။ အဲဒီတင်ဒါက သူအောင်ထားတာ၊ နောက်ကျွန်တော်က နိုင်ငံခြားပစ္စည်းမှာပေးရင်း ပစ္စည်းကြောင့် စကားများကြတာပေါ့။ အဲဒီကတည်းက မတွေ့ဖြစ်တာပါ။

အစ်ကို့ကို ရဲတပ်ဖွဲ့ကဘာကြောင့် ခေါ်ယူစစ်ဆေးမေးမြန်းတာလို့ ထင်လဲ။ ဘယ်နေ့တွေကလဲ။

ကျွန်တော်က သူတို့နဲ့လုပ် ငန်းပိုင်းရော၊ လူချင်းရောရင်းနှီး တယ်။ ပြီးတော့ တာမွေထဲက မော်ဒန်လက်ဖက်ရည်ဆိုင်မှာ အ မြဲထိုင်ဖြစ်တယ်။ ကျွန်တော့်ကို ခေါ်စစ်တာကတော့ ၅ ရက်နေ့မှာ တစ်ခါ၊ ပြီးတော့ ၁၉ ရက်နေ့မှာ တစ်ခါ၊ ၂၀ ရက်နေ့မှာတစ်ခါ သုံးခါခေါ်စစ်တယ်။ SB ကခေါ် စစ်တာ၊ အဖမ်းခံရတာတော့ မ ဟုတ်ပါဘူး။ ကျွန်တော်က စီးပွား ရေး သက်သက်ပဲလုပ်တာ၊ စီးပွား ရေးသမားပါ။

အစ်ကို့ကို စစ်ဆေးတဲ့အခါဘာ တွေမေးမြန်းပြီးပြောဖြစ်ခဲ့လဲ။

ကျွန်တော့်လုပ်ငန်းတွေအ ကြောင်းမေးတယ်။ အခုက ဘာ လုပ်နေလဲပေါ့။ ပြီးတော့ အောင် ၀င်းခိုင်ကို သိန်းတစ်ထောင်ပေး တာလားဆိုတာမျိုး ထောက်ပြီး မေးခွန်းတွေမေးတယ်။ ရင်းနှီးတဲ့ အကြောင်းအရာတွေမေးတယ်။ ကျွန်တော်က အောင်ဝင်းဇော်ကို လည်းမသိပါဘူး။ ကြည်လင်းကို လည်း မသိပါဘူး။ အောင်ဝင်းခိုင် မှာ ညီအစ်ကိုတွေများတာပဲသိ တယ်ပေါ့။ ကိုဇေယျာဖြိုးနဲ့ ငွေ ကြေးအလုပ်ကိစ္စတွေ ဘယ်လို လုပ်ထားတာရှိလဲဆိုတာတွေမေး မြန်းတာပေါ့။ ဒါပေမဲ့ ကျွန်တော် တို့ အလုပ်ကိစ္စကလွဲပြီး ကျန်တဲ့ ငွေကြေးအရှုပ်အရှင်းမရှိပါဘူး။

သတင်းတွေမှာရေးသားနေကြ တာ အစ်ကိုက အဖမ်းခံရပြီး အစ် ကို့ဆီမှာ ထောက်လှမ်းရေးအကူ ပြုကတ်တွေ့တယ်လို့ ပြောကြ တယ်။ အစ်ကိုက တပ်ထဲမှာကော တာဝန်ထမ်းဆောင်ဖူးတာလား။ တခြားအဆက်အဆံကောရှိလား။

သတင်းတွေရေးတာ ကျွန် တော်မနေ့က (ဇန်န၀ါရီ ၂၃ရက်) မှစတွေ့တာဗျ။ တော်တော်လန့် သွားတယ်။ ညကဆိုအိပ်လို့ တောင်မရဘူး။ ကျွန်တော်တပ်ထဲ လည်း တာဝန်ထမ်းဆောင်ဖူးတာ မရှိပါဘူး။ ထောက်လှမ်းရေးကတ် လည်းမရှိပါဘူး။ ကျွန်တော် တောင် သူငယ်ချင်းတွေကို နောက်နေတာ ကက်ဆိုလို့ ရွှေတိ ဂုံဘုရားကို တက်တဲ့ကတ်နဲ့ ယာဉ် မောင်းလိုင်စင်ကတ်ပဲရှိတာလို့။ တခြားပတ်သက်မှုကတော့စီးပွား ရေးနဲ့ပတ်သက်ပြီး ရှိတယ်လို့ဆို နိုင်ပါတယ်။ ကျွန်တော်က တပ်မ တော်ကို ပစ္စည်းတွေနိုင်ငံခြားက မှာသွင်းတယ်။ အခုပြည်ထဲရေး က မီးသတ်ကားတော်တော်များ များ ကျွန်တော်သွင်းထားတာပါ။

အခု အောင်ဝင်းခိုင်က ဦးကိုနီ လုပ်ကြံမှုမှာပါဝင်တယ်ဆိုပြီး သတင်းထုတ်ပြန်ထားပြီး ကိုဇေ ယျာဖြိုးကိုလည်း ဖမ်းဆီးထား တယ်ဆိုတော့ သူနဲ့ပတ်သက်ပြီး ဘာမှတ်ချက်ပေးချင်လဲ။

သမ္မတရုံးကသတင်းထုတ် ပြန်တုန်းက (ဇန်န၀ါရီ ၁၅ ရက်) ကျွန်တော်က နိုင်ငံခြားမှာရောက် နေတယ်။ လေဆိပ်က အောင် ၀င်းခိုင်ရဲ့ပုံတွေကို ကျွန်တော့်မိန်း မက လှမ်းပို့ပေးမှ တွေ့ရတာ။ ကျွန်တော်အောင်ဝင်းခိုင် သတင်း ကို စကြားကြားတုန်းက ယုံ တောင်မယုံနိုင်ဘူး။ ဟုတ်မှဟုတ် လားပေါ့။ မထင်ထားဘူး။ တော် တော်ယုံရခက်တယ်။ ဒီလူက ခင် ဖို့တော်တော်ကောင်းတယ်။ ပေါင်းလို့သင်းလို့ကောင်းတယ်။ ခရီးတွေဘာတွေ အတူထွက်ဖူး တော့ နည်းနည်းသူ့စိတ်ဓာတ် လေးကို သိတယ်။ ဘယ်လိုပတ် သက်လဲဆိုတာကိုလည်း တွေးလို့ ကိုမရဘူး။ ကိုဇေယျာဖြိုးက ကျွန် တော်တို့အပေါင်းအသင်းထဲမှာ ဆိုရင် ဘာသာရေး တော်တော် လိုက်စားတယ်။ အေးဆေးနေ တယ်။ အောင်ဝင်းခိုင်ကလည်း ကိုဇေယျာဖြိုးလောက်မလုပ်ပေ မယ့် သူလည်း ဘာသာရေးသမား တစ်ယောက်ပါပဲ။

ဖြည့်စွက်ပြီးတော့ပြောချင်တာ များရှိသေးလား။

အခုကျွန်တော့်ကို ထောက် လှမ်းရေးကတ်တွေ့တယ်။ ဖမ်းခံ ရတယ်ပြောနေတော့ ကျွန်တော့် လုပ်ငန်းပိုင်းမှာ နည်းနည်းထိခိုက် မှုရှိတယ်။ ပြီးတော့ ဂုဏ်သိက္ခာ ပိုင်းလည်း ထိခိုက်တယ်ပေါ့။ ပြန် တုံ့ပြန်ဖို့တော့ မစဉ်းစားပါဘူး။ ကျွန်တော်က စီးပွားရေးသမား သက်သက်ပါ။ နိုင်ငံရေးလည်း စိတ်မ၀င်စားပါဘူး။ သတင်းက တော့ မှားနေတာပေါ့နော်။ အမှန် တရားဆိုတာတစ်နေ့ကျရင် ပေါ် ပေါက်လာမှာပေါ့။ အကြွေးရှိလို့ ပြန်ဆပ်ရတယ်ပဲ သဘောထား ပါတယ်။ အချိန်တန်ရင် အဖြစ် မှန်ပေါ်ပေါက်လာမှာပါ။ ပြန် လည်မဖြေရှင်းချင်ပါဘူး။

#7 Day daily

No comments:

Post a Comment